Monday, December 19, 2011

အနာဂါတ် တပ်မတော်ဆိုင်ရာ မိမိတို့အမြင်လေးများ..၎

Smiley said...

လေကြောင်းရန်ကာကွယ်ရေး တပ်မဟာများ ( x ၅ )

အခုလက်ရှိမှာလည်း ကျွန်တော်တို့ လေကြောင်းရန်ကာကွယ်ရေးက အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့ အချို့က ပြောကြပါတယ်။ ကျွန်တော်ကတော့ S-300 တွေရှိတဲ့ ဗီယက်နမ်က ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း S-300/400 တွေ HQ-9/20 တွေ Patriot PAC-3 တွေစတဲ့ Long Range Air Defense System တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရှိရင်ကောင်းမှာပဲ။ ဒါပေမယ့် လက်တွေ့ကျကျ စဉ်းစားကြည့်ရင် မဖြစ်နိုင်သေးပါဘူး။ လက်ရှိ S-75 တွေ S -125 တွေကတော့ စစ်စဖြစ်တာနဲ့ သူတို့က စအဖျက်ဆီးခံရဖို့ ရှိပါတယ်။ လှုပ်ရှားနိုင်စွမ်းမှမရှိတာ။ သူတို့ကို ကာကွယ်ဖို့ ကျောက်တောင်တွေဖောက်ပြီးတော့ ထားရရင်လည်း ဆင်ဖိုးထက်ကို ချွန်းဖိုးကကြီးတော့မှာ။


တာလတ်ပစ် 9K12 Kub တွေ 9K37 Buk တွေကတော့ အချို့ကလည်းရှိတယ်တဲ့ ၊ အချို့ကလည်းမရှိဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ဒီလောက်တော့ ရှိအောင်လုပ်ရမှာပါ။ 9K331Tor တွေ 9K22 Tunguska တွေ နဲ့တင်ကတော့ အလုပ်မဖြစ်တာ အရှင်းကြီးပါ။ ရေတပ်မှာလည်း FAC တွေမှာ 9K38 Igla (SA-18) ၊ Corvette တွေမှာ 3K95 Kinzhal ( Naval Version of Tor )၊ Frigate တွေမှာ 3S90 Urgan ( Naval Version of Buk ) တပ်နိုင်အောင်ကြိုးစားရမှာပါ ဒီမှာတော့ ဒုံးကျည်တန်ဖိုးက သဘောင်္တန်ဖိုးနဲ့စာရင် ဘာမှမရှိပါဘူး။ နောင်တစ်ချိန်မှာတော့ Destroyer တွေရှိလာပြီးတော့ S-300 FM တွေတပ်နိုင်လာရမှာပေါ့ မျှော်လင့်ပါတယ်။


နောက်တစ်ခုက လေကြောင်းရန်ကာကွယ်ရေးကို တပ်မတော် (လေ) အောက်မှာထားတာနဲ့ တပ်မတော် (ကြည်း) အောက်မှာထားတာ ဘယ်ဟာပိုကောင်းမလဲပေါ့။ လေတပ်အောက်မှာထားရင် ကြားဖြတ်တိုက်လေယာဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု ပိုကောင်းပြီး မြန်မာ့ဝေဟင်ကို ကာကွယ်နိုင်စွမ်းပိုကောင်းလာမှာပါ။ ဒါပေမယ့် ကြည်းတပ်က ထိုးစစ်ဆင်တဲ့အခါ ( သူများနိုင်ငံ့ထဲကို ) လိုက်ပါ ကာကွယ်နိုင်စွမ်းတော့ လျော့သွားမှာပေါ့။ ကြည်းတပ်အောက်မှာထားရင်တော့ ပြောင်းပြန်ပေါ့။


ကျွန်တော်ကတော့ လေကြောင်းရန်ကာကွယ်ရေးကို လေတပ်အောက်မှာထားပြီးတော့ ၊ လေတပ် အုပ်စုကြီး ( Group ) တွေကို ကြည်းတပ် တပ်မကြီးတွေနဲ့ တွဲဖက်ထားရင် ကောင်းမယ်လို့ထင်ပါတယ်။ ခံစစ်ဆိုရင် လေကြောင်းရန်ကာကွယ်ရေးတပ်တွေနဲ့ လေယာဉ်တွေပူးပေါင်းကာကွယ်မယ်။ ထိုးစစ်ဆိုရင် ခြေလျင်၊ သံချပ်ကာနဲ့တွဲလိုက်သွားမယ်။ ရှေ့တန်းလေယာဉ်ကွင်းတွေကို အင်ဂျင်နီယာတွေ ပြင်ဆင်ပြီးတာနဲ့ လေတပ်ပါလိုက်လာမယ်။


ဖွဲ့စည်းပုံ

- တပ်မဟာဌာနချုပ်


- ဆက်သွယ်ရေးတပ်ခွဲ


- တာလတ်ပစ်တပ်ရင်း ( x ၂ )
o ကွပ်ကဲမှုယာဉ်
o ပစ်မှတ်ရှာရေဒါ 9S18M1 Snow drift
o ဒုံးတပ်ခွဲ ( x ၃ ) ၊ တစ်ခွဲကို Buk TELAR နှစ်စီး၊ TEL reload တစ်စီး (ကုန်ကျစရိတ် သက်သာချင်ရင်တော့ Buk TELAR တစ်စီးနဲ့ Kub TEL နှစ်စီးပေါ့။ Buk နဲ့ Kub တွေက အတူတူအလုပ်လုပ်နိုင်ပါတယ်။ Buk TELAR ရဲ့ရေဒါက Kub TEL ကိုကူပေးရမှာပေါ့။ Kub တွေချည်းသပ်သပ်ဆိုရင်တော့ ပင်မရေဒါ central radar တစ်ခုတည်းကို ဒုံးပစ်ယာဉ်တွေ အားလုံး မှီခိုနေရမှာ စိုးရိမ်လို့ပါ။ ) ကုန်ကျစရိတ်ကတော့ တပ်ခွဲတစ်ခွဲကို US$ 25 M ပါ။



- တာတိုပစ်တပ်ရင်း ( x ၂ )
o ဌာနချုပ်တပ်ခွဲ
o ဒုံးတပ်ခွဲ ( x ၃ ) ၊ တစ်ခွဲကို Tor M-1 TLAR လေးစီး၊ ကွပ်ကဲမှုယာဉ် တစ်စီး ( wiki မှာတော့ ကျွန်တော်တို့ဆီမှာ ၈၅ စီးလို့ပြထားတယ်။ Russia ၁၂၀ ပြီးရင်အများဆုံး အသုံးပြုသူပဲ။ ) ကုန်ကျစရိတ်ကတော့ တပ်ခွဲတစ်ခွဲကို US$ 16 M ပါ။



- ကြိုတင်သတိပေးရေဒါတပ်ခွဲ ( များ ? )
o ဖြစ်နိုင်ရင်တော့ S-300 system ရဲ့ 64N6 Big Bird ပေါ့ဗျာ။ မဖြစ်နိုင်သေးရင်လည်း လက်ရှိ Galaxy , 1L117 , P-3- တွေပေါ့။ သိပ်တော့အားမရဘူးပေါ့။ S-300 system တစ်ခုလုံး မ၀ယ်နိုင်သေးရင်တောင် 64N6 ရေဒါလောက်တော့ ဖြစ်အောင်ဝယ်စေခြင်တယ်။ ဒါမှ ထောက်လှမ်းနိုင် surveillance လုပ်နိုင်တဲ့ အကွာအဝေးပိုလာမှာပါ။

- တာဝေးပစ်တပ်ရင်း
o ခုချက်ချင်းလုပ်ဖို့ မဟုတ်ပေမယ့် နောင်တစ်ချိန်မှာတော့ ရှိလာရမှာပေါ့။
o ကွပ်ကဲမှုယာဉ်
o ပစ်မှတ်ရှာရေဒါ
o ဒုံးတပ်ခွဲ ( x ၃ ) ၊ တစ်ခွဲကို S-300 ဒုံးပစ်ယာဉ် launcher နှစ်စီး၊ တန်ဖိုးက တပ်ရင်းတစ်ရင်းကို US$ 150 M


ဒုံးပစ်ယာဉ်အမျိုးအစားများ
TELAR Transporter, Erector , Launcher and Radar ၊ Buk စနစ်မှာသုံးပါတယ်။ ဒုံးကျည်လေးစင်းပါပြီး ကိုယ်ပိုင် ရေဒါပါ ပါပါတယ်။
TEL Transporter, Erector, Launcher ၊ Kub system မှာသုံးပါတယ်။ ဒုံးကျည်သုံးစင်းပါပြီး ရေဒါမပါပါ။ ဒါကြောင့် ပင်မရေဒါကို မှီခိုရပါတယ်။
TEL reload Transporter, Erector, Launcher reload ၊ Buk system မှာသုံးပါတယ်။ ဒုံးကျည်လေးစင်းပါပြီး သူကိုယ်တိုင် ပစ်နိုင်တဲ့အပြင် TELAR ကိုပါ ကျည်ထိုးပေးနိုင်ပါတယ်။ ကျန်တဲ့ စနစ်တွေမှာတော့ ကရိန်းပါတဲ့ ထရပ်ကားတွေနဲ့ ကျည်ထိုးရပါတယ်။
TLAR Transporter, Launcher and Radar ၊ Tor system မှာသုံးပါတယ်။ ဒုံးကျည်ရှစ်စင်းနဲ့ ရေဒါပါပါတယ်။

Smiley said...

အင်ဂျင်နီယာတပ်မဟာ

ကျန်တဲ့ ခြေလျင်၊ သံချပ်ကာ ၊ လေကြောင်းချီ စတဲ့ တိုက်ခိုက်ရေးတပ်မဟာတွေမှာ အင်ဂျင်နီယာတပ်ခွဲ Battlefield Engineer တွေ ထည့်ထားရမှာဖြစ်တဲ့ အပြင် သီးသန့် အင်ဂျင်နီယာတပ်မဟာတွေလည်း လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီတပ်တွေကတော့ အကြီးစားဆောက်လုပ်မှုတွေကို တာဝန်ယူရမည့် ဆောက်လုပ်ရေးအင်ဂျင်နီယာ Garrison Engineer တွေပေါ့။ သူတို့က တပ်မကြီးတွေရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာ ရှိနေပြီးတော့ တပ်မကြီးကို သဘာဝနဲ့ လူလုပ် မဟာဗျူဟာ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ စွမ်းရည်ပေးမှာပါ။

• တပ်မဟာဌာနချုပ်

• ဆက်သွယ်ရေးတပ်ခွဲ

• ဗုံးရှင်းလင်းရေးတပ်ခွဲ
o မိုင်းစစ်ဆင်ရေးကို BE တွေက လုပ်နိုင်မှာ ဖြစ်ပေမယ့် ရှပ်ထွေးတဲ့ ဗုံးရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်နိုင်ဖို့ဆိုတာကတော့ လက်တွေ့မကျပါဘူး။ လေ့ကျင့်ရေးဝန်တွေ မလိုအပ်ပဲ များလာလိမ့်မယ်။ ဒီတော့ အထူးတပ်တစ်မျိုးအနေနဲ့ ဒီတပ်ခွဲတွေကို ဖွဲ့စည်းလေ့ကျင့်ထားရမှာပါ။ ငြိမ်းချမ်းစဉ်ကာလမှာလည်း မြို့ပြမှာ ရဲတပ်ဖွဲ့ကို ကူညီနိုင်တာပေါ့။ ဒီတပ်ခွဲက အဖွဲ့ငယ်အဆင့် စစ်သည်သုံးယောက်အထိ ခွဲထုတ်စစ်ဆင်နိုင်ရမှာပါ။

• တိုင်းတာရေးအင်ဂျင်နီယာတပ်ခွဲ
o ဒါလည်း အရေးကြီးတဲ့ အထူးတပ်တစ်မျိုးပဲခင်ဗျ။ အနည်းဆုံးအဆင့် မိမိစိုးမိုးဒေသရဲ့ မြေမျက်နှာသွင်ပြင်ကို နောကျေအောင်သိနေရမည်လေ။ ရန်သူနယ်မြေကို ထိုးဖောက်ဝင်ရောက်တဲ့ အခါမှာတော့ ဒီတပ်တွေဟာ ပထမဦးဆုံး ၀င်ရောက်ရတဲ့ တပ်တွေထဲက တစ်ခုဖြစ်မှာပါ။ မြေမျက်နှာသွင်ပြင်၊ လမ်းတံတားအခြေအနေ တွေကို သိမှတပ်မကြီးမှူးက မဟာဗျူဟာ ခင်းနိုင်မှာပေါ့။ ငြိမ်းချမ်းစဉ်ကာလ ကတည်းက တိုင်းတာရေးလုပ်ငန်းတွေကို လုပ်ထားရမှာပါ။ ပြည်သူတွေကို အကူအညီပေးနိုင် သလို တပ်ခွဲအတွက်လည်း လက်တွေ့လေ့ကျင့်ခန်း အတွေ့အကြုံပေါ့။

• ဆောက်လုပ်ရေးတပ်ရင်း
o ဌာနချုပ်တပ်ခွဲ
o လမ်းအထူးတပ်ခွဲ ( x ၂ )
o တံတားအထူးတပ်ခွဲ ( x ၂ )
o အထောက်အကူပြုတပ်ခွဲ
 ဒီတပ်ရင်းကတော့ တပ်မဟာရဲ့ အဓိက ဆောက်လုပ်ရေးတပ်ဖွဲ့ ပါပဲ။ စစ်ဖြစ်နေစဉ် ပစ်ခတ်နေစဉ်မှာကို တည်ဆောက်နိုင်ရမှာပါ။ ဒုတိယကမ္ဘာစစ်ကြီးကာလက လီဒိုလမ်းမကြီး ဆောက်ခဲ့တဲ့ မဟာမိတ်အင်ဂျင်နီယာတွေလိုပေါ့။ ဖြစ်နိုင်ရင် ငြိမ်းချမ်းစဉ်ကာလမှာကတည်းက နိုင်ငံ့တော်ရဲ့ ပရောဂျက်တွေကို ၀င်လုပ်ပေးရင်း အတွေ့အကြုံယူရမှာပေါ့။

• ဆောက်လုပ်ရေးအထောက်အကူပြုတပ်ရင်း
o ဌာနချုပ်တပ်ခွဲ
o လျှပ်စစ်စွမ်းအားအင်ဂျင်နီယာတပ်ခွဲ
o လောင်စာဆီအင်ဂျင်နီယာတပ်ခွဲ
o ရေအရင်းအမြစ်အင်ဂျင်နီယာတပ်ခွဲ
 ဒီတပ်ရင်းက ဆောက်လုပ်ရေးတပ်ရင်း လိုသမျှ အထောက်အကူတွေကို ပေးရမှာပါ။ နောက်တန်းမှာ ဆိုရင်လည်း တပ်စခန်းတွေ လိုသမျှ ဆောက်လုပ်ရေး အထောက်အကူတွေကို ဒီတပ်က ပေးမှာပေါ့။

အင်ဂျင်နီယာတပ်မဟာဆိုတော့ အင်ဂျင်နီယာယာဉ်တွေလိုလာမှာပေါ့။ ဒီတပ်မဟာတွေမှာ လိုလာမယ့်ယာဉ်တွေက အရပ်ဘက်အင်ဂျင်နီယာလုပ်ငန်းသုံးယာဉ်တွေနဲ့ အတူတူပဲဖြစ်မှာပါ။ သံချပ်ကာတပ်က အင်ဂျင်နီယာတွေလို AEV, AVLB , ARV တွေမလိုတဲ့အတွက် သိပ်အခက်အခဲမရှိလောက်ဘူး ထင်ပါတယ်။ ဒါပေမဲ့ အဲဒီ ယန္တရားကြီးတွေက ဈေးတော့ကြီးတယ်ဗျ။

DM said...

ထောက်လှမ်းရေးတပ်မဟာများ

ဒီခေတ်ကို သတင်းအချက်အလက်စစ်ဆင်ရေးခေတ်လို့ ပြောကြတာဆိုတော့ ကျွန်တော်တို့လည်း ရန်သူ့သတင်းကို မရရအောင်ယူ နောက်ကိုယ့်သတင်းကို ရန်သူ ဘယ်လိုမှမရအောင် လုပ်ရမှာပေါ့။ ပြောင်းပြန်ဖြစ်သွားရင်တော့ စစ်က မတိုက်ခင်ကတည်းက ရှုံးပြီးသားဖြစ်သွားမယ်နော်။ ထောက်လှမ်းရေးတပ်မဟာတွေက တပ်မကြီးတစ်ခုကို တပ်မဟာတစ်ခုဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။

• တပ်မဟာဌာနချုပ်

• ထောက်လှမ်းရေးတပ်ရင်း
o ဌာနချုပ်တပ်ခွဲ
o ထောက်လှမ်းရေးတပ်ခွဲ ( x ၂ )
o တန်ပြန်ထောက်လှမ်းရေးတပ်ခွဲ
 သတင်းဆိုတာက သူများဆီကသာ ယူလို့ကောင်းတာ ကိုယ့်ဆီက ပေးလို့မကောင်းဘူးလေ။

• ကင်းထောက်တပ်ရင်း ( USMC ရဲ့ Division Recon ပုံစံမျိုး )
o ဌာနချုပ်တပ်ခွဲ
o ကင်းထောက်တပ်ခွဲ ( x ၃ )
 ကွန်မင်ဒိုတွေဗျာ။ ရန်သူနောက်တန်းအထိ သွားပြီးကင်းထောက်လုပ်ငန်းတွေ လုပ်နိုင်ရမယ်။ ထောက်လှမ်းရေးကိရိယာတွေ သွားထားမယ်၊ ပြန်ယူမယ်။ ဒါ့အပြင် လိုအပ်ရင် တန်ဖိုးမြင့်ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးရမယ်။ ရန်သူခေါင်းဆောင်တွေကို လုပ်ကြံရမယ်။ ဓားစာခံကယ်ဆယ်ရေးတွေကလည်း သူတို့တာဝန်ပဲဗျာ။

• စိတ်ဓါတ်စစ်ဆင်ရေးနှင့် ပြည်သူ့ဆက်ဆံရေးတပ်ရင်း
o ဌာနချုပ်တပ်ခွဲ
o ဆက်ဆံရေးတပ်ခွဲ
 ဒါကတော့ တပ်မတော်နဲ့ ပြည်သူကြား အမြင်စောင်းမှုတွေ ဖြစ်မလာအောင်၊ နောက်ပြည်သူ့ ထောက်ခံမှုအပြည့်အ၀ ညှိနှိုင်းနိုင်အောင် လုပ်ပေးမယ့် တပ်ပေါ့။
o ပြန်ကြားရေးတပ်ခွဲ
 မီဒီယာတွေနဲ့ ဆက်ဆံဖို့ပေါ့။ သတင်းထောက်တွေကို ဆက်ဆံဖို့ဆိုတာလည်း မလွယ်ဘူးနော်။ တော်တော်လေးပါးနပ်မှ။ တိုက်ခိုက်ရေးတပ်တွေက လာမဲ့ တပ်မကြီးမှုးတွေကို ဒီနေရာမှာ ကျွမ်းကျင်မယ်လို့ မျှော်လင့်မထားသင့်ပါဘူး။ ကျွန်တော်တို့ ဗိုလ်ချုပ်တွေကို မက်အာသာတို့၊ မက်ခရစ္စတယ်တို့လို အဖြစ်မျိုးတွေ မကြုံစေချင်ပါဘူး။
o စိတ်ဓါတ်စစ်ဆင်ရေးတပ်ခွဲ ( x ၂ )
 ရန်သူတွေ၊ ရန်သူဖြစ်လာနိုင်တဲ့သူတွေ နဲ့ဆက်ဆံဖို့ပေါ့။



ဒီတပ်မဟာအပြင် တပ်မကြီးအတွက် အခြားသော သတင်းအချက်အလက်ရစရာ တပ်ဖွဲ့တွေလည်း ရှိပါတယ်။ သူတို့ကတော့
• ပစ်မှတ်ရှာတပ်ခွဲ ( အမြှောက်တပ်မဟာ )
• ကြိုတင်သတိပေးတပ်ခွဲ (လေကြောင်းရန်ကာကွယ်ရေးတပ်မဟာ )
• တိုင်းတာရေးအင်ဂျင်နီယာတပ်ခွဲ (အင်ဂျင်နီယာတပ်မဟာ )
• အီလက်ထရောနစ်စစ်ဆင်ရေးတပ်ရင်း ( ဆက်သွယ်ရေးတပ်မဟာ )


ဒီတပ်မဟာအတွက် အဓိကလိုအပ်ချက် အခက်အခဲကတော့ လူပဲဗျို့။ ထောက်လှမ်းရေးအတွက် ဦးနှောက်တွေလိုမယ်။ တပ်မတော်မှာ အကောင်းဆုံးထဲက လိုမှာ။ စစ်ကြောရေးဆိုတာ မသင်္ကာတဲ့သူကို ဖမ်းရိုက်ဖို့လောက် သိတဲ့သူလောက်နဲ့တော့ မဖြစ်ပါ။ ဒါ့အပြင် ဘာသာစကားကျွမ်းကျင်သူတွေလည်း ကျွန်တော်တို့မှာ မရှိသေးပါဘူး။ တရုတ် ( မန်ဒရင်း၊ ကန်တုန် )၊ ထိုင်း၊ ဘင်္ဂလီ၊ ဘာသာစကားတွေက ဦးစားပေးပေါ့။ အင်္ဂလိပ်ကတော့ လူတိုင်းပြောနိုင်ရမှာပေါ့။ ဟင်ဒီနဲ့ လာအိုကတော့ သိပ်မလိုလောက်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေတော့ ရှိရမှာပေါ့။

ကင်းထောက်အတွက်လည်း အကောင်းဆုံး၊ အရဲရင့်ဆုံး၊ အကြံခိုင်ဆုံး စစ်သည်တွေလိုမယ်။ အကောင်းဆုံးလည်း လေ့ကျင့်ပေးထားရမယ်လေ။ လေထီးလေ့ကျင့်ပြီးသားဖြစ်ရမယ်။ ရေကူး ရေငုပ်၊ ကားမောင်း၊ အရေးပေါ်ဆေးကု၊ ဖောက်ခွဲရေးတွေ ၊ ဆက်သွယ်ရေးတွေ လေ့ကျင့်ထားရမယ်။ မိမိလက်နက်အပြင် ရန်သူလက်နက်တွေပါ ကျွမ်းကျင်နေရမယ်။ QBZ-95 , QBZ – 03, INSAS, AK-47, AK-74, Type – 81, M-16 , M-4 အားလုံးပေါ့။ ဒီမှာမမေ့ရမှာတော့ လက်နက်ပစ္စည်းဟာ သူ့ကို အသုံးပြုတဲ့ သူလောက်ပဲ ကောင်းနိုင်တယ်ဆိုတာပါပဲ။ A weapon is only as good as its operator.

ပြည်သူ့ဆက်ဆံရေးတပ် အတွက်ကလည်း ဆက်ဆံရေးအကောင်းဆုံး၊ နောက်အရပ်ဖက် လူ့အဖွဲ့စည်းအကြောင်း ကောင်းကောင်းသိတဲ့ (အရပ်ထဲမှာ တပ်ထဲကလို နေ၊ ပြော လို့ကတော့ ရိုင်းတယ်အထင်ခံရမှာ မြေကြီးလက်ခတ်မလွဲပါ ။ နောက်အရပ်ဘက်မှာ တပ်ထဲမှာလို အမိန့်နဲ့ လုပ်လို့မရဘူး။ ညှိရနှိုင်းရတာတွေ အများကြီး) ၊ ဘေးလူအားကျလောက်အောင် ၀တ်တတ်၊ စားတတ်၊ နေတတ်တဲ့ စစ်သည်တွေလိုမှာပေါ့။

လူတွေမှာ Talent လို့ခေါ်တဲ့ နဂိုရှိတဲ့လူတွေရှာ ပြီးတော့ နဂိုင်း ဖြစ်အောင် Training နဲ့ လုပ်ယူရမှာပေါ့။ နဂိုမရှိပဲ နဂိုင်း မထွက်သလို - င်း မရှိပဲလည်း နဂိုင်း ထွက်မလာပါဘူး ။ တပ်မဟာ ၅ ခုစာ လူတွေရှာ ပြီးတော့ လေ့ကျင့်ဆိုတော့ မခက်တောင် မလွယ်တာ သေချာပါတယ်။

Wednesday, November 23, 2011

အနာဂါတ် တပ်မတော်ဆိုင်ရာ မိမိတို့အမြင်လေးများ..၃

Smiley said...

ကို Zeus ရေ ကျွန်တော့်ကို အရေးတယူ ဖြည့်စွက်ဆွေးနွေးပေးလို့ ကျေးဇူးအထူးပါ။ နောက်လည်း ဆွေးနွေးပေးပါဦး။ ကျန်တဲ့ ညီအစ်ကိုတွေရောပေါ့။
ခြေလျင်နဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ရေးတာ သိပ်မရှင်းဘူး ဖြစ်သွားတယ်။ ခြေလျင်ဆိုတာ Infantry အားလုံးကို ခြုံရေးလိုက်တာပါ။ ခြေမြန် Light Infantry ရော၊ ယာဉ်တင်ခြေလျင် Motorized Infantry ရော ၊ သံချပ်ကာယန္တရားတပ် Mechanized Infantry ရော ကိုဆိုလိုတာပါ။ သူများနိုင်ငံ့တွေကလို Mechanized Infantry ကိုဆိုတာမဟုတ်ပါဘူး။ ကျွန်တော်တို့တပ်တွေကတော့ အဓိကအားဖြင့် ခြေမြန်တွေပေါ့။ မြေမျက်နှာသွင်ပြင်အရကော၊ ကုန်ကျစရိတ်ကြောင့်ကောပေါ့။ ယာဉ်တင်ပြောင်းမယ်ဆိုရင် တပ်ရင်းတစ်ရင်းကို truck အစီး ၄၀ လောက် အပြင် High Mobility Vehicle အစီး ၂၀ လောက်ပါလိုမယ်။ လက်နက်ကြီး တပ်ခွဲအတွက်ပေါ့။ ဒါဆိုရင်တော့ Konkrus တွေ Kornet တွေတပ်လို့ရမယ်။
သံချပ်ကာယန္တရားတပ်ကတော့ အစ်ကိုပြောသလိုပဲ ကျွန်တော်တို့ မြေပြင်အတွက် အဆင်မပြေပါဘူး။ ဒါကြောင့် သံချပ်ကာတပ်အောက်မှာ ထည့်ထားတာပဲ ကောင်းပါတယ်။သံချပ်ကာတပ်တွေမှာ AVLB, ARV, AEV စတဲ့ စစ်မြေပြင် အင်ဂျင်နီယာယာဉ်တွေ အများကြီးထည့်ထားတာလည်း ဒါကြောင့်ပါပဲ။ US တပ်တွေထက်များပါတယ်။
လေကြောင်းချီတပ်တွေကတော့ ကျွန်တော် လောဘကြီးသွားတယ်ဗျ။ အစ်ကိုပြောတာ မှန်ပါတယ်။ တပ်မတစ်ခုက များလွန်းပါတယ်။ ကျွန်တော်တို့ မတတ်နိုင်ပါဘူး။ ဒါကြောင့် British 16 Air Assault ပုံစံမျိုး ပြန်ရေးကြည့်ထားပါတယ်။ တပ်မပုံစံကော တပ်မဟာပုံစံကော ရေးထားပါတယ်။ ယှဉ်ဖတ်ကြည့်ပါဦး။

Smiley said...

သံချပ်ကာယာဉ်များ
ချိန်းတပ်ယာဉ်။ ။ သံချပ်ကာတပ်ရင်းများတွင် တပ်ဆင်ထားမည် ဖြစ်ပြီးတပ်မဟာတစ်ခုလျှင် ၁၀၅စီးဖြင့် တပ်မတော်တစ်ခုလုံးအတွက် ၈၅၀ ခန့်။ လက်ရှိ BMP-1 , Type-85,Type-90 နှင့် MT-LB များ၏ အရေအတွက်မှာမလုံလောက်ပါ။ ထပ်မံတည်ဆောက်/ ၀ယ်ယူရပါမည်။ ထို့အပြင် Type-85 နှင့် Type-90 ထို့၏ 12.7 မမစက်သေနတ် အစား BTR-3 ပုံစံ 30 မမစက်အမြှောက်များဖြင့် တပ်ဆင်ရမည်။ ချိန်းတပ်ယာဉ် အင်အားမလုံလောက်သေးချိန်တွင် တင့်ကားတပ်ရင်းများ ( light tank များသို့မဟုတ် obsolete MBTများဖြင့် တပ်ဆင်ထားမည် ) သို့မဟုတ် ဘီးတပ်သံချပ်ကာယာဉ်တပ်ရင်းများဖြင့် ခတ္တအစားထိုး ထားလို့ရမယ် ထင်ပါတယ်။ ဒါ့အပြင် MEV, ARV, AEV , AVLB နှင့် MCV variants များထုတ်လုပ်နိုင် ဖို့လည်း ကြိုးစားရမှာပါ။ ကုန်ကျစရိတ်တော့ နည်းနည်းများမယ် ထင်ပါတယ်။
ဘီးတပ်ယာဉ်။ ။ယန္တယားတပ်ရင်းများတွင် တပ်ဆင်ထားမည် ဖြစ်ပြီးတပ်မဟာတစ်ခုလျှင် ၁၀၁စီးဖြင့် တပ်မတော်တစ်ခုလုံးအတွက် ၈၀၀ ခန့်။ ၂၀၁၃ ခုနှစ်တွင် BTR- 3 အစီး 1000 တည်ဆောက်ရန် စီမံကိန်းရှိရာလိုအပ်သောအရေအတွက် ရရန် အခက်အခဲမရှိနိုင်ပါ။ MEV, ARV, AEV, AVLB, CV နှင့် MCV variants များထုပ်လုပ်နိုင်ရန်သာ ကြိုးစားရမှာပါ။
MEV – Medical Evacuation Vehicle
ARV – Armored Recovery Vehicle (wrench only)
AEV – Armored Engineering Vehicle (dozer and excavator arm)
AVLB – Armored Vehicle Launched Bridge
CV- Command Vehicle
MCV – 120mm Mortar Carrier Vehicle
လေကြောင်းရန်ကာကွယ်ရေးယာဉ် (Self propelledanti aircraft weapon)
တပ်မဟာတစ်ခုလျှင် ၁၂ စီးဖြင့် တပ်မတော်တစ်ခုလုံးအတွက် ၁၀၀ခန့်။ ကျွန်တော်တို့မှာ 9K22Tunguska တွေ ရှိပြီးသားဆိုတော့ ဒါလည်းသိပ်ပြသနာမရှိလောက်ပါဘူး။

Smiley said...

လေထီး/ရဟတ်ယာဉ်ချီတပ်မဟာများ ( ၂ ခုစီ)
ဒီတပ်မဟာတွေကိုတော့ ခြေလျင်နှင့် သံချပ်ကာတပ်ကထူးချွန် စစ်သည်များဖြင့်သာဖွဲ့စည်းထားမယ်လေ။ အထူးတပ်ဖွဲ့ တစ်ပိုင်းပေါ့ဗျာ။ လေ့ကျင့်ထားပုံတော့ မတူဘူးပေါ့ ဒါပေမယ့် ဒီတပ်မဟာ နှစ်မျိုးရဲ့ ဖွဲ့စည်းပုံကိုအတူတူပဲထားမယ်ဗျာ။
-တပ်မဟာဌာနချုပ်
-ဆက်သွယ်ရေးတပ်ခွဲ
-အင်ဂျင်နီယာတပ်ခွဲ
-လေထီး/ရဟတ်ယာဉ်ချီတပ်ရင်း ( x၂)
- ဌာနချုပ်တပ်ခွဲ
- ခြေလျင်တပ်ခွဲ ( x ၃) ၊ တစ်ခွဲကိုခြေလျင်တပ်စု ၃ စု ( တစ်စုကိုစက်လတ် ၂ လက်) + လက်နက်ကြီးတပ်စု ( ၈၄ မမနောက်ပွင့် ၆ လက် နှင့် ၆၀မမ စိန်ပြောင်း ၂ လက်)
- လက်နက်ကြီးတပ်ခွဲ ၊ တင့်ဖျက်ဒုံး ( ကောင်းတာကတော့ 9K115-2 Meits-M တွေပေါ့ဗျာ၊ 9K113 Konkrus or 9K133 Kornetတွေကတော့ လေးလွန်းတယ် ) ၂၀ လက် (လူ ၈၀ လောက်ပဲလိုမှာပါ) + ၈၁ မမစိန်ပြောင်း ၄ လက်
- အမြှောက်တပ်ရင်း
-ဌာနချုပ်တပ်ခွဲ
- အမြှောက်တပ်ခွဲ ( x ၃) ၊တစ်ခွဲကို 76mm M48 ဒါမှမဟုတ် 105mm L118 ၈လက်ပေါ့ ၊ 122mm ဒါမှမဟုတ် ဒီထက်ကြီးတဲ့ အမြှောက်တွေကတော့ လေကြောင်းချီတပ်တွေအတွက် မကောင်းပါဘူး။
- လေကြောင်းရန်ကာကွယ်ရေးတပ်ခွဲ ၊ Igla MANPADS ၁၂ လက်
- ထောက်/ပို့တပ်ရင်း
- ဌာနချုပ်တပ်ခွဲ
- စစ်လက်နက်ပစ္စည်းတပ်ခွဲ
- လျှပ်စစ်နှင့် စက်မှုလက်မှု အင်ဂျင်နီယာ တပ်ခွဲ
-ဆေးတပ်ခွဲ
- ထောက်/ပို့တပ်ခွဲ ( x ၂ )
ဒီတပ်တွေကတော့ ရန်သူနောက်ပိုင်းမှာ behind enemy lines တိုက်ရနိုင်တာကြောင့် ၊ ကိုယ့်တပ်တွေနဲ့ ဝေးဝေးမှာ တိုက်ပွဲဝင်နိုင်အောင် ဖွဲ့စည်းပုံမှာသံချပ်ကာတိုက်ဖျက်ရေးကိုအလေးပေးထားတာပါ။ ပုံမှန် ခြေလျင်ရဲ့ တပ်ခွဲမှာ RPG-7 ၊တပ်ရင်းမှာ Carl Gustav နဲ့ကတော့ အလုပ်မဖြစ်လောက်ဘူးထင်တယ်လေ။ စစ်သည်လိုအပ်ချက် တိုးမလာအောင်လို့ စိန်ပြောင်းတွေကိုလျှော့ထားပါတယ်။
နောက်လေ့ကျင့်ရေးအခက်အခဲတွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရဟတ်ယာဉ် အခက်အခဲတွေ ရှိလာနိုင်တာကြောင့် တပ်ခွဲ ၃ ခွဲ x ၂ ရင်းပဲထည့်ထားတာပါ။ နောက်ဖြစ်နိုင်တဲ့ အချိန်ကြမှ အင်အား နှစ်ဆတိုးပြီးတပ်ခွဲ ၄ ခွဲ x ၃ ရင်းတိုးဖွဲ့ကြတာပေါ့။
ခြေလျင်၊ သံချပ်ကာလိုတပ်မလိုက်ထက် တပ်မဟာတစ်ခုခြင်း တိုက်ပွဲဝင်ဖို့ များတာကြောင့် တပ်မဟာအဆင့်မှာတင် အမြှောက်နဲ့ ထောက်ပို့တပ်ရင်းတွေ ထည့်ထားတာပါ။
အဓိကလိုအပ်ချက်များ
ဒီတပ်တွေအတွက် အခက်အခဲကတော့ သယ်ယူပို့ဆောင်ရေးပဲဗျို့။ လေထီးတပ်ရင်း ၁ ရင်းကို IL-76 or equivalent သယ်ယူပို့ဆောင်ရေးလေယာဉ် ၆ စင်းလောက်လိုမယ်။ လေယာဉ်သေးရင် eg; Y-8 စင်းရေပိုလိုမှာပေါ့။ ရဟတ်ယာဉ်ချီတပ်ရင်းတွေကလည်းတစ်ရင်းကို Mi-17 ခေါက်ရေ ၂၄ ခေါက်လောက်လိုမယ်။ ၈ စင်းနဲ့ သယ်ရင် ၃ ကြော့ပေါ့။ ဒီထက် ခွဲသယ်လို့လည်းအဆင်မပြေလောက်ဘူး။ (ပိုကောင်းတာက Medium Air Assault Transport Helicopter တွေဖြစ်တဲ့ Ka-60 တို့ UH-60 တို့ပါ။ ဒါပေမယ့် အစင်းရေပိုလိုလာမှာ ဖြစ်လို့ ကျွန်တော်တို့ စီးပွားရေးနဲ့ကမဖြစ်နိုင်ဘူး။)
ပစ်ကူပေးဖို့ Mi-24 တွေကတော့ (ဒီတပ်မတစ်ခုတည်းမှာတင် စုပြုံသုံးရင်) လိုတာထက်တောင် များသေးတယ်။ ( US တပ်မတွေတောင်မှ Army ဆိုရင် 24 AH-64 Apache ၊ Marine Corps ဆိုရင် 36 AH-1 Cobra ပဲရှိတယ် ) ကျွန်တော်တို့ကအစင်း 60 တောင်မှ။
အမြှောက်။ ။တပ်မဟာတစ်ခုလျှင် ၂၄ လက်ဖြင့် တပ်မတော်တစ်ခုလုံးအတွက် ၁၂၀ ခန့်။ ကျွန်တော်တို့မှာလုံလုံလောက်လောက် ရှိပါတယ်။လေထီးတွေမှာ ၇၆မမ၊ ရဟတ်ယာဉ်ချီတွေမှာ ၁၀၅ မမဆိုရင် အဆင်ပြေပါတယ်။ GPS fire control, laser range finders, rocket assisted round, smart ammunition တွေနဲ့ အဆင့်မြှင့်နိုင်ရင်တော့ ကောင်းပါတယ်။

Smiley said...

လေကြောင်းချီတပ်မဟာ ( Review )
ဒါကတော့ ကို Zeus ကွန်မန့်ကို မူတည်ပြီး ပြန်စည်းစားထားတာပါ။ British 16 Air Assault Brigade ကို အခြေခံထားတာပါ။
- တပ်မဟာဌာနချုပ်
- ဆက်သွယ်ရေးတပ်ခွဲ
- လေထီးတပ်ရင်း ( x ၂ )
---- ဌာနချုပ်တပ်ခွဲ
---- လေထီးတပ်ခွဲ ( x ၄ )
---- လက်နက်ကြီးတပ်ခွဲ
- ရဟတ်ယာဉ်ချီတပ်ရင်း ( x ၂ )
---- ဌာနချုပ်တပ်ခွဲ
---- ရဟတ်ယာဉ်ချီတပ်ခွဲ ( x ၄ )
---- လက်နက်ကြီးတပ်ခွဲ
- အမြှောက်တပ်ရင်း
---- ဌာနချုပ်တပ်ခွဲ
---- အမြှောက်တပ်ခွဲ ( x ၃) ၊တစ်ခွဲကို 105mm L118 ၈လက်ပေါ့
---- လေကြောင်းရန်ကာကွယ်ရေးတပ်ခွဲ ၊ Igla MANPADS ၁၂ လက်
- အင်ဂျင်နီယာတပ်ရင်း
---- ဌာနချုပ်တပ်ခွဲ
---- အင်ဂျင်နီယာတပ်ခွဲ ( x ၃ )
- ထောက်/ပို့တပ်ရင်း
---- ဌာနချုပ်တပ်ခွဲ
---- စစ်လက်နက်ပစ္စည်းတပ်ခွဲ
---- လျှပ်စစ်နှင့် စက်မှုလက်မှု အင်ဂျင်နီယာ တပ်ခွဲ
---- ဆေးတပ်ခွဲ
---- ထောက်/ပို့တပ်ခွဲ ( x ၄ )
EME နဲ့ ဆေးတပ်တွေကတော့ British တွေလို တပ်ရင်းအဆင့်တွေ မလိုဘူးထင်ပါတယ်။
လိုအပ်မယ့် ရဟတ်ယာဉ်တွေကတော့
- ကင်းထောက်ရဟတ်ယာဉ်တပ်ရင်း
---- ဌာနချုပ်တပ်ခွဲ
---- ရဟတ်ယာဉ်တပ်ခွဲ ( x ၃ ) ၊ တစ်ခွဲကို WZ-3 ဒါမှမဟုတ် Mi-2 အပေါ့စား ရဟတ်ယာဉ် ၈ စင်းပေါ့
- သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တပ်ရင်း
---- ဌာနချုပ်တပ်ခွဲ
---- ရဟတ်ယာဉ်တပ်ခွဲ ( x ၃ ) ၊ တစ်ခွဲကို Mi-17 ရဟတ်ယာဉ် ၈ စင်းပေါ့
- တိုက်ခိုက်ရေးရဟတ်ယာဉ်တပ်ရင်း
---- ဌာနချုပ်တပ်ခွဲ
---- ရဟတ်ယာဉ်တပ်ခွဲ ( x ၃ ) ၊ တစ်ခွဲကို Mi-24 ရဟတ်ယာဉ် ၈ စင်းပေါ့
ကျွန်တော်တို့မှာ လုံလောက်တဲ့ ရဟတ်ယာဉ်တွေရှိမှာပါ။ ပိုထွက်လာတဲ့ Mi-24 တွေကိုတော့ တပ်မကြီးအားလုံးမှာ ဖြန့်ဝေထားမယ့် အစား အဓိကထိုးစစ်တပ်ဖွဲ့ဖြစ်တဲ့ သံချပ်ကာတပ်ဖွဲ့မှာတင် စုစည်းထားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ တပ်ရင်း ၁၀ ရင်းရှိလာမှာ ဖြစ်လို့ရယ် နောက် အထူးတပ်ဖွဲ့ ဖြစ်လို့ရယ် တပ်မဟာမှုးကို ဗိုလ်ချုပ် Major General ထားတာ အဆင်ပြေ မယ်ထင်ပါတယ်။ တပ်မဌာနချုပ် တစ်ခုလည်း သက်သာတာပေါ့။

Smiley said...

အမြှောက်တပ်မဟာ ( x ၁၀)
တပ်မတစ်ခုကို အမြှောက်တပ်မဟာတစ်ခုဗျာ။

-တပ်မဟာဌာနချုပ်

- ဆက်သွယ်ရေးတပ်ခွဲ

- အမြှောက်ကြီးတပ်ရင်း ( x ၃)
---- ဌာနချုပ်တပ်ခွဲ
---- အမြှောက်တပ်ခွဲ ( x ၃) ၊ ယာဉ်ဆွဲ towed ၁၅၅မမ ၊ ၁၃၀မမ၊ ၁၂၂မမ တွေဆိုရင် တပ်ခွဲ တစ်ခွဲကို ၆ လက်၊ ယာဉ်တင် self-propelled ၁၅၅မမ တွေဆိုရင် ဒါမှမဟုတ် ယာဉ်ဆွဲ ၁၀၅မမ တွေဆိုရင် တစ်ခွဲကို ၈ လက် (ယာဉ်တင်တွေက သံချပ်ကာတပ်မတွေကို ဦးစားပေး တပ်ဆင်ပေး ပါမယ်။ ခြေလျင်တပ်မတွေ အတွက်လဲ ၁၅၅မမ တွေကို အနည်းဆုံး တပ်မဟာတစ်ခုကို တစ်ရင်းရှိစေခြင်ပါတယ်။ ကျန်တဲ့နှစ်ရင်း ကတော့ ၁၃၀မမ၊ ၁၂၂မမ တွေပေါ့။ ၁၀၅မမ တွေကတော့ လေကြောင်းချီတပ်မဟာ အတွက်ပဲ ကောင်းပါတယ်။ QF 25 pounder, QF 75mm and BL 5.5 inch တွေကတော့ အနားသာ ပေးလိုက်ပါတော့။)

- ဒုံးတပ်ရင်း ( x ၂ )
---- ဌာနချုပ်တပ်ခွဲ
---- ဒုံးတပ်ခွဲ ( x ၃ ) ၊ တစ်ခွဲလျှင် ဒုံးပစ်လောင်ချာ ( Multiple Rocket Launchers – MRL ) ၁၂၂မမ ဒါမှမဟုတ် ၂၄၀မမ ၆ လက်
- ပစ်မှတ်ရှာတပ်ခွဲ ( လောလောဆယ်မှာတော့ ရှေ့တန်းအကဲကြည့်တွေပေါ့။ နောင်ကြရင်တော့ အမြှောက်ပစ်မှတ်ရှာရေဒါ Counter Battery Radar တွေ တပ်ဆင်ရမှာပေါ့ )

အဓိကလိုအပ်ချက်များ

၁၅၅မမ ယာဉ်တင် အမြှောက်ကြီးများ ။ ။ တပ်မဟာတစ်ခုလျှင် ၇၂ လက်ဖြင့် သံချပ်ကာတပ်မ နှစ်ခု၏ အမြှောက်တပ်များတွင် တပ်ဆင်မည်ဖြစ်ရာ တပ်မတော်တစ်ခုလုံး အတွက် ၁၈၀ လက်ခန့်။ လက်ရှိ Nora B-52 တွေကိုလည်း ဖြစ်နိုင်ရင် ၁၅၅မမ ပြောင်းတွေလဲနိုင်ရင် ထောက်ပို့ကိစ္စ ပိုလွယ်မလားလို့။ သိပ်တော့ အရေးမကြီးပါဘူး။ ၁၅၂မမ လည်း ထိရောက်မှုမှာ သိပ်မကွာပါ။ Nora B-52 နဲ့ SH-1 တွေပေါင်းလိုက်ရင် လိုရင်တောင် နည်းနည်းပဲ နေမှာပါ။

၅၅မမ ယာဉ်ဆွဲအမြှောက်ကြီးများ ။ ။ တပ်မဟာတစ်ခုလျှင် တစ်ရင်း ၊ တစ်ရင်းတွင် ၁၈ လက်ဖြင့် တပ်မဟာ ၈ ခုတွင် တပ်ဆင်ဖို့ ဆိုရင် အလက် ၁၈၀-၂၀၀ လောက်လိုမယ်ဗျ။ ကျွန်တော်တို့ရဲ့ လက်ရှိ KH-179 တွေ Soltam တွေကို နည်းနည်းထပ်ဝယ်၊ ရှိရင်းဆွဲတွေကို အဆင့်မြှင့်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။
၁၃၀မမ / ၁၂၂မမ ယာဉ်ဆွဲ အမြှောက်များ။ ။ တပ်မဟာရှစ်ခု ၊ တစ်ခုကို နှစ်ရင်း ၊ တစ်ရင်းကို ၁၈ လက်နဲ့ ဆိုတော့ ၃၆၀ လောက်လိုမှာပေါ့။ ကျွန်တော်တို့မှာ လုံလောက်တဲ့ အရေအတွက် ရှိပြီးသားဖြစ်မှာပါ။ (wiki ကတော့ ၁၂၂မမ D-30 ၂၇၀လက်နဲ့ ၁၃၀မမ Type-59-1 ၁၆၀ လက်လို့ပြထားတယ်။ ဟုတ်မဟုတ်တော့ ? )

၁၀၅မမ ယာဉ်ဆွဲ အမြှောက်များ ။ ။ လေကြောင်းချီတပ်မရဲ့ အမြှောက်တပ်မဟာမှာတင် တပ်ဆင်ဖို့ဆိုရင် တစ်ရင်းထဲဆိုတော့ ၃၂ လက်ပဲလိုမှာပါ။ ( ပိုတာတွေကို ရောင်းပစ်ဗျာ )

ဒုံးပစ်လောင်ချာများ ။ ။ တစ်ရင်းကို ၁၈ လက်၊ တပ်မဟာတစ်ခုကို နှစ်ရင်း ၊ တပ်မဟာ ၁၀ ခုလုံးမှာ ဆိုရင် ၄၈၀ လောက်လိုမှာပေါ့။ လက်ရှိ 530 လောက် ( ယာဉ်တင် BM-21,BM-27 Type-90, Type-90B, Type 1990 များသာ ၊ ယာဉ်ဆွဲတွေကတော့ အနားသာပေးလိုက်ပါတော့ ) ဆိုတော့ လောက်မှာပါ။ အဲဒီလောက် မရှိဘူးဆိုရင်တော့ တပ်မဟာတစ်ခုကို တစ်ရင်းပေါ့ ဒါဆိုရင်တော့ အလက် ၂၄၀ လောက်ပဲ လိုမှာပေါ့။

ပစ်မှတ်ရှာနှင့် အကဲကြည့် ။ ။ အဲဒီမှာ အဓိက ပြဿနာဗျို့ ။ လေ့ကျင့်ပြီးသား လူလည်းမရှိ၊ သင့်တော်တဲ့ ပစ္စည်းလည်း မရှိနဲ့။ ခြေလျင်၊ သံချပ်ကာနဲ့ တွဲမယ့် အကဲကြည့်လောက်နဲ့ မလုံလောက်သေးဘူးလေ။ ပင်မတပ်တွေရဲ့ ရှေ့တန်းကနေပြီးတော့ ၊ ရန်သူနယ်မြေထဲ ၀င်ပြီးတော့ ပစ်မှတ်လမ်းညွှန်ဖို့ ဆိုရင်တော့ အထူးတပ်ဖွဲ့အဆင့် လေ့ကျင့်ထားမှ ဖြစ်မယ်လေ။ အဆင့်မြင့်တဲ့ ဆက်သွက်ရေး၊ ထောက်လှမ်းရေး ကိရိယာတွေလဲ လိုမယ်။ ဒါကိုတော့ အရေးတကြီး ဖြည့်ဆည်းသင့်တယ် ထင်ပါတယ်။ Counter Battery Radar တွေ Unmanned Aerial Vehicle တွေကတော့ နောက်ပိုင်း ကိစ္စတွေပေါ့။

အနာဂါတ် တပ်မတော်ဆိုင်ရာ မိမိတို့အမြင်လေးများ..၂

ဆွေးနွေးမှု အပိုင်း (၂)..

Smiley said...

အရင်တစ်ခေါက်က တပ်မကြီးနဲ့ တပ်မတွေ အကြာင်းရေးခဲ့ပါတယ်။ အခုတစ်ခေါက် တပ်မဟာတွေ အကြောင်းဆွေးနွေးခြင်ပါတယ်။ ကျွန်တော့်စိတ်ကူးထဲက တပ်မတော်ပေါ့်။ အားလုံးလဲ ကျေးဇူးပြုပြီး ၀ိုင်းဝန်းဆွေးနွေးပေးကြပါ ခင်ဗျား။

Smiley said...

တပ်မဟာများဟာ ကျွန်တော်တို့ တပ်မတော်ရဲ့ အဓိက တိုက်ခိုက်ရေးယူနစ်များ ဖြစ်လာမှာ ဖြစ်ပါတယ်။ တပ်မဟာတွေကို လက်ရှိ ခြေမြန်တပ်မတွေ၊ စကခတွေ၊ သံချပ်ကာကွပ်ကဲမှုအဖွဲ့တွေကနေ ဖွဲ့စည်းယူလို့ ရပါတယ်။ တပ်မဟာမှုးက ဗိုလ်မှုးချုပ်ဗျာ။ တပ်ရင်းအရေအတွက် လျော့ကျသွားမှာ ဖြစ်ပေမယ့် တပ်ရင်းတစ်ရင်းစီက ဖွဲ့စည်းပုံပြည့်အောင် ပြန်လည်ဖွဲ့စည်းမှာ ဖြစ်တဲ့အတွက် စစ်သည်အင်အား သိသိသာသာ လျော့ကျသွားမှာ မဟုတ်ပါဘူး။ တပ်မတော်မှာ စုစုပေါင်း တပ်မဟာ ( ၈၇ ) ခုရှိမှာပါ။ ၄င်းထို့ကတော့-
ခြေလျင်တပ်မဟာ ၂၄
သံချပ်ကာတပ်မဟာ ၆
လေထီးတပ်မဟာ ၂
ရဟတ်ယာဉ်ချီတပ်မဟာ ၂
အမြှောက်တပ်မဟာ ၁၁ ( တပ်မလက်အောက်ခံ)
လေကြောင်းရန်ကာကွယ်ရေးတပ်မဟာ ၆ (တပ်မကြီးလက်အောက်ခံ)
အင်ဂျင်နီယာတပ်မဟာ ၆ (တပ်မကြီးလက်အောက်ခံ)
ထောက်လှမ်းရေးတပ်မဟာ ၆ (တပ်မကြီးလက်အောက်ခံ)
ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်မဟာ ၁၁ ( တပ်မလက်အောက်ခံ)
ဆေးတပ်မဟာ ၄ (တပ်မကြီးလက်အောက်ခံ တပ်မကြီး၅ နှင့် ၆ မပါ)
တပ်မဟာတွေကို အုပ်ချုပ်ထောက်ပံ့ရေး လွယ်ကူအောင် တပ်မ၊ တပ်မကြီးတွေနဲ့ တွဲဘက်ထားပေမယ့် စစ်ဆင်ရေးလိုအပ်ချက်အတိုင်း ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။

Smiley said...

ခြေလျင်တပ်မဟာများ

-တပ်မဟာဌာနချုပ်
-ဆက်သွယ်ရေးတပ်ခွဲ
-စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ
-ခြေလျှင်တပ်ရင်း ( × ၃ )
----ဌာနချုပ်တပ်ခွဲ
----ခြေလျှင်တပ်ခွဲ ( × ၄ ) ၊ တစ်ခွဲလျှင် တပ်စု ၃ စု ၊ တစ်စုလျှင် ၆၀မမ စိန်ပြောင်း ၁ ၊ စက်လတ် ၁ ၊ အာပီဂျီ ၁
----လက်နက်ကြီးတပ်ခွဲ ၊ ၈၁ စိန်ပြောင်း ၉ ၊ နောက်ပွင့် ၉ ၊ ၀.၅၀ / ၁၂.၇ စက်ကြီး ၉
-လက်နက်ကြီးတပ်ရင်း
----ဌာနချုပ်တပ်ခွဲ
---သံချပ်ကာကာကွယ်ရေးတပ်ခွဲ ၊ ATGM ၂၀
----လေကြောင်းရန်ကာကွယ်ရေးတပ်ခွဲ ၊ ၁၄.၅ စက်ကြီး ၉ ၊ MANPADS ၁၂
----စိန်ပြောင်းကြီးတပ်ခွဲ ၊ ၁၂၀မမ ၁၂

အဓိကလိုအပ်ချက်များ

ပဲ့ထိန်းတင့်ဖျက်ဒုံး တပ်မဟာတစ်ခုလျှင် ၂၀ ဖြင့် တပ်မတော်တစ်ခုလုံးအတွက် ၆၄၀ ခန့် ( ဒါတော့ အားလုံးဝယ်ရမှာ ဖြစ်လို့ ကုန်ကျစရိတ် တော်တော်များပါလိမ့်မယ် ။ ဒါပေမယ့် ဒါတွေရှိမှလည်း ရန်သူသံချပ်ကာတွေရန်က ကာကွယ်နိုင်မှာပါ။ တပ်နိုင်လာတယ့် တစ်နေ့ကြရင်တော့ တင့်ဖျက်ဒုံးတွေကို တပ်ရင်းလက်နက်ကြီးတပ်ခွဲ၊ ၈၄မမ နောက်ပွင့်တွေကို တပ်ခွဲပေါ့။ )

ပခုံးထမ်းလေယာဉ်ပစ်ဒုံး တပ်မဟာတစ်ခုလျှင် ၁၂ ဖြင့် တပ်မတော်တစ်ခုလုံးအတွက် ၄၀၀ ခန့်။ လုံလောက်တဲ့ Igla, Strala and HN-5 တွေရှိပြီးသား ဖြစ်လို့ပူစရာမရှိပါဘူး။ဒါတွေက ခြေလျင်တပ်တွေကို အနီးကပ် လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ရှိစေမှာပါ။ တာတိုပစ် ၊ တာလတ်ပစ် တွေကိုတော့ သီးသန့်လေကြောင်းရန်ကာကွယ်ရေး တပ်မဟာတွေက လုပ်ဆောင်ပေးပါလိမ့်မယ်။ တာဝေးပစ်ကတော့ ကျွန်တော်တို့ နိုင်ငံ့အနေနဲ့ အလှမ်းဝေးပါသေးတယ်။

ခြေလျင်လက်နက်ကြီး၊ လက်နက်ငယ်တွေ ကတော့ ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း ရှိနေပြီဖြစ်လို့ ဘာပြသနာမှ မရှိလောက်ပါဘူး။

တပ်မတော်တစ်ခုလုံး ခန့်မှန်းချက်တွေမှာ အရံလက်နက်တွေကိုပါ ထည့်သွင်းတွက်ချက်ထားပါတယ်။

Smiley said...

သံချပ်ကာတပ်မဟာများ

-တပ်မဟာဌာနချုပ်
-ဆက်သွယ်ရေးတပ်ခွဲ
-တင့်ကားတပ်ရင်း
----ဌာနချုပ်တပ်ခွဲ ( 2 MBT , 4 MEV )
----တင့်ကားတပ်ခွဲ x ၄ ( 14 MBT )
---- အင်ဂျင်နီယာတပ်ခွဲ ( 5 ARV , 5 AEV , 5 AVLB ) တပ်စု ၅ စု ၊ တင့်ကားတပ်ခွဲ ၁ လျှင် ၁ စုနှင့် ဌာနချုပ်တွင် ၁ စု
-သံချပ်ကာတပ်ရင်း
----ဌာနချုပ်တပ်ခွဲ ( 2 CV, 8 MCV, 4 MEV )
----သံချပ်ကာတပ်ခွဲ ( 12 ICV , 2 CV , 2 MCV )
---- အင်ဂျင်နီယာတပ်ခွဲ ( 5 ARV , 5 AEV , 5 AVLB ) တပ်စု ၅ စု ၊ သံချပ်ကာတပ်ခွဲ ၁ လျှင် ၁ စုနှင့် ဌာနချုပ်တွင် ၁စု
-Mechanized Infantry Battalion ( မြန်မာလို ဘယ်လိုခေါ်ရင် ကောင်းမလဲ မသိ )
----ဌာနချုပ်တပ်ခွဲ ( 2 CV, 8 MCV, 4 MEV )
----ခြေလျင်တပ်ခွဲ ( 12 ICV , 2 CV , 2 MCV )
---- အင်ဂျင်နီယာတပ်ခွဲ ( 5 ARV , 5 AEV , 5 AVLB ) တပ်စု ၅ စု ၊ ခြေလျင်တပ်ခွဲ ၁ လျှင် ၁ စုနှင့် ဌာနချုပ်တွင် ၁စု

အဓိကလိုအပ်ချက်များ

တင့်ကားများ တပ်မဟာတစ်ခုလျှင် ၅၈ ဖြင့် တပ်မတ်ာတစ်ခုလုံး အတွက် ၄၅၀ ခန့် ။ ဒါလောက်ဆိုရင် အခုရှိနေတယ့် Type-59 and T-55 တွေကိုတောင် အနားပေးလို့ ရမယ် ထင်တယ်။ လက်ရှိ T-72S, Type-88 , Type-69, Type-59 and T-55 များကို အဆင့်မြှင့် ရမည်။ အားလုံးကို Laser range finders, gun stabilizers, night vision, ERA, active defense system များတပ်ဆင်ရမည်။ ဖြစ်နိုင်လျှင် new engine and 125 smoothbore or 105mm rifled gun များတပ်ဆင်ရမည်။

Zeus said...

I praised smiley for making this suggestion about army stup. When light infantry battalions were formed they were based on US Ranger Battalions as Special Battalions. But due to material constraints they have to be formed as LIBs. LID are formed as fast moving elite divisions which has limitation compared to full infantry division. If we are to form Corps it should include at least 1 regular division for full battle field depolyment and 1 LID for rapid response.
The regular divisions need to be organised with birgades than TOCs. This will be more efficient while LID can still keep their TOCs.
I don't think Tatmadaw can afford to have an Airborne Division. Instaed, we should base on British 16 Air- assult Brigade and 3 Commando Royal Marine Brigade with 3 to 4 batallions each plus auxillary units. They will be vangaurd forces if any conflict occurs. Royal Air Force has 35 C130J/K and 7 C17s. We only have 4 Y-8s.
I think your tank batallion formation is based on US Army setup. I agree that we sould have 14 tanks in each squadroons. Current formation of 44 tank/ battalion is too small. Besides, the flora and fauna of Myanmar is full of rivers and mountains so limitaions of amour units needed to be realized. Instaed of giving protection and punch they could end up as sitting ducks in battlefield.
I think MIB is translated as "Than Kyat Kar, Yan Da Yar Tat". I have seen it in international journal published in the 80s.
Getting back to infantry, we should include Automatic Granade Launchers (AGL) either in brigade or TOC levels if not in batallion. They can produce good firepower for both offensive and defensive stand.
Also, we should include LAWs like RPG 26s in platoon level for anti armor or anti bunker uses.
India transfered T-55s british L7 tank gun. They have quite a reputation. If we can get more of them we should put them on Type 59s as well. I wouldn't count on Chinese made 105mm. They have very short barrel life.

အနာဂါတ် တပ်မတော်ဆိုင်ရာ မိမိတို့အမြင်လေးများ.. ၁

ဆွေးနွေးမှု အပိုင်း (၁)

Zeus said...

There is more important thing than artillery. We don't have guided anti tank missle system yet. It would be better to get a hand on one, so army can have better anti armor or anti bunker capabilities. Pherhaps Russian 9M131 Metis-M or 9M133 Kornet or Israeli spike missile systems will be good.

Smiley said...

Yes, I strongly agree with you. Our current anti armor or anti bunker capabilities in infantry is limited to MA-10 (RPG-7). This is clearly inadequate. I wish we could have MA-14 (Carl Gustav 84mm) at rifle company level and ATGM at battalion heavy weapons company. If this is still impossible due to finicial constraints, ATGM at Tatical Operation Command level would be fine. MA-10 is good for COIN operations, but what if we have to face a heavily armored foe such as PLA or USArmy. (MA-14 would be effective aganist Thailand's M-60 or Bangladash's Type -59)

Zeus said...

Carl Guldstav is an legendary weapon and is adopted by major armed forces, except M1 and M2 versions are a bit heavy to react swiftly. I agree that we should deploy ATGM to TOC levels. But. not only we have to consider defence budget allocations, but also we need to watchout for the technical knowledge and education of our individual soldiers. There is one Russian LAW similar to M-72 which is known as RPG 29. It is compact, relatively lighter and could be assigned down to platoon level.

Smiley said...

This would be a very long comment. So I would like to pre-apologize to blogger ko MM and all other readers especially as my Myanmar typing is so painfully slow that I've to type in English. I am no professional and please view my opinions as an ameatur but a patriotic Myanmar's good-intentioned but may be idiotic ideas.

There are so many defecienies in our current Myanmar Armed Forces. We, as Myanmar , would like to view our forces as the best in the whole big world. But alas we have to find a compromise between the most we can afford and the least we need to defend Myanmar.
Currently , our Tatmadaw is engaged in a series of bitter counter insurgency operations. But if we take a closer look, it's easy to know that it's not (NOT) what our Tatmadaw is for. It must be able to defend Myanmar aganist all possible future aggressors. Who could be that aggressor is a political question rather than a military one. So, I would not discuss it here.
To be able to involve in a nation vs nation conflict , we need substantial changes in our current force structure.
Our current structure is based around RMC (regional military command တိုင်းစစ်ဌာနချုပ်) with LIDs (light infantry divisions ခြေမြန်တပ်မ) as strategic reserve which is especially suited for our current COIN operations but not if we have to face a foreign aggression.
To that mission we have to use a flexible force structure ready for 'defense' as well as 'strike' operations. So , my idea is to use Corps-Division-Brigade structure instead of current BSO-RMC-LID/Armored Operations/ Artillery Operations Command/ Regional Operations Command ( ဒေသကွပ်ကဲရေးနှင့် စစ်ဆင်ရေး) / Military Operations Command ( စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) - Tactical Operations Command structure. (You can see the simplicity the reform will bring)

Smiley said...

Corps (တပ်မကြီး)
Corps will be the largest field units of Myanmar Army. They will be headquarters units to which divisions or brigades can be attached. There will be six corps as follows--
I Corps (Upper Myanmar - Kachin, Sagaing, Mandalay, Magway, Chin)
II Corps (Lower Myanmar - Yagon, Ayerwaddy, Rakhine, Bago)
III Corps (Eastern Myanmar - Shan and Kayar)
IV Corps (South eastern Myanmar - Mon, Kayin and Thanintharyi)
V Corps (Armored/ Heavy Reserve)
VI Corps (Airborne/ Light Reserve)
The corps HQ can be form from current Bureau of Operations စစ်ဆင်ရေးအထူးအဖွဲ့ with a Lt Gen as commander as now. The corps HQ will but need a larger staff. Like BSOs , the corps will be a deployable headquarters but moreover unlike the BSOs, the corps will be responsible for its own training with organic training brigade.
N.B I do think Yangon and Naypyidaw , current area of responsibility of BSO 5 and 6 respectable need special attention but I don't think it should be corps size.

Smiley said...

Divisions (တပ်မ)
ိိDivision will also be deployable headquarters units. Each division will have
1.a main division headquarters at its base town
2.a field headquarters which would be deployed as needed
3.two to three tactical operation commands to oversee attached brigades
4.liaison units
5.division band
There will be 11 division headquarters
8 x infantry division (two each for I-IV corps)
2 x armored division (for V corps)
1 x airborne division (for VI corps) [ I think it is impractical to train two airborne division and impossible to obtain sufficient number of transport aircrafts ]
We could transform current RMC into division headquarters with but a little difficulties. There would be Maj Gen as division commander. The remaining two RMC will be rerolled as capital defense brigade for Yangon and Naypyidaw ( Yagon RMC and Naypyidaw RMC of course!)

Monday, October 17, 2011

ဘင်္ဂလားဒေ့်-မြန်မာ နယ်စပ်ပြဿနာများ

ဘင်္ဂလားဒေ့်-မြန်မာ အရေးအခင်း ၂၀၀၈-၀၉ ပြဿနာများ (မှတ်တမ်းဖြစ်ပါ၍ အမြဲထပ်ဖြည့်ပါမည်..)
၂၀၀၈ ခုနှစ်အတွင်း..
နိုဝင်ဘာလထဲတွင်.. ဘင်္ဂလားဒေ့်နယ်စပ်အနီးတွင် အမြောက်တပ်ရင်း ၅ရင်းတိုးချဲ့ ချထားရသည်။
ဘူးသီးတောင် အခြေဆိုက် အမြောက်တပ်တွင် တင့်ကားများကိုပါ တပ်စွဲထားခဲ့သည်။

၂၀၀၉ ခုနှစ်အတွင်း...
အောက်တိုဘာလ ၁၁ရက်..
မြန်မာ့ရေတပ်မှ စစ်ရေယာဉ် ၁၂စင်း၊အောင်ဇေယျ ဖရီးဂိတ် ၁စင်း၊ တင့်ကားများနှင့် အမြောက်များ တပ်ချထားခဲ့သည်။

အောက်တိုဘာလ ၁၈ရက်..
.မြန်မာ့တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင် ၅၀၀၀၀ ဝန်းကျင်၊ပင်မတိုက်ပွဲဝင်တင့်ကား အစီး၅၀၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၁ရင်း နှင့်အတူ တပ်မ၂ခုသည် နယ်စပ်တလျှောက် နတ်မြတ်နှင့်အနီး မိုင်၅၀တွင် တပ်စွဲထားခဲ့သည်။

Sunday, October 2, 2011

ဘင်္ဂလားဒေ့် ဆိုင်ရာ ပြဿနာများ စုစည်းမှု

မြန်မာနှင့် ဘင်္ဂလားဒေ့် ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ
ရက်စွဲ...၃၀.၉.၂၀၁၁

တာကလူး

-----------
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့မှ ရေတပ်သင်္ဘော နှစ်စီးသည် နှစ်နိုင်ငံ နယ်စပ်ရှိ အငြင်းပွါးနေသည့် ပင်လယ်ပြင်တွင် တစ်စီးနှင့် တစ်စီး ထိပ်တိုက် ရင်ဆိုင်ကာ ကင်းလှည့် နေကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘက်မှ ရေတပ်စစ်သင်္ဘောတစ်စီးသည် နှစ်နိုင်ငံ နယ်စပ်အနီး ပင်လယ်ပြင်တွင် ယခုရက်ပိုင်းအတွင်းမှ စတင် ကင်းလှည့် လာခြင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်မှလည်း ၄င်း၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်ရန် ရေတပ် သင်္ဘောတစ်စီးကို ယမန်နေ့မှ စတင် စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေးက ပြောသည်။

"မြန်မာဘက်က ရေတပ်စစ်သင်္ဘောတစ်စီးဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်အနီးမှာ ကင်းလာလှည့်နေတာကြောင့် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ရေပိုင်နက် ကိုယ်ကာကွယ်နိုင်ဖို့ စစ်သင်္ဘောတစ်စီးကို ယမန်နေ့ကနေ စေလွှတ်လိုက်ရခြင်း ဖြစ်ပါတယ်" ဟု နယ်စပ်အခြေစိုက် ဘင်္ဂလားဒေခ်ျ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့မှ အမည်မဖေါ်လိုသူ ၀န်ထမ်းတစ်ဦးက ပြောသည်။

နှစ်ဘက်နိုင်ငံမှ ရေတပ်သင်္ဘောနှစ်စီး နယ်စပ်ပင်လယ်ပြင်တွင် ကင်းလှည့် နေကြကြောင်းကို မြန်မာဘက်မှ ပင်လယ်ပြင် ငါးဖမ်းသမားတစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

"သင်္ဘောနှစ်စီး ကင်းလှည့်နေကြတာက တစ်စီးနဲ့ တစ်စီး လှမ်းမြင်နိုင်တဲ့ အကွာအဝေး လောက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ဘက်ကကိုယ် သူ့ဘက်ကသူ ကင်းလှည့်နေကြတာပဲ ဖြစ်ပါတယ်" ဟု ငါးဖမ်းသမားက ပြောသည်။

မြန်မာရေတပ်စစ်သင်္ဘော (၅၅၂)သည် ယခုအပတ် တနင်္လာနေ့မှစ၍ ဘင်္ဂလာဒေခ်ျ့ နယ်စပ်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူ ကျောက်တန်းအလွန် ပင်လယ်ပြင်တွင် ကင်းလှည့်နေခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေခ်ျ့ ဘက်သို့ မှောင်ခိုကုန်ကူးနေသည့် မြန်မာဘက်မှ စက်လှေများနှင့် ပိုင်နက်ကျော် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေခ်ျ့ ဘက်မှ ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ စစ်သင်္ဘောမှာလည်း စိန့်မာတင် (ခေါ်) အုန်းကျွန်း၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာတွင် ကင်းလှည့်နေခြင်းကြောင့် မြန်မာစစ်သင်္ဘောနှင့် တစ်စီးနှင့် တစ်စီးလှမ်းမြင်ရသည့် အကွာအဝေးတွင်သာ ရှိကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ နှစ်ဘက်နိုင်ငံမှ ရေတပ်စစ်သင်္ဘောများ နယ်စပ်ပင်လယ်ပြင်တွင် ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းမှာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှု နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။

၂၀၀၈ ခုနှစ် တင်းမာမှုနောက်ပိုင်း ဘင်္ဂလားဒေခ်ျ့ဘက်မှ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) သို့ ၂၀၀၉ ခုတွင် တင်သွင်းခဲ့သည်။

နိုင်ငံတကာခုံရုံးမှလည်း မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နှစ်နိုင်ငံ အကြားအငြင်းပွားမှုကို ယခုလ အတွင်းတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ် မတ်လ အတွင်းအတွင် တရားဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နှစ်ဘက်နိုင်ငံမှ စစ်သင်္ဘောများမှာ နယ်စပ်ပင်လယ်ပြင်တွင် ၂၀၀၈ ခုနှစ်ကကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းကြောင့် ပြဿနာ ပိုမို ကြီးထွားလာမည်ကို နှစ်ဘက်နယ်စပ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။

narinjara မှ ကူးယူထားပါသည်။

ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း ၅ခု အခြေဆိုက်ထား

တပ်မတော်သည် ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နှင့် ရေပြင်ပိုင်နက် အငြင်းပွားမူဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင်

အမြှောက်တပ်ရင်း (၅)ထိ တိုးချဲ့ အခြေစိုက်ထားသည်ဟု ရခိုင်ပြည်နယ် စစ်ရေး အခြေအနေကို လေ့လာသူ တဦးက ပြောသည်။

အဆိုပါ တိုးချဲ့ချထားသော အမြှောက်တပ်ရင်းများမှာ အမှတ် ၃၇၄ -အမ်း၊ အမှတ် ၃၇၃- စစ်တွေ ၊ အမှတ် ၃၇၇- ကျောက်တော်၊ အမှတ် ၃၇၈ - ဘူးသီးတောင်နှင့် အမှတ် ၃၇၅ -တောင်ကုတ်တို့ ဖြစ်သည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း အမြှောက်တပ်ရင်းများ မရှိဘဲ ခြေလျင်နှင့် ခြေမြန် တပ်ရင်းများသာ ရှိခဲ့ပြီး ယခုအခါ အမြှောက်တပ်ရင်း ၅ ရင်းကိုပါ တိုးချဲ့ အခြေစိုက်ထားလိုက်သည်။


မျက်မြင်များ၏ အပြောအရ ဘူးသီးတောင် အခြေစိုက် အမြှောက် တပ်ရင်းတွင် တရုတ်လုပ် တင့်ကားများပါ ရောက်ရှိနေပြီး အဆိုပါ တပ်ရင်းကို လွန်ခဲ့သောနှစ်က ဘူးသီးတောင် တပ်မင်းချောင်းတွင် အခြေစိုက်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာဆက်ဆံရေးမှာ တရုတ်အစိုးရ၏ ကြားဝင် ဆောင်ရွက်ပေးမူကြောင့် ယခုအခါ အသင့်အတင့် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ရေပြင်ပိုင်နက် အငြင်းပွားမူမှာမူ ယခုအချိန်ထိ မဖြေရှင်းနိုင်ဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသေးသည်။

ဘင်္ဂလာဒေခ်ျ့်မှ အငြင်းပွားရေပြင်ပိုင်နက် အနီးတွင် ဂတ်စ် ရှာဖွေခွင့်ကို အမေရိကန် နိုင်ငံ ကုမ္ပဏီ တခုအပါအ၀င် နောက်ထပ် နိုင်ငံခြား ကုမ္ပဏီ တခုအား ဌားရမ်းခဲ့သည်။

မြန်မာအစိုးရသည် ဘူးသီးတောင်နှင့် ကျောက်တော်အကြား ကားလမ်းကြမ်းတခုအား ဖေါက်လုပ်နေပြီး စစ်တွေ-ရန်ကုန် ကားလမ်းမနှင့် ချိတ်ဆက်ရန် စီစဉ်နေသည်။

၎င်းပြင် တပ်မတော်မှ ရခိုင်ကမ်းရိုးတန်း တလျောက်ရှိ အရေးပါသော ကျွန်းများ ဖြစ်ကြသည့် ကျွန်းသာယာနှင့် နန့်သာကျွန်းများတွင်လည်း အမြောက်တပ်ဖွဲ့များကို ချထားသည်ဟု စစ်ရေးလေ့လာသူက ပြောဆိုသည်။

Narinjara


ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျ စစ်ရေး လေ့ကျင့်မူ ပြုလုပ်


အဆိုပါ စစ်ရေး လေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့်ကယ်ဆယ် ရေး သင်္ဘောများ ပါဝင်သည်ဟု သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲလေ့ကျင့်သွားကြ မည်ဟု သိရသည်။
စစ်ရေး လေ့ကျင့်မူ ဖွင့်ပွဲကို ယမန်နေ့က စစ်တကောင်း ရေတပ်စခန်းရှိ BNS Issa Khan စစ်သင်္ဘောပေါ် တွင် ပြုလုပ်ခဲ့ပြီး ယခု CARAT စစ်ရေး လေ့ကျင့်မူတွင် ဘင်္ဂလားဒေခ်ျ့သည် ပထမဆုံး အကြိမ်ပါဝင် လာခြင်း ဖြစ်သည်။ အမေရိကန် ရေတပ်မှ ပြုလုပ်နေသာ CARAT စစ်ရေးလေ့ကျင့်မူမှာ ၁၇ နှစ် ကြာမြင့်နေပြီ ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မူကို နိုင်ငံပေါင်း (၇)နိုင်ငံနှင့် ပူးပေါင်း ပြုလုပ်နေခြင်း ဖြစ်သည်။
CARAT စစ်ရေး လေ့ကျင့်မူတွင်ပါဝင်သော နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဖြစ်ကြသည်။
ယခုကဲ့သို့ ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန်တို့ ဘင်္ဂလာပင်လယ်အော်တွင် စစ်ရေး လေ့ကျင့်မူ ပြုလုပ် နေချိန်တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့အကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပင်လယ် ဥပဒေတရားရုံး (International Tribunal for the Law of the Sea- ITLOS) တွင် ဖြေရှင်းနေသည်။
ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးမှုများကို ဘင်္ဂလာဒေခ်ျ့အတွက် စက်တင်္ဘာလ ၈မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုများကို စတင်္ဘာလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၆ -၁၉- ၂၀ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သည်။
ရေပြင်ပိုင်နက် အငြင်းပွာမူကို ယခုနှစ် ဧပြီလတွင် အဆုံးသတ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ် - နိရဉ္စရာ သတင်းဌာန

Monday, August 22, 2011

အမ်၁အေ၁ တင့်ကားက တကယ်ဘဲ အကောင်းဆုံးလား

အမျိုးအစား-၉၉ ပင်မတိုက်ပွဲဝင်တင့်ကား

အမျိုးအစား-၉၆ ပင်မတိုက်ပွဲဝင်တင့်ကား

အမ်၁အေ၁ ပင်မတိုက်ပွဲဝင်တင့်ကား

တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား

တီ-၇၂ ယူကရိန်းထုတ် ပင်မတိုက်ပွဲဝင်တင့်ကား

မြန်မာ့တပ်မတော်ရှိ တီ-၇၂အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား (ဗထူးလေ့ကျင့်ရေးကျောင်း)

Sunday, August 7, 2011

မြန်မာ့နိုင်ငံ၏ လက်ရှိစစ်ရေး အခြေအနေ သုံးသပ်ချက်တချို့ အပိုင်း-၂

ဆွေးနွေးလိုသောနောက်တစ်ချက်မှာယခုကြိုးစားနေတဲ့Nuclear Boomထုတ်လုပ်ရေး SRBM၊ ICBM များထုတ်လုပ်ရေးအဓိကအာရုံစိုက်နေတဲ့အိမ်မက်ဟာ ခြေလှမ်းကျဲသလိုမျိုးဖြစ်နေတယ်လို့ထင်ပါတယ်၊ ဒါတွေမထုတ်လုပ်ခင်ကျွန်တော်တို့ဟာ Conventional Warသမရိုးကျစစ်ပွဲအတွက် စစ်လက်နက်များပြည့်စုံလုံလောက်မှုရှိပါပြီလား၊ သို့မဟုတ်အတော်အသင့်ပြည့်စုံပြီလား၊အတော်အသင့်ပြည့်စုံပြီရင်တော့ အထက်ပါအရာတွေကိုထုတ်လုပ်ဖို့အဓိကအာရုံစိုက်နိင်ပါပြီ။

ကဲကြည်းတပ်ကစကြည့်ရအောင်ဗျာ။
ကြည်းတပ်မှာရှိတဲ့မဟာဗျူဟာလက်နက်ကြီးဖြစ်တဲ့ 155mm Howitzer များကိုကြည့်ရအောင်၊ တပ်မတော်ကြည်းမှာ SH-2နှင့်Nora B-52တို့သာ အလျှင်အမြန်ရွှေ့ပြောင်းနိင်တဲ့အမျိုးအစားဖြစ်ပါတယ် ဒါတောင်အတော်အဆင့်သာခေတ်မှီတဲ့စနစ်ဖြစ်ပါတယ်၊ ဒီစနစ်တွေဟာTruckကားပေါ်တင်ထားတဲ့စနစ်ဖြစ်တာကြောင့် မြေအနေအထားကန့်သတ်ချက်များ ရှိနေပြန်ပါတယ်။
Nora B-52 ၁၅၂မမ ယာဉ်တင်အမြောက်စနစ်

ကျန်တဲ့155mm Howitzer အမျိုးအစားများဟာTowedအမျိုးအစားများဖြစ်သဖြင့်ခေတ်မမှီတော့ပါ၊( Towedအမျိုးအစားများဟာရွှေ့ပြောင်းနိင်မှုနှေးကွေးသောကြောင့် ရန်သူရဲ့ကောင်တာပစ်မှုကိုခံရနိင်ပါတယ်)၊အထက်မှာ ကိုMMဖေါ်ပြထားသလိုZBDအမျိုးအစားကဲ့သို့ အမျိုးအစားတွေတပ်မတော်မှာများစွာလိုအပ်ပါတယ်။ ထို့အပြင်MLRSများလည်း အရေအတွက်များစွာလိုအပ်ပါတယ်၊ ယခုတပ်မတော်မှာရှိတဲ့155mm Howitzers and MLRSများဟာလုံလောက်မှုမရှိပါ။ ဒါတွေကိုကျွန်တော်တို့နိင်ငံမှာ ထုတ်လုပ်နိင်အောင် ဦးစားပေးကြိုးစားရပါမယ်။
SH-2 ၁၂၂မမ ယာဉ်တင်အမြောက်စနစ်

KH-179 ၁၅၂မမ ဆွဲအမြောက်

Tanks ,IFV ,PAC များဟာလဲလုံလောက်မှုမရှိသေးပါ၊ ကျွန်တော်တို့နိုင်ငံမှာ ခေတ်မှီတင့်ကားများဟာဈေးကြီးလွန်းတာကြောင့် ကြည်းတပ်မှာများစွာမရှိပါ။ ဒီအခက်အခဲကိုဖြေရှင်းရန်IFV များPACများ ပေါ်တွင်122mm Howitzersတပ်၍သော်၎င်း Direct Shoot ပစ်နိုင်သော120mm Twin Auto motors အားIFV၊ APCများပေါ်တွင်တပ်၍သော်၎င်းLight Tankများအဖြစ်ပြည်တွင်းတွင်ထုတ်လုပ်၍လိုအပ်ချက်ကိုဖြေရှင်းဖို့လိုအပ်နေပါတယ်။
Soltam M71 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်

ရေတပ်
ရေတပ်အနေနဲ့ပြောရရင်ယခုအချိန်အခါတွင်လိုအပ်ချက်များစွာရှိနေပါတယ် ၊ရေတပ်စခန်းများတွင်သင်္ဘောများစနစ်တကျကပ်ရန်ဆိပ်ခံတတားများလိုအပ်နေပါတယ်၊ ထို့အပြင်Frigates, Corvettes, FAC, Mine-sweepers, Amphibious Ships များစွာလိုအပ်နေပါတယ် Destroyersဆိုလျှင် တစီးမျှပင်မရှိဘဲဖရီးဂိတ်မှာလည်း လက်ရှိတွင်တစ်စီးထဲသာ ရှိနေနိုင်ပါသေးတယ်၊ ထို့အပြင်၄၄စီးရီး ရေငုတ်သင်္ဘောတိုက်ခိုက်ရေးသင်္ဘောများမှာ ဟောင်းနွမ်းလွန်းလှပြီးကြာကြာမောင်း၍မရဘဲ မကြာခဏပျက်သောကြောင့် ဒေါက်ကင်ပေါ်တင်ထားရတာများပါတယ် ၎င်းအပြင်မကြာလှသောနှစ်တွေမှာ တပ်တော်ဝင်အဖြစ်မှအနားပေးရပါတော့မယ် ၊ယခုလက်ရှိCorvettesနှင့် FACများတွင်တပ်ထားသောSSMများ Surface Search Radar ၊ Fire Control Radar ၊ AA Gunများအားဆင့်မြှင့်ရန်၊ မရှိသေးသောသင်္ဘောများအား တပ်ရန်များစွာအရေးတကြီးလိုအပ်နေပါတယ်၊ ယခုလက်ရှိFrigatesတွင်Air Defence Missileများအဆင့်မြှင့်ရန်မရှိသေးသော Corvettes, FACမျုားတွင်Air Defence Missile System်များတပ်ရန်မဖြစ်မနေလိုအပ်နေပါတယ်။ (ယိုးဒီးယားတွင်ဖရီးဂိတ်၈စီး၊ဘင်္ဂလားတွင်ဒုံးတပ်ထားသောဖရီးဂိတ်၂စီးနှင့် ဒုံးမတပ်ထားသောအဟောင်း၃စီးအား ယခါဒုံးင-၈၀၂များတပ်တော့မည်ဟုသိရပါသည်)

လေတပ်
လေတပ်တွင်MIG-29အစီး၃၀သာရှိပြီး၎င်းတို့ဟာSMT standard or M1/M2 standardလောက်ရှိရန်ရှိရင်းစွဲ၁၂စီးနှင့် အသစ်ရောက်လာမည့်အစီး၂၀အားအဆင့်မြှင့်ရန်လိုအပ်ပါတယ်၊ လက်ရှိတိုက်လေယာဉ်အင်အား အရေအတွက်ကိုများစွာတိုးချဲ့ဖို့လိုပါတယ်။ Transport Y-8များလေးစီးသာရှိပြီး ခေတ်မှီမှုမရှိတဲ့အပြင် အမြင့်ပေ၁၀၀၀အောက်တွင် ရိက္ခာချသည့်လုပ်ငန်းမလုပ်နိင်ဘဲ ကန့်သတ်ချက်များစွာရှိပါတယ်၊F-27နှစ်စီးဟာလည်း အိုမင်းနေတဲ့အပြင် ATRနှစ်စီးဟာလည်း လူသယ်လေယာဉ်အဖြစ်သာသုံးနိင်ပါတယ်။ F-7 နှင့်A-5လေယာဉ်များအားအမျိုးအစားအသစ်များဖြင့် အစားထိုးရန်အထူးလိုအပ်နေပါတယ်။
ဒါကြောင့်ကျွန်တော်တို့ပြည်တွင်းမှာတိုက်လေယာဉ်များ ၊ခေတ်မှီရေတပ်သင်္ဘောအမျိုးမျိုးမျုား၊ 155mm Howitzer, MLRS ,Tanks, IFV, APC, AA Missiles, SSM/ASM Anti Ship Missiles များ ထုတ်လုပ်ရန်နည်းပညာများ ဝယ်ယူရန်နှင့်ထုတ်လုပ်ရန်ပိုအဓိကထားသင့်ပါတယ်။
အထက်ပါကျွန်တော်ရဲ့ဆွေးနွေးချက်တွေကို ပြန်လှန်ဝေဖန်ထောက်ပြဆွေးနွေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၅၅၆

(အထက်ပါဆွေးနွေးမှုသည် ကိုkong၏ ကာကွယ်ရေးဆိုင်ရာဆွေးနွေးမှု ဖြစ်ပြီး မည်သူမဆိုဝင်ရောက် ဆွေးနွေးနိုင်ပါသည်။)

မြန်မာ့နိုင်ငံ၏ လက်ရှိစစ်ရေး အခြေအနေ သုံးသပ်ချက်တချို့ အပိုင်း-၁

ကျွှန်တော့်၏ဆိုက်တွင် အမြဲဆွေးနွေးပေးသော ကိုkong၏ ဆွေးနွေးမှုဖြစ်ပါသည်။မည်သူမဆို ဝင်ရောက်ဆွေးနွေးနိုင်ပါသည် ခင်ဗျာ..။ကိုkongကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..။

ကျွန်တော်တို့နိုင်ငံရဲ့အဖြစ်နိုင်ဆုံးရန်သူ(ဝါ)ကျူးကျော်နိုင်သောနိုင်ငံဟာဘယ်နိုင်ငံဖြစ်မလဲကြည့်ရအောင်ဗျာ၊အကြမ်းအား
ဖြင့်ကြည့်လျှင်အမေရိကန်၊တရုတ်၊အိန္ဒိယ၊ဘင်္ဂလား၊ယိုးဒီးယားနိုင်ငံတွေဖြစ်တာကိုတွေ့ရမှာပါ။ထိုနိုင်ငံထဲကမှဘင်္ဂလားနဲ့ယိုးဒီးယားနိုင်ငံဟာသူတို့နိုင်ငံရဲ့စီးပွါးရေးအခြေအနေ၊နည်းပညာနဲ့၊နိုင်ငံနှင့်တပ်မတော်အင်အားတွေအရကျူးကျော်စစ်ပြုနိုင်တဲ့အနေအထားမရှိပါအများဆုံးနယ်စပ်စစ်ပွဲငယ်မျှသာဖြစ်နိုင်ပါတယ်။အိန္ဒိယနိုင်ငံဟာအင်အားတောင့်တင်းပေမဲ့နည်းပညာနှင့်သူရဲ့အဓိကရန်သူများဖြစ်တဲ့တရုတ်နှင့်ပါကစ္စတန်အရေးကရှိနေပြန်ပါတယ်။ဒါဆိုအမေရိကန်နဲ့တရုတ်နိုင်ငံတို့ဘဲကျန်တော့မှာပါ၊ဒီအထဲကမှအမေရိကန်ဟာကျွန်တော်တို့နိုင်ငံနှင့်နယ်မြေဆက်စပ်မှုမရှိပါထို့အပြင်ကျွန်တော်တို့နိုင်ငံဟာသူတပါးနိုင်ငံကိုစပြီးရန်စမကျူးကျော်သရွေ့၊အစိုးရမှလည်းပြည်သူများအားအာဏာရှင်ကဲ့သို့လူမိုက်ဂုဏ်မပြဘဲတရားမျှတစွာအုပ်ချုပ်လျှင်မကျူးကျော်ပါ၊အမေရိကန်မှာကျွန်တော်တို့နိုင်ငံထက်အရေးကြီးတဲ့နိုင်ငံတွေအများကြီးပါ၊ထို့အပြင်သမိုင်းကြောင်းအရကြည့်လျှင်လည်းရန်သူမဟုတ်ဘဲမိတ်ဆွေနိုင်ငံသာဖြစ်ခဲ့ပြီးကျွန်တော်တို့တပ်မတော်ကိုအကူအညီများစွာ၊စစ်လက်နက်ပစ္စည်းများငွေကြေးမယူဘဲဖရီးပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

ဒါဆိုနောက်ဆုံးအဖြစ်နိင်ဆုံးရန်သူဟာတရုတ်နိုင်ငံဘဲကျန်ပါတော့တယ်၊တရုတ်ဟာသမိုင်းကြောင်းအဆက်ဆက်ရန်သူဖြစ်ခဲ့ပြီးရန်လိုလောဘကြီးတဲ့နိုင်ငံလည်းဖြစ်နေပြန်ပါတယ်။နယ်မြေလည်းရှည်လျှားစွာဆက်စပ်နေတဲ့အတွက်တချိန်ချိန်မှာပြဿနာများဖြစ်နိုင်ပါတယ်၊ထို့အပြင်ကျွန်တော်တို့နိင်ငံရဲ့မဟာဗျူဟာပထဝီအနေအထားအရတရုတ်နိုင်ငံဟာအမေရိကန်နိုင်ငံနှင့်စစ်ဖြစ်ခဲ့လျှင်၎င်းအိန္ဒိယနှင့်စစ်ဖြစ်ခဲ့လျှင်သော်၎င်းသူတို့နိုင်ငံရဲ့အနောက်ဘက်ဝင်ပေါက်လုံခြုံရေးနှင့်အိန္ဒိယအားကျူးကျော်ရန်ကျွန်တော်တို့နိုင်ငံကိုတရုတ်တပ်များပို့လွှတ်ပြီးအရင်ကျူးကျော်လာမှာမလွဲမသွေဖြစ်လာမှာပါ။

အကယ်၍ကျွန်တော်တို့နိုင်ငံဟာတရုတ်နိုင်ငံ၏ကျူးကျော်မှုခံရတဲ့အခါနေပြည်တော်ရဲ့အခြေအနေနှင့်အရေးပါမှုကိုကြည့်ရအောင်ဗျာ၊စစ်ဖြစ်တဲ့အခါနေပြည်တော်ဒေသဟာလေကြောင်းမှဗုံးထူထပ်စွာကြဲခံရ၊cruise missilesများနှင့်ခေါင်းမဖေါ်နိုင်အောင်နေရာလပ်မကျန်ပစ်ခံရမှာမလွဲမသွေပါ၊ထို့အပြင်(စစ်ဦးဘီလူး)ဘီလူးဆိုင်းတီးပြီးများလှစွာသောTanks များ MLRS များဖြင့်တိုက်လာသောတရုတ်ကျူးကျော်ရေးတပ်များကိုမိမိနယ်မြေများမဆုံးရှုံးဘဲချက်ချင်းတန့်သွားအောင်ခံစစ်ပြုနိုင်ရန်မှာအလွန်ခက်ခဲပါတယ်၊မဖြစ်နိုင်ဘူးလို့တောင်ဆိုနိုင်ပါတယ်၊ကျွန်တော်တို့နိုင်ငံ၏ရှေ့ပိုင်းရှမ်းပြည်နယ်ဟာရက်ပိုင်း(သို့မဟုတ်)လပိုင်းအတွင်းရန်သူတရုတ်တို့ရဲ့လက်ထဲကျသွားနိုင်ပါတယ်၊ဒီအခြေအနေမှာရှမ်းကုန်းမြေမြင့်အစပ်၊အခြေမှာရှိတဲ့နေပြည်တော်ရဲ့လုံခြုံရေးဟာဘယ်လိုမှမကောင်းနိုင်ပါ၊နေပြည်တော်ဒေသဟာပထဝီမြေအနေအထားအရတင့်ကားများစစ်ကစားရန်သင့်တော်တဲ့မြေအနေအထားဖြစ်နေတာကလည်းလုံခြုံရေးအဓိကအားနည်းချက်ဖြစ်နေပြန်ပါတယ်၊ဗုံးများနေ့ရောညပါဗုံးမိုးရွာခြင်းခံနေရတဲ့ဒေသဟာတပ်မတော်ကိုဘယ်လိုCommand And Control လုပ်နိုင်မှာလဲဗျာအခုတူးထားတဲ့Underground Tunnel မျုားUnderground Command And Control Centerများဟာသိရသလောက်မြေအောက်ရှိအမာခံအမိုးဟာသံကူကွန်ကူရစ်တစ်ပေခွဲနှစ်ပေအထူလောက်ဘဲရှိပါတယ်(မှတ်ချက်။အီရတ်တို့ရဲ၆ပေအထူဝါဆောနည်းပညာဗုံးခိုကျင်းတွေဟာအမေရိကန်ရဲ့ငလျှင်ဗုံး၊ဘန်ကာဖျက်ဗုံးတွေအောက်မှာပြားပြားဝတ်ခဲ့ရပါတယ်)Underground Tunnel နဲ့ပတ်သက်ပြီးအဖြစ်အပျက်တစ်ခုပြောပြရလျှင်နေပြည်တော်ပတ်လည်တလျှောက်တူးထားတဲ့Tunnelများအားမြေအောက်ရထားလမ်းကြောင်းအဖြစ်အသွင်ပြောင်းရန်ဂျပန်များနှင့်ဆွေးနွေးခဲ့သော်လည်းဂျပန်များမှတူးထားပြီးသောမြေအောက်ဥမင်လိုဏ်ခေါင်းများဟာအဆင့်အတန်းမပြည့်ဝသဖြင့်အသစ်တူမည်ဆို၍ပျက်သွားပါတယ်(ယခုရုရှားနှင့်လုပ်မည်ဆိုသောမြေအောက်ရထားလမ်းမှာအသစ်တူးမည်လားဖေါက်ပြီးသားဥမင်ဘဲပြန်သုံးမလားမသိပါ)အရပ်ဘက်မှာတောင်အဆင့်မမှီတဲ့ဥမင်လိုဏ်ခေါင်းတွေဟာစစ်ရေးမှာဘယ်လောက်များအသုံးဝင်နိင်မှာပါလဲဗျာ။ထို့အပြင်ယခုခေတ်စစ်ပွဲများမှာဥမင်လိုဏ်ခေါင်းများဟာခေတ်မမှီတော့ပါ။ဥပမာအားဖြင့်Yugoslavia နိုင်ငံအားအမေရိကန်ဝင်တိုက်စဉ်ကbillionsပေါင်းများစွာအကုန်ခံပြီးတည်ဆောက်ထားသောမြေအောက် Zeljava Air Baseကြီးမှာတကယ်တမ်းစစ်ဖြစ်တဲ့အခါဘာမှအသုံးမဝင်ခဲ့ပါ။၎င်းအပြင်ဥမင်လိုဏ်ခေါင်းတို့အားထောက်လှမ်းရေးဂြိုဟ်တုများနှင့်တည်ဆောက်စဉ်ကထဲကအလွယ်တကူတောက်လှမ်းနိုင်ပါတယ်၊အခုလောက်ဆိုနိုင်ငံကြီးများနှင့်အိမ်နီးချင်းနိုင်ငံများမှကျွန်တော်တို့ရဲ့ဥမင်တွေကိုထောက်လှမ်းမှတ်ပုံတင်ပြီးဖြစ်လောက်နေပါပြီ။ထိုဥမင်များအတွက်ငွေများလည်းများစွာကုန်ခဲ့ပါပြီ။

Thursday, July 28, 2011

တရားဝင်ဖခင်မရှိတဲ့ကလေး ..။(ရဲဘော်တာတေ)

တောင်ကိုးရီးယား နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံ ပြဿနာ ကြားတွင် စတေးခံခဲ့ရသော ဖြစ်ရပ်မှန် ဆောင်းပါးဖြစ်ပါသည်။

ကျနော် တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီး ကိုယ့်ရဲဘော်တွေ ကျဆုံးတာတွေ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတာတွေ များစွာကြုံတွေ့ခဲ့ရသော်လည်း “တို့ပြည်သူ့တပ်မတော် သားတွေဆိုတာ ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးရင်၊ ပြည်သူရဲ့ အသက် အိုးအိမ်စည်းစိမ်နဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် ဒီလိုစွန့်လွှတ်စွန့်စားပြီး ကာကွယ်ရမှာပဲ”ဆိုပြီး ဖြေနိုင်ခဲ့ပေမယ့် .... ။

ဒီနေ့ ကျနော့်ရင်ထဲမှာ ပူလောင်နေတယ်။ ကျနော်မျက်လုံးအိမ်ထဲက မျက်ရည်တွေဟာ လဲ အလိုလို ကျနေတယ်။ တစ်သက်နှင့်တစ်ကိုယ် ဒီလို ကျနော်မခံစားခဲ့ဘူးတော့ အလွန်အမင်း တုန်လှုပ်မိတယ်။

သွေးမတော် သားမစပ်ဘူးဆိုပေမယ့် ဒီကလေးက ကျနော်လက်ပေါ်မှာ ကြီးခဲ့ရတာမို့ အနေနီးစပ်လို့ ဒီလိုခံစားရတာလားလို့ ကျနော့်ကိုယ်ကျနော် ပြန်မေးခဲ့တယ်။ မဟုတ်ပါဘူး၊ အဖြစ်အပျက်ရဲ့ အခြေခံသဘောချင်းက ကွာခြားတယ်။ သူ့ကို မမွေးခင်ကတည်းက ဖခင် ဖြစ်သူက တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို သူ့အသက်နဲ့ လဲပေးသွားခဲ့တယ်။ ကြမ်းတမ်းတဲ့ လောကဓံကို ရင်ဆိုင်ဖြတ်သန်းရင်း ရရှိလာတဲ့ နှလုံးရောဂါကြောင့် သူ့ကိုမွေးပြီးပြီးချင်း သူ့အမေ က ဆုံးသွားခဲ့ပြန်တယ်။ ပြောရမယ်ဆိုရင်တော့ သူ့အဖေနဲ့ သူ့အမေကို သူ မမြင်ဖူးလိုက်။

ဒီလို့နဲ့ ကျနော့်ကို သူ့အဖေထင်ပြီး နေလာခဲ့တယ်။

ပြဿနာစတွေ့တာ သူ့အသက်ငါးနှစ်ပြည့်လို့ ကျောင်းအပ်တဲ့အခါ ဆရာမက “ဖခင် အမည်” လို့ မေးတယ်။ ကျနော်က “ဦးသိန်းနိုင်”လို့ ဖြေလိုက်တော့ ကျနော့်အမည် မောင်မောင် အောင်ဆိုတာ သူများတွေခေါ်တာ သူကြားပြီးသိနေတော့ သူက၀င်ပြီး “ဦးမောင်မောင်အောင်” ပါလို့ ၀င်ပြောတယ်။ ဒါနဲ့ ကျနော်က သားကို နောက်မှရှင်းပြမယ်နော်လို့ ပြောလိုက်တော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ငယ်သေးတဲ့ကလေးဆိုတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွား တယ်။

ကျောင်းကပြန်လာတော့ တခြားကလေးတွေကို သူတို့အမေတွေ လာကြိုတာ သူတွေ့ တော့ “ သားမေမေ ဘယ်မှာလဲ၊ သားတို့နဲ့ ဘာဖြစ်လို့အတူမနေတာလဲ”လို့ မေးပြန်တယ်။ ကျနော်လည်း ဘာဖြေရမလဲ မစဉ်းစားတတ်တော့တာနဲ့ “သားမေမေက ဟိုးအဝေးကြီးမှာ သားအတွက် ပိုက်ဆံတွေ သွားရှာနေတာ၊ ပြန်လာတော့ သားတွေ့ရမှာပေါ့” လို့ ပြောထား လိုက်ရတယ်။

မူလတန်းကျောင်းသားအရွယ်မှာ ဖုံးထားလို့ရပေမယ့် အလယ်တန်းကျောင်းသား ဖြစ်လာတော့ ဖုံးထားခဲ့သမျှ အားလုံးပေါ်ကုန်တော့တာပါဘဲ။ အဲဒီနေ့က သူ့အသက် (၁၃)နှစ်၊ ခုနှစ်တန်းတက်နေတဲ့အချိန်၊ သူတို့ကျောင်းကို (လ၀က) စီမံချက်နဲ့ အသက် (၁၀)နှစ်ပြည့် မှတ်ပုံတင်လာလုပ်ပေးတော့ ပုံစံ(၇) ဖြည့်တဲ့အခါ မိဘ၊ အဖိုးအဖွား အားလုံးသူသိသွားတယ်။

သူ့ဘ၀ဖြစ်စဉ် သူ့ကို ပြောပြဖို့ ငိုပြီးတောင်းဆိုလာတယ်။ ဒါနဲ့ ကျနော့်စာအုပ်သေတ္တာ ထဲက ၁၉၈၃ ခုနှစ် ဒိုင်ယာရီကိုရှာပြီး သူ့အဖေနဲ့ သူ့အမေအကြောင်း ရေးထားတဲ့ စာရွက်တွေကို ဖြုတ်ပြီး ပေးလိုက်ရတယ်။ ပြည့်ပြည့်စုံစုံပြောပြပါလို့ ထပ်တောင်းဆိုလာတာကို သနားတာနဲ့၊ ဒီလိုကွ ...

၁၉၈၂ ခုနှစ်မှာ ရန်ကုန်တိုင်း၊ သန်လျှင်မြို့မှာရှိတဲ့ ခလရ (၉၀) ကို တာဝန်နဲ့ ရောက် သွားတော့ အဲဒီမှာ မောင်သိန်းနိုင်ဆိုတဲ့ ရဲဘော်လေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက လူငယ်လဲ ဖြစ်၊ လူပျော်လဲဖြစ်၊ ချောလဲချောဆိုတော့ သူ့ကို အားလုံးကချစ်ကြတယ်။ မိန်းကလေးတွေလဲ ပါတာပေါ့။ အဲဒီအထဲမှာ တပ်ခွဲ တပ်ကြပ်ကြီးတစ်ယောက်ရဲ့သမီး သန်းသန်းဆွေ ဆိုတဲ့ ကောင်မလေးနဲ့ သူ လူငယ်ချင်း မေတ္တာမျှခဲ့ကြပြီးနောက် ၁၉၈၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာဘဲ ‘လေးမာန်အောင်’ စစ်ဆင်ရေးနဲ့ ရှမ်းပြည်တောင်ပိုင်းကို ရှေ့တန်းထွက်ခဲ့ရတယ်။

ရှေ့တန်းကို ရောက်ပြီး သုံးလအကြာ လစာပေးအဖွဲ့လာတော့ သန်းသန်းဆွေ ရေးလိုက်တဲ့စာထဲမှာ သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်။ အဲဒါ လက်ထပ်ခွင့်တင်ဖို့ အမြန်ဆုံးလုပ်ပေးဖို့ ပါတယ်။ ဒါနဲ့ ရဲဘော်သိန်းနိုင် တပ်ခွဲမှူးကို သတင်းပို့တင်ပြတယ်။ တပ်ခွဲမှူး ကလဲ သူထောက်ခံပေးမယ်လို့ ကတိပေးတယ်။ ဒါပေမယ့် ခက်နေတာက အားလုံးက ရှေ့တန်း မှာ ရောက်နေတယ်ဆိုတော့ ရှေ့တန်းကပြန်မှဘဲ အမြန်ဆုံးဖြစ်အောင် စီစဉ်ပေးမယ်လို့ တပ်ခွဲမှူးက ပြောတယ်။

နောက်သုံးလလောက်ကြာတော့ ခလရ (၇၀) လာချိန်းတာကြောင့် နောက်တန်းကို ပြန်ရပေမယ့် ကုသိုလ်ကံက မကောင်းဘူး။ တပ်ရင်းမှာ (၅) ရက်သာ အနားရပြီး လွှတ်တော် လုံခြုံရေးဆိုပြီး ရန်ကုန်ကို ပြန်ထွက်ရပြန်တယ်။ အဲဒီအချိန်မှာ ရဲဘော်သိန်းနိုင်နဲ့ သန်းသန်းဆွေ တို့အပြင် လူ့လောကထဲကို မရောက်သေးတဲ့ သန်းသန်းဆွေလွယ်ထားတဲ့ ဗိုက်ထဲက ကလေးရဲ့ ဘ၀၊ အဲဒီဘ၀သုံးခုဟာ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားဆိုတဲ့ ကျွဲနှစ်ကောင် ခတ်တဲ့ကြား မှာ မြေဇာပင်ဖြစ်ခဲ့ရတဲ့အကြောင်းကတော့ ....

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့မှာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ တောင်ကိုရီးယားနိုင်ငံ သမ္မတကြီး ချန်ဒူးဝန်နဲ့ ၀န်ကြီးတချို့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် အလည်ရောက်လာခဲ့တယ်။ အောက်တိုဘာလ (၉)ရက်နေ့မှာ ဧည့်သည်တော် တောင်ကိုရီးယား သမ္မတကြီးနဲ့ ၀န်ကြီးအဖွဲ့ဟာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရ၀ပြု ပန်းခွေချဖို့ အာဇာနည်ကုန်းကို သွားတယ်။ အဲဒီမှာ တောင်ကိုရီးယားသမ္မတကြီးကို လုပ်ကြံဖို့ မြောက်ကိုရီး ယားအစိုးရက လွှတ်လိုက်တဲ့ ကွန်မာန်ဒို (၃)ဦးက ဗုံးခွဲတိုက်ခိုက်တာကြောင့် တောင်ကိုရီးယား သမ္မတကြီး လွတ်မြောက်ခဲ့သော်လည်း ၀န်ကြီး (၄)ဦး၊ အဖွဲ့ဝင် (၁၃)ဦး၊ မြန်မာ (၄)ဦး သေဆုံး သွားခဲ့တယ်။

အောက်တိုဘာလ (၁၀) ရက်နေ့မှာ အကြမ်းဖက်ဖေါက်ခွဲရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးအဆင့် ဇင်မိုကို ပုဇွန်တောင်ချောင်းထဲမှာ ဖမ်းဆီးရခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာန ခွဲစိတ်ခန်း အနီးကပ်အထူးလုံခြုံရေး တာဝန်ယူခဲ့ရပြီး အောက်တိုဘာလ (၁၁) ရက်နေ့ မနက် (၁၀) နာရီလောက်မှာ အဲဒီ မြောက်ကိုရီးယားဖေါက်ခွဲရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးဇင်မို ကို အမှတ်(၂) တပ်မတော်စစ်ဆေးရုံကြီးသို့ ပို့ပေးပြီး ကန်တော်မင်ပန်းခြံအတွင်းရှိ အမှတ်(၁) စစ်ဗျူဟာရုံးကိုရောက်တော့ ရန်သူ့သတင်းကြေးနန်းဝင်နေတယ်။ ရဲဘော်တွေ တန်းစီထားပါ ဆိုတဲ့ အမိန့်က ဆီးကြိုစောင့်နေတယ်။ ခဏကြာတော့ အသေခံကွန်မန်ဒို (၁၀)ယောက် ရွေး၊ ကားပေါ်တက်ခိုင်းပြီး ဒလကြမ်းမောင်းထွက်ခဲ့တယ်။ ပြီးတော့ မင်္ဂလာဒုံ (၅၀၂) လေတပ် လေယာဉ်ကွင်းကိုရောက်တော့ ရန်ကုန်တိုင်း ဒုတိယစစ်တိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့် (န၀တ လက်ထက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့်၊ သာသနာရေးဝန်ကြီး)၊ အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ညီစိန်၊ ခလရ (၉၀) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အုန်းမြင့်၊ ခလရ (၉၀) ထောက် လှမ်းရေးအရာရှိ ဗိုလ်ကြီးကျော်စိုးနဲ့ တွေ့တယ်။ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်က “ရဲဘော်တို့ အခု ရန်သူကို သွားရှာရမယ်။ ရှာတဲ့အခါမှာ ဆူးတွေ့လဲနင်း၊ ကျားတွေ့လဲတိုး၊ မြေကြီး တစ်လက်မ မကျန် တောနင်းရှာဖွေပါ။ တွေ့ခဲ့ရင် အရှင်ရအောင်ဖမ်းပါ။ တို့တိုင်းပြည်ရဲ့ ဂုဏ် သိက္ခာ ပြန်ဆည်ဖို့ တို့ရဲဘော်တွေရဲ့ အသက်တွေ စတေးရင်လဲ စတေးရမယ်။ ဒါပေမယ့် ရန်သူဒဏ်ရာရတာ မလိုချင်ဘူး” အမိန့်ပေးပြီး ရဲဘော်တွေရဲ့ အမည်၊ ကိုယ်ပိုင်အမှတ်၊ သွေးအုပ်စု၊ တိုက်ပွဲမှာ ကျဆုံးခဲ့ရင် - အမွေစားမွေခံ ဘယ်သူ့ကိုပေးမယ်၊ ပထမဦးစားပေး ဒုတိယဦးစားပေး စတာတွေ မှတ်တမ်းမှာဖြည့်ကာ ရဟတ်ယာဉ်ပေါ်တက်ပြီး ထွက်တယ်။ ရွှေတိဂုံဘုရားကြီးကို သုံးပတ်ပျံသန်းပေးပြီး ဘုရားကို ၀တ်ပြုစေတယ်။ ပြီးမှ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ သခွတ်ပင်ကျေးရွာနဲ့ အနီးဆုံး တာရိုးကြီးပေါ်ဆင်းဖို့ ရဟတ်ယာဉ်ကို နှိမ့်လိုက် တာနဲ့ စပါးပင်တွေအကုန်လဲတာကြောင့် လေထဲမှာဘဲရပ်ပေးပြီး ရဲဘော်တွေကို ခုန်ဆင်းစေ ခဲ့တယ်။

ရဲဘော် (၁၀) ယောက် မြေကြီးပေါ်ရောက်တာနဲ့ စစ်တပ်ရဲ့ထုံးစံအတိုင်း သခွတ်ပင်ရွာ ထဲကို ရှင်းလင်းဝင်ရောက်တော့ ရန်သူက မရှိတော့ဘူး။ ရွာအပြင် လယ်ကွင်းတွေဖက် ထွက် သွားကြောင်း သတင်းအရ ရွာအပြင်ကိုထွက်၊ လယ်ကွင်းတွေထဲမှာ ရင်ဘောင်တန်း ဖြန့်ပြီး ရှာတယ်။ မိုးသာချုပ်သွားတယ်။ ရန်သူ့အရိပ်အယောင်ကို မတွေ့ရသေးဘူး။ ဒါနဲ့ လယ်ကွင်း စပ်မှာ ရွာကပေးတဲ့ ထမင်းထုပ်ကို စားပြီး ငုတ်တုတ်မိုးလင်းခဲ့ရတယ်။

အောက်တိုဘာလ (၁၂) ရက်နေ့ မနက်အလင်းရောင်ရတာနဲ့ လယ်ကွင်းထဲ ထပ်ပြီး ရှာတယ်၊ မတွေ့ဘူး။ ပြီးတော့ ကမ်းစပ်က ခရားတောကို တောနင်းပြီးရှာတယ်။ အဲဒီတော့မှ ရေဆင်းမြောင်းထဲမှာ ဗေဒါတွေနဲ့ဖုံးအုပ်၊ မျက်ကွယ်ယူထိုင်နေတဲ့ မြောက်ကိုရီးယား အကြမ်း ဖက် ဖေါက်ခွဲရေးသမား ဗိုလ်ကြီးအဆင့်ရှိသူ ကင်မင်ချူးကို တွေ့လိုက်ရတယ်။

ဒီတော့ ဒုတိုင်းမှူး ဗိုလ်မှူးကြီးမျိုးညွန့်ရဲ့ အမိန့်အတိုင်း ရင်ဘောင်တန်းဖြန့်ထားတဲ့ ရဲဘော်တွေရဲ့ ဘယ်အစွန်က သုံးယောက်ကို အသင့်ပြင်ဖို့ တပ်စိတ်မှူးက အမိန့်ပေးတယ်။ ဘယ်အစွန်မှာရှိနေတဲ့ ရဲဘော်သန်းထွေး၊ ရဲဘော်သိန်းနိုင်၊ ရဲဘော်ညွန့်ဟန်တို့ လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်တွေကို မြေကြီးပေါ်ချလိုက်ပြီး ရှေ့တစ်လှမ်းစီ တိုးရပ်လိုက်တာကို မြင်နေရတယ်။ အဲဒီနောက် တပ်စိတ်မှူးရဲ့ လက်ခုပ်တီးပြီး “စ”လို့ အမိန့်ပေးသံ၊ ရဲဘော် သုံးယောက်ရဲ့ “ကျား” ဆိုတဲ့ အော်ဟစ်မာန်သွင်းသံ၊ “ဂျိန်း”ကနဲ ပေါက်ကွဲသံ ဆက်တိုက် ထွက် ပေါ်လာခဲ့ပြီး မြင်ကွင်းတစ်ခုလုံး မီးခိုးများ ဖုံးအုပ်သွားခဲ့တယ်။

မီးခိုးများလွင့်ပါးသွားချိန် မြင်ကွင်းကို သေချာကြည့်လိုက်တော့ ကျနော်တို့ ရဲဘော် သုံးယောက် ရန်သူနဲ့မလှမ်းမကမ်းမှာ လဲပြိုနေကြတာကို တွေ့လိုက်ရတယ်။ ထို့နောက် တပ်စိတ် မှူးက “နောက်သုံးယောက် အသင့်ပြင်”လို့ အမိန့်ပေးသံအဆုံးမှာ ရဲဘော်သုံးယောက် သေနတ် များကို ဘေးချကာ ရှေ့တစ်လှမ်းစီ တိုးရပ်လိုက်ကြတာကို မြင်နေရတယ်။

ထို့နောက် တပ်စိတ်မှူးရဲ့အမိန့်ပေးသံ ထွက်ပေါ်လာပြီး ရဲဘော်တွေရဲ့ ကျားထိုးခုန် အုပ် ဖမ်းဆီးမှုကြောင့် နောက်ဆုံးတွင် ရန်သူကို အရှင်ရအောင် ဖမ်းဆီးနိုင်ခဲ့သော်လည်း ဒဏ်ရာရသူ ရဲဘော်သုံးဦးကို ရဟတ်ယာဉ်နဲ့တင်ပြီး မြေပြင်မှ စတက်လိုက်သည်နှင့် ရဲဘော် ညွန့်ဟန် ကျဆုံးသွားသည်။ နောက် လမ်းခုလတ်မှာပင် ရဲဘော်သိန်းနိုင် ကျဆုံးသွားခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်းသို့ အဆင်းမှာ ရဲဘော်သန်းထွေး ကျဆုံးသွားခဲ့တယ်။

ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးကို သူရတံဆိပ်ပေးခဲ့သော်လည်း ရဲဘော်သိန်းနိုင်မှာ လက်ထပ်ခွင့်ပြန်မကျခင် ကျဆုံးသွားခဲ့သောကြောင့် သန်းသန်းဆွေမှာ ခံစားခွင့်လဲမရဘဲ ချစ်သူနှင့် သေကွဲ ကွဲခဲ့ရခြင်း၊ တရားဝင် လက်ထပ်ခြင်း မပြုလိုက်ရသော်လည်း ကိုယ်ဝန်ကြီး လွယ်ထားရ၍ ပတ်ဝန်း ကျင်၏ တီးတိုးပြောဆိုခြင်းကြောင့် အရှက်ရစေခဲ့ခြင်း၊ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ အစားဆင်းရဲခြင်းတို့ စုပေါင်းကာ နောက်ဆုံး၌ နှလုံးရောဂါရရှိပြီး ကလေးမွေးပြီး ချိန်တွင် ဆုံးပါးသွားခဲ့ရရှာတယ်။

ဒီလိုနဲ့ဘဲ သားကို ဦးကဘဲခေါ်မွေးခဲ့တယ်လို့ ပြောပြအပြီး ကလေးကိုကြည့်လိုက်တော့ မျက်ရည်တွေစီးကျနေသော်လည်း မျက်တောင်မခတ်တော့ဘူး။ ကျနော်က သူ့ပုခုံးနှစ်ဖက်ကို ကိုင်ပြီး သားသားလို့ခေါ်ပေမယ့် အသံလည်းထွက်မလားဘူး။ ဒါနဲ့ ကျနော်လည်း သူ့ကိုထမ်းပြီး နီးစပ်ရာ ဆေးခန်းပြေးပြတယ်။ ဆရာဝန်က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို သွားဖို့ ပြောတယ်။ နောက်ဆုံး အရေးပေါ်ကိုရောက်ပြီး နှစ်နာရီ လောက်အကြာမှာ ဆရာဝန်ကြီးက “ဒီကလေးမှာ မွေးရာပါ နှလုံးရောဂါရှိတယ်။ အခုအဲဒီနှလုံးရောဂါနဲ့ဘဲ ဆုံးသွားပြီ” တဲ့။ ကျနော့် ရင်ထဲ ဗလောင်ဆူသွားတယ်။ ဆေးရုံမှာလုပ်စရာရှိတာတွေ လုပ်ကိုင်ပေးခဲ့ပြီးတော့ အိမ်ကို ဘယ်လိုပြန်ရောက်သည်ကိုပင် ကျနော်မသိ။ ကျနော့်စိတ်ထဲမှာ အရမ်းကိုမွန်းကျပ်နေတယ်။

‘ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့’ တဲ့၊ ရှေးကဆိုခဲ့တဲ့စကား။ ကြာရင်ဆိုတဲ့အချိန်ကာလ ဘယ်လောက်ကြာရင် မေ့မှာလဲ။

ဒီနေ့မနက် ဘီဘီစီအသံလွှင့်ဌာနက သတင်းကြေငြာတဲ့အထဲမှာ “မြောက်ကိုရီးယား အစိုးရကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း၊ နောက်တနေ့တွင် နေပြည်တော်တွင် နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး ဆွေးနွေးရန်”တဲ့။

ကြားလိုက်ရတဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ ၀မ်းနည်းကြေကွဲခြင်းနှင့် ဒေါသထွက်ခြင်း တပြိုင်တည်း ဖြစ်ပေါ်လာခဲ့တယ်။

ဒီမြောက်ကိုရီးယားအကြမ်းဖက်သမားတွေ ကိုယ့်မြေပေါ် ကျူးကျော်ဝင်ရောက်၊ ကိုယ့်ဧည့်သည်ကို စော်ကား၊ ဒါကို တာဝန်သိသိနဲ့ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို ကိုယ့်အသက်နဲ့ လဲပေးသွားတဲ့ စွန့်လွှတ်စွန့်စားသူ ပြည်သူ့တပ်မတော်သားတွေရဲ့ သစ္စာတရားကိုမှမထောက်၊ လုပ်ရက်ပါပေ့ကွာ။

မနက်မိုးလင်းရင် တစ်ကြိမ်၊ ညမိုးချုပ်ရင်တစ်ကြိမ် ဆိုနေကြတဲ့ သစ္စာအဓိဋ္ဌာန် (၄)ချက်ဆိုတာ ဘာရည်ရွယ်ချက်နဲ့ဆို နေကြတာလဲ။

(၁) ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။

(၂) ငါတို့သည် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။

(၃) ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။

(၄) ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန် ပြုပါ၏။ - တဲ့။

ဒီသစ္စာအဓိဋ္ဌာန် (၄)ချက်အတိုင်း ကျနော့်ရဲဘော် သန်းထွေး၊ ရဲဘော်ညွန့်ဟန်၊ ရဲဘော် သိန်းနိုင်တို့သည် သူတို့ရဲ့အသက်နှင့် ခန္ဓာကိုယ် စွန့်လွှတ်ပေးသွားခဲ့တယ်။ သူတို့ကို မှီခိုနေကြ ရတဲ့ သူတို့ရဲ့ မိသားစုတွေဆိုရင်လဲ စစ်သားတစ်ယောက် တိုက်ပွဲကျသွားပြီးနောက်ပိုင်း (၃)လ သာ နေအိမ်လိုင်းခန်း၌ နေထိုင်ခွင့်ရှိပြီး (၃)လပြည့်ပြီးတာနဲ့ ဆင်းပေးဖယ်ပေးကြရတယ်။ မဖြစ် စလောက် ထောက်ပံ့ငွေးလေးနဲ့ နေစရာကမရှိ၊ ကြာတော့ လမ်းဘေးရောက်၊ သားသမီး တွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမှမရေရာတော့ သူတို့အတွက် အနာဂတ်ဆိုတာ ဘာလဲလို့ မေးယူရမယ့်ဘ၀။ နောက်ဆုံးတော့ သားသမီးတွေ ထမင်းလေးနပ်မှန်စေဖို့ မျက်စိကို စုံမှိတ်ပြီး ခန္ဓာကိုယ်ကို စတေးလိုက်ရတဲ့ စာရင်းတွေသာ တနေ့တခြား တိုးတိုးလာခဲ့တယ်။ တရားဝင်ဖခင်မရှိတဲ့ ကလေးတွေ များများလာနေတယ်။

ဒီအကြောင်းတွေကို ကျနော်စဉ်းစားတိုင်း ထွက်လာတဲ့အဖြေကတော့ ကျနော်တို့ အောက်ခြေကစစ်သားတွေဟာ သစ္စာအဓိဋ္ဌာန် (၄)ချက်ကို နေ့စဉ်ဆိုနေကြရတယ်၊ စောင့်သိ ရိုသေ လိုက်နာနေကြတယ်။ စစ်ဗိုလ်ချုပ်တွေက သစ္စာအဓိဋ္ဌာန် (၄)နဲ့ ကင်းကွာနေကြတယ်။

ဘာဘဲဖြစ်ဖြစ် စစ်ဗိုလ်ချုပ်ကြီးများဟာ ကျဆုံးလေပြီးသောရဲဘော်တို့၏ သစ္စာကို စောင့်သိရိုသေ မယ်ဆိုရင် ဒီမြောက်ကိုရီးယား အကြမ်းဖက်အစိုးရကို သံတမန်အဆက်အသွယ် မလုပ်သင့်ပါ။

ကျဆုံးလေပြီးသော ရဲဘော်တို့၏ သစ္စာကိုမစောင့်သိဘဲ ကိုယ့်အာဏာတည်မြဲရေးကိုသာ ကြည့်မယ်ဆိုခဲ့ရင် ကျနော်တို့ အောက်ခြေစစ်သားတွေအနေနဲ့ စဉ်းစားသင့်တာတွေ စဉ်းစားပြီး လုပ်သင့်တာတွေကို လုပ်ကြဖို့ လိုအပ်နေပြီလို့ ... ။

ရဲဘော်တာတေ ..။

Monday, July 18, 2011

အာဇာနည်နေ့ အထိမ်းအမှတ်


ဒီပိုစ့်ကို အရမ်းသဘောကျလို့ ကိုcomrade ရဲ့ခွင့်ပြုချက် တောင်းခံပြီး တင်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ...။

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ ၆၄ နှစ်ရှိခဲ့ပြီ။ ခုချိန်ထိ ကျွန်တော်တို့ နိုင်ငံဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ အနေအထားနဲ့ အလှမ်းကွာဆဲပဲ။ တပ်မတော်ဟာလည်း ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ တပ်မတော်မျိုး ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။ ဒီ(၆၄)နှစ် အတွင်းမှာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တာတွေကို ကျွန်တော်တို့ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့သလည်းဆိုတာ ပြန်သုံးသပ်မိတယ်။ လွဲမှားခဲ့တာတွေ ဆုံးရှုံးခဲ့တာတွေ အတွက် ဝမ်းနည်းနေလို့ မပြီးသေးပါဘူး၊ ကျွန်တော်တို့ အားလုံး ကိုယ်စီ ကိုယ်စီ အားစိုက်ထုတ် ကြိုးပမ်းဖို့ အများကြီး လိုနေသေးတယ်။ ကျွန်တော်တို့တွေ ဗိုလ်ချုပ်စကားကို နားမထောင်ကြလို့ ခုချိန်ထိ မြန်မာချင်း ချကြတုန်း၊ သတ်ကြတုန်း၊ တလွဲဆံပင်ကောင်း ကြတုန်း ရှိသေးပေမယ့်၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ ပြန်လည်ဖော်ထုတ်လာကြတာ၊ ဗိုလ်ချုပ်အမှတ်တရတွေ ရေးဖွဲ့ကြတာ၊ ဗိုလ်ချုပ်ကို မမေ့ကြောင်း ပုံတွေ စာတွေနဲ့ ဖေါ်ကျူးကြတာ အဆိုးထဲက အကောင်းပါပဲ။ အနည်းဆုံးတော့ ဗိုလ်ချုပ်ရဲ့ ရိုးဖြောင့်တဲ့ စိတ်ဓါတ်နဲ့ ဆုံးမ စကားတွေကို ကျွန်တော်တို့ မမေ့ကြသေးတဲ့ သဘောပေါ့။ လိုက်နာနိုင်ကြရင်တော့ ကျွန်တော်တို့နိုင်ငံဟာ ညီညွတ် ငြိမ်းချမ်းတဲ့ လမ်းကို နိုင်ငံသားအားလုံး အတူလှမ်းနိုင်ကြပါလိမ့်မယ်။

နိုင်ငံအပိုင်းနဲ့ ပက်သက်လို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေနဲ့ ချိန်ထိုးပြီး သုံးသပ်သူတွေ အများအပြားရှိပြီးသားမို့ ကျွန်တော်ကတော့ တပ်မတော်နဲ့ ပက်သက်လို့ ကျွန်တော်ဉာဏ်မှီသလောက် သုံးသပ်တင်ပြ ပါရစေ။ ရုပ်ပိုင်းဆိုင်ရာ သုံးသပ်ရရင် ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ တပ်မတော်ကို မှီဖို့ အများကြီး လိုပါသေးတယ်။ လေတပ် အနေနဲ့တင် ရှေ့တန်းတိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) အနည်းဆုံး ထားရှိနိုင်ဖို့ ဗိုလ်ချုပ်က ရည်မှန်းခဲ့တာပါ။ အရန်နဲ့ ထောက်ပံ့ရေး လေယာဉ် အနည်းဆုံး အစင်း(၅၀၀)၊ ကြည်းတပ် အင်အား ၁ သန်း (၁ ၀၀၀ ၀၀၀) ထားရှိဖို့ ရည်ရွယ်ခဲ့တယ်။ တိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) ဆိုတာ အခုခေတ် လေယာဉ်တွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာတဲ့ အတွက် အဲဒီ့ အရေ အတွက်လောက် မလိုဘူးလို့ ဆိုကောင်း ဆိုနိုင်ပေမယ့် အိမ်နီးချင်း အိန္ဒိယလေတပ်ရဲ့ လေယာဉ် အစင်း (၁၆၀၀) ကျော်၊ တရုတ်လေတပ်ရဲ့ လေယာဉ်အစင်း (၂၅၀၀) ကျော်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဗိုလ်ချုပ်က ကြည်းတပ်အင်အား ၁ သန်း ထားနိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ အပြင်၊ နိုင်ငံသားတိုင်း စစ်ပညာတတ်စေဖို့၊ အရေးကြုံရင် အသင့် ဖွဲ့စည်း တိုက်နိုင် ခိုက်နိုင်တဲ့ အရန်အင်အား သန်းချီပြီး ပြည်သူထဲမှာ ရှိနိုင်ဖို့ အထိ ရည်ရွယ်ခဲ့ပါတယ်။ military doctrine နဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ချမှတ်ခဲ့တာ ပြည်သူ့စစ်မဟာဗျူဟာ (People's strategy) ပါပဲ။ ၁၉၄၉ ခုနှစ်မှ စတင် ထူထောင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကို ဗိုလ်ချုပ်ကြိုမြင်ခဲ့လေ သလား မသိပါ၊ အနာဂါတ်မှာ အရှေ့တောင် အာရှနိုင်ငံတွေ အားလုံး စုပေါင်းပြီး ပြည်ထောင်စုကြီး တစ်ခု ထူထောင်ရမယ် ဆိုတာ ကြိုတင် မိန့်ကြားခဲ့ဖူးပါတယ်။ ပထဝီနိုင်ငံရေး အရ မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင် အာရှဒေသနဲ့ ပိုပြီး နီးကပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ရမယ် ဆိုတာ ဗိုလ်ချုပ် ကြိုမြင်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားအရ အင်အားတောင့်တင်း ခိုင်မာတဲ့ တပ်မတော် တစ်ရပ်မရှိလို့ မရပါ။ တပ်မတော် အင်အားရှိဖို့ အတွက်က တိုင်းပြည် အင်အားရှိဖို့ အဓိက အရေးကြီးပါတယ်။ ဘယ်သူ့သြဇာမှ မခံရတဲ့ သိက္ခာရှိတဲ့ အချုပ်အခြာပိုင် နိုင်ငံတစ်ခု အဖြစ်ရပ်တည်ချင်ရင် ကျွန်တော်တို့ ပြည်တွင်းရေး စည်းလုံးညီညွတ်မှ ရမယ်၊ ကာကွယ်ရေး စွမ်းအား တောင့်တင်းနေမှ ရမယ်။ ကိုယ့်အချင်းချင်း မတည့်လို့ သူများကို မျက်နှာချိုသွေးရတဲ့ အဖြစ်မျိုးဟာ အသည်းနာဖို့ ကောင်းလှတယ်။ မိမိတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအကျိုးထက် အမျိုးသား အကျိုးစီးပွားကိုသာ အဓိက အခြေခံ စဉ်းစားတတ်ကြရင် ကျွန်တော်တို့ ဒီထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ လုပ်စရာတွေ အများကြီး ရှိနေကြောင်း မြင်ကြရပါလိမ့်မယ်။ ကိုယ့်ဘေးက နိုင်ငံကြီး နှစ်ခုက အင်အားတွေ (နိုင်ငံရေး၊ စစ်ပွားရေး၊ စစ်ရေး) ကြီးထွားလာလိုက်တာ၊ အနောက်ကမ္ဘာမှာတောင် အိန္ဒိယနဲ့ တရုတ်တို့ အတက် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နေကြရပီ။ အဲ့ဒီ့နှစ်နိုင်ငံကြားက ကျွန်တော်တို့ နိုင်ငံမှာတော့ ရန်ဖြစ်လို့ ကောင်းတုန်း။ လှေတစ်စီးတည်း စီးရင်း သူလှော်မယ်၊ ငါလှော်မယ်၊ ဟိုလို လှော်မယ်၊ ဒီလို လှော်မယ်နဲ့ ရန်ဖြစ်နေကြပုံနဲ့တော့ ရှေ့က ရောက်နှင့်ကြတဲ့ လှေတွေကို မှီဖို့ ဝေးစွ လှေစီးရင်း ရန်ဖြစ်လို့ အားလုံးရေနစ်ကြရမယ့် အရေးပါပဲ။ ကျွန်တော်တို့ အချိန်မှီပြင်ကြမှ ဖြစ်မယ်။ နိုင်ငံကြီး နှစ်နိုင်ငံကြားရောက်နေတာ အဆိုးချည်းပဲတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လုပ်တတ်မယ်၊ လုပ်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိအောင် လုပ်နိုင်တာတွေ အများကြီးပါ။ သူများကို အမှီအခို ကင်းကင်းနဲ့ ကိုယ့်ခွန်ကိုယ့်အားကို အားကိုးပြီး ရပ်တည်နိုင်ဖို့ အရင်ဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အချင်းချင်း စည်းလုံးကြဖို့ လိုနေပါပြီ၊ ပြီးရင်တော့ ဗိုလ်ချုပ်ပြောသလို ပြဲနေအောင် လုပ်ကြရမှ ဖြစ်လိမ့်မယ်။

တပ်မတော်ကိစ္စ သုံးသပ်ရင်းကနေ ညီညွတ်ရေး အထိ တွေးမိသွားတယ်။ ကျွန်တော်ပြောချင်တာ ပြန်ကောက်ရရင် တပ်မတော်ဟာ ရုပ်ပိုင်းဆိုင်ရင် တိုးတက်မှုတွေ အများကြီး လိုနေပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ တပ်မတော်မျိုးကို ကျွန်တော်တို့ မရောက်ရှိသေးပါဘူး။ အမျိုးသားရေး လိုအပ်ချက်အရ လွတ်လပ်ရေးသမိုင်းနဲ့ အတူ မွေးဖွားလာတဲ့ တပ်မတော်ဟာ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ အစဉ်အလာကောင်းတွေကို ခံယူခဲ့ပြီးသားပါ။ ဒါပေမယ့် လွတ်လပ်ပြီးစ ပြည်တွင်းစစ် ဝင်္ကပါ အတွင်းကျရောက်ခဲ့ရတာ၊ နိုင်ငံအုပ်ချုပ်ရေး အပိုင်းမှာ ကာလရှည် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ပါဝင်ခဲ့ရတာဟာ တပ်မတော်ရဲ့ စိတ်ဓါတ်ကို ရိုက်ခတ်မှုမျိုးစုံရှိခဲ့ပြီး အရောင်အမျိုးမျိုးလည်း ဆိုးခံခဲ့ရ ပါတယ်။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမှာ အဖုအထစ် တွေလည်း ဖြစ်စေခဲ့တယ်။ တပ်မတော်ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ယနေ့မှာ ပြန်လည်ထမ်းဆောင်နေရပြီ ဖြစ်တဲ့ အတွက် တပ်မတော်ရဲ့ စိတ်ဓါတ်ကို အခြေခံက စလို့ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းကနေ စပြီး ကိုယ်စီကိုယ်စီ၊ ထိုမှ တဆင့် ကိုယ့်ရဲ့ လက်လှမ်းမှီသလောက် ပြန်လည် ပြုပြင်ကြပါစို့၊ မွန်မြတ်တဲ့ အစဉ်လာကောင်းတွေကို ထိန်းသိမ်း ကြပါစို့ဗျာ။

ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုပါသည်။

regards,

Comrade

Tuesday, July 12, 2011

ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ ၂၀၀၁ (အချက်အလက်ကြမ်း အချို့)


မြန်မာ-ယိုးဒယားနယ်စပ်ရှိ မြန်မာ့တပ်မတော် စခန်း

၂၀၀၁ တိုက်ပွဲစဉ်တွေ အကြောင်းကို ကိုMM က ရေးပေးဖို့ ပြောလာတော့ ကျွန်တော် ရေးဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့ အချက်အလက်တွေက တပိုင်းတဆတွေ ဖြစ်နေတယ်၊ ဖြစ်စဉ်ကို အစဉ်လိုက် ဘာပြီး ဘာဆက်ဖြစ်ခဲ့တယ် ဆိုတာ မသိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးကြည့်ပေမယ့် ရေးလို့ မရခဲ့ဘူး။ ဒါပေမယ့် တကယ် သိတဲ့ လူတွေ မရေးခင် တိုက်ပွဲတွေနဲ့ ပက်သက်လို့ နည်းနည်းပါးပါး သိချင်တဲ့ သူတွေ အတွက် ကျွန်တော် သိသလောက် အချက် အလက် ကလေးတွေ မျှဝေပါ့မယ်။ ဒါကြောင့် ခေါင်းစဉ်ကို နည်းနည်းပြင်ပြီး .... အချက် အလက်ကြမ်း အချို့ .... လို့ပဲ အမည်ပေးလိုက်ပါတယ်။

၂၀၀၁ နယ်စပ်တိုက်ပွဲတွေ စတင်လာတာကတော့ ဖေဖော်ဝါရီ လထဲမှာပါ။ မယ်ဆိုင်မြို့အနီးက အို-၇ တောင်ကုန်းစခန်းကို ထိုင်းဘက်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုတာကနေ စတင်လာတာပါ။ အဲဒီ့ အချိန်မှာ နယ်စပ် တလျှောက်မှာ တပ်မတော်နဲ့ SSA တို့ကလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ အချိန်ပါ။ အဲဒီ့ အချိန်ကာလမှာပဲ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်တို
့ အပါအဝင် တပ်မတော် အရာရှိကြီး အချို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ အဲဒီ့ ဖြစ်ရပ်ကြောင့်ပဲ ထိုင်းနိုင်ငံက စစ်ရေးအရ ပိုမို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သလားတော့ မသိပါ၊ နယ်စပ်တိုက်ပွဲတွေ ပိုပြီး အရှိန်တက်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ တပ်မတော် ရှေ့တန်း ကျထိနစခန်း၊ ပါချီးစခန်း နဲ့ အို-၇ တောင်ကုန်းတွေကို SSA တပ်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီ့ စခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး အဲဒီ့ စခန်းတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နိုင်ငံဘက်ခြမ်းမှာ ထိုင်းစစ်စခန်းတွေ ရှိပါတယ်။ ထိုင်းစစ်စခန်းဘက်ကနေ SSA အင်အား ၂၀၀ ကနေ ၂၆၀ လောက်ဟာ လက်နက်ကြီး ပစ်အားသုံးပြီး အင်အား အလုံးအရင်းနဲ့ ညတိုက်ပွဲ ဆင်နွှဲပြီး ဝင်ရောက်စီးနင်းတာပါ။ ထိုင်းစစ်စခန်းကလည်း ညတိုက်ပွဲသုံး ဆလိုက် မီးမောင်းကြီးတွေနဲ့ ထိုးပြပေးခဲ့တယ်လို့ ဆိုတယ်။ လက်နက်ကြီးနဲ့လည်း ပစ်ကူ ပေးခဲ့တယ်လို့ ဆိုတယ်။ တပ်မတော်စခန်းတွေမှာက အို-၇ မှာ တပ်စုအင်အားလောက်ပဲ စခန်းထိုင်ထားပါတယ်။ ပါချီးစခန်းမှာ တပ်ခွဲ အင်အားလောက်ပဲ ရှိပါတယ်။ အင်အား ကွာခြားပေမယ့်၊ ရန်သူ့တိုက်စစ်အင်အားထက် အလွန်နည်းပေမယ့် အဓိက အဆုံးအဖြတ် ပေးခဲ့တာကတော့ အငိုက်ရရှိမှုပါ။ SSAဟာ လူအငိုက်ကော အချိန် အငိုက်ပါရရှိပြီး၊ ဒီတိုက်ပွဲတွေ အတွက်လည်း ကြိုတင် ပြင်ဆင် လေ့ကျင့်ထားပုံ ပေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ ဝင်တိုက်ရတာ ဖြစ်တဲ့ အတွက် မထင်မှတ်တဲ့ နေရာကနေ တိုက်ခြင်းဖြစ်ပြီး ပထဝီ အငိုက်ပါရတယ်လို့လည်း ဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာ နယ်စပ် ဆက်ဆံရေး တင်းမာနေချိန်ဖြစ်လို့ စခန်းရဲ့ ထိုင်းဘက်ခြမ်း မျက်နှာစာမှာလည်း ခံစစ်ပြင်ထားမှာ မလွဲပါဘူး။ လက်နက်ပစ်အားချင်းလည်း ယှဉ်မရခဲ့ဘဲ အချိန် ကြာမြင့်အောင်တောင် တောင့်ခံထားနိုင်ခြင်း မရှိပါ၊ ပါချီးစခန်းတစ်ခုတည်းမှာတင် စစ်သည် ၇ ဦး အထိ ကျဆုံးပြီး စခန်းကို စွန့်ခွာခဲ့ရတယ်။ အို-၇ တောင်ကုန်းကိုလည်း အလားတူ ထိခိုက် ကျဆုံးမှုတွေနဲ့ စွန့်ခွာရပါတယ်။ အို-၇ တောင်ကုန်းစခန်းဟာ တာချီလိတ်-မယ်ဆိုင် ဒေသကို ကောင်းစွာလွှမ်းမိုးထားနိုင်တဲ့ အနေထားရှိပြီး ပါချီး စခန်းဟာလည်း ပုံပါကျင် ဒေသကို လွှမ်းမိုးထားနိုင်ပါတယ်။ တဆက်တည်းမှာပဲ တာချီလိတ် အနောက်ခြမ်း ဒေသမှာ ရှိတဲ့ လွယ်တော်ခန်း၊ လွယ်မဆုတ်၊ လွယ်ခန်းရှိုးစခန်းတွေ အတိုက်ခံရပြီး ကျဆုံးကုန်ပါတယ်။ ပုံပါကျင်-ပါချီး-အောင်းလောင်း ဒေသမျာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး စခန်း အတော်များများ ဆုံးရှုံးလိုက်ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဂိတ် အနီးမှာရှိတဲ့ ဘီပီ-၁ စခန်းကတော့ စခန်းသိမ်းတိုက်ပွဲ ပြင်းပြင်းထန်ထန် ဆင်နွှဲခံရပေမယ့် စခန်း ကျဆုံးမသွားအောင် ခုခံနိုင်ခဲ့တယ်။

တိုက်ပွဲတွေ အပြီးမှာ SSA က မြန်မာ့တပ်မတော်စခန်းတွေပေါ်ကနေ သိမ်းဆည်း ရမိတဲ့ လက်နက်တွေ ပစ္စည်းတွေကို ထိုင်းနိုင်ငံက မီဒီယာတွေကို ခေါ်ယူပြသခဲ့ပြီး ဘိန်းဖြုထုပ်တွေ ဘိန်းမဲတွေ ပါ တွေခဲ့တယ်၊ မြန်မာ့ တပ်မတော်ဟာ နယ်စပ်မှာ ဘိန်းမှောင်ခိုကူးနေတယ် ဒါကြောင့် ဒီစခန်းတွေကို တိုက်ခိုက်သိမ်းယူရတာ ဖြစ်ပါတယ်လို့ ရှင်းလင်းခဲ့တယ်။ မြန်မာ နိုင်ငံပိုင် မီဒီယာတွေကလည်း SSA တပ်ဖွဲ့ကသာ ဘိန်းမှောင်ခိုကူးနေတဲ့ အဖွဲ့ဖြစ်တယ် ၊ ထိုင်းနိုင်ငံက တိုက်ပွဲမှာ SSA ကို ကူညီခဲ့တယ် လို့ တုန့်ပြန်ခဲ့တယ်။ ထိုင်းစစ်တပ်ကတော့ SSA ကို လက်နက်ကြီးပစ်ကူ ပေးခဲ့တာ မဟုတ်ဘူး၊ မြန်မာစစ်တပ်က ပစ်တဲ့ ကျည်တွေ သူတို့ စခန်းပေါ်ကျတဲ့ အတွက် တုန့်ပြန်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောပါတယ်။ အဲဒီ့နောက် မီဒီယာတွေကနေ အပြန်အလှန် စွပ်စွဲရေးသားတာတွေ၊ သံအမတ်ကြီးတွေကို ခေါ်ယူ သတိပေးတာတွေ မီဒီယာတွေကနေ ထိုင်းစစ်ဦးစီးချုပ်တွေက ခြိမ်းခြောက်တာတွေ ဆက်တိုက်ဖြစ်လာတယ်။ အထင်ပေါ်ဆုံး ပုဂ္ဂိုလ်နှစ်ဦးကတော့ ထိုင်းတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ နဲ့ အမှတ်(၃)တပ်တော်မှူး ဒု-ဗိုလ်ချုပ်ကြီးဝမ်တနာချိုင်းတို့ပဲ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ဆူရာယုဒ်က အင်အားသုံး ဖြေရှင်းမယ်လို့ ဆိုခဲ့ပြီး၊ ဝမ်တနာချိုင်းကတော့ မီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် မြန်မာနိုင်ငံကို ပုတ်ခတ် ပြောဆိုတာတွေ လုပ်ခဲ့တယ်။ တိုက်ပွဲကြောင့် ဝပ်တနာချိုင်းဟာ ထိုင်းနိုင်ငံထဲမှာ ပိုမို ပေါ်လွင်လာပြီး နာမည်ကြီးလာတယ်။

ယိုးဒယား-မြန်မာ နယ်စပ် မြန်မာတပ်မတော် စခန်းများ
(ဒီနေရာမှာ တစ်ခု ကြားဖြတ်ဆွေးနွေး လိုတာက မြန်မာ မီဒီယာတွေက Thai 3rd Army ကို အမှတ်(၃)စစ်တိုင်းဆိုပြီး ဘာသာပြန်ကြတယ်၊ ဒါပေမယ့် သူရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်ရင် တပ်တော် လို့ ဘာသာပြန်တာ ပိုမှန်ပါမယ်၊ ဘာလို့လည်းဆိုတော့ သူက သူအခြေစိုက်တဲ့ ဒေသတွင်းမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်တွေ ထမ်းဆောင်ဖို့ အတွက်တင် မဟုတ်ဘဲ 3rd Army တစ်ခုလုံး အတိုင်းအတာနဲ့ ရွှေ့လျား စစ်ဆင်နိုင်တဲ့ offensive capability လည်းရှိပါတယ်။ ဆိုတော့ မြန်မာ့ တပ်မတော်က စစ်တိုင်းတွေနဲ့ ပုံသဏ္ဌာန်ခြင်း မတူပါဘူး။ Phitsanulok မှာ တပ်တော်ဌာနချုပ် အခြေစိုက်ပြီး နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ တပ်တွေ ဖြန့်ကျက်ထားတယ်။ ထိုင်းနိုင်ငံမှာ တပ်တော် လေးခုရှိပြီး မြန်မာနိုင်ငံနဲ့ နယ်နမိတ် တလျှောက်ကို ကွပ်ကဲရတဲ့ အမှတ်(၃)တပ်တော်ဟာ ကွန်မြူနစ်ခြိမ်းခြောက်မှု မရှိတော့တဲ့ စစ်အေးလွန်ကာလက စပြီး လက်နက်အကောင်းဆုံး တပ်ဆင်ပေးခြင်း ခံရတဲ့ ဦးစားပေး တပ်တော်ဖြစ်လာတယ်။ စစ်အေး ကာလတုန်းကတော့ လာအိုနဲ့ ကမ္ဘေ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာဒီးယား နယ်စပ်တွေကို ကွပ်ကဲရတဲ့ အမှတ်(၁)နဲ့ အမှတ်(၂)တပ်တော်တွေကို ပိုဦးစားပေးခဲ့ရပါတယ်။ အဲဒီ့ အချိန်က မြန်မာနယ်စပ်မှာ မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို ကြားခံဇုန်အဖြစ် ထားခဲ့ပါတယ်။ မြန်မာ့ တပ်မတော်နဲ့ ထိုင်းတပ်တို့ တိုက်ရိုက်ထိတွေ့ခဲ့ခြင်းလည်း မရှိပါဘူး။ စစ်အေးလွန်ကာလတွေမှာ ကွန်မြူနစ်ခြိမ်းခြောက်မှု အန္တရာယ်လည်း မရှိတော့ဘူး၊ မြန်မာ့ တပ်မတော်ကလည်း မြန်မာနိုင်ငံ နယ်စပ်အထိ နေရာတော်တော်များများမှာ ထိန်းချုပ်လာနိုင်တဲ့ အခါ အမှတ်(၃)တပ်တော်ဟာ ဦးစားပေး တပ်တော် ဖြစ်လာတယ်။ စစ်လေ့ကျင့်မှု အများအပြားကိုလည်း အမှတ်(၃)တပ်တော် ဧရိယာထဲမှာ လုပ်လာတွေ့ မြင်တွေ့ရပါတယ်။ ဥပမာ- ၂၀၀၀ ခုနှစ် Cobra Gold ကို တပ်ခရိုင်မှာ လုပ်ခဲ့ပြီး၊ ၂၀၀၁ Cobra Gold ကို ချင်းရိုင်ခရိုင်မှာ လုပ်ခဲ့တာမျိုးပါ။)

မြန်မာ့တပ်မတော်က ကျဆုံးသွားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ အလွန်နီးကပ်တဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ထိုင်းတပ်က စစ်အင်အား ၃၀၀၀၀ ကျော်သုံးပြီး စစ်ရေး လေ့ကျင့်တာကိုလည်း မြန်မာဘက်က ကန့်ကွက်ခဲ့တယ်။ ထိုင်းဘက်က စစ်ရေး လေ့ကျင့်မှုကို ဆက်လုပ်ခဲ့ပြီး မြန်မာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လာပါတယ်။ ဒီိလိုနဲ့ နှစ်ဖက်တပ်များ ကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာတယ်။ မြန်မာ့တပ်မတော်က အို-၇ တောင်ကုန်းကို ပြန်သိမ်းပိုက်တဲ့ အခါမှာ ယိုးဒယားတပ်တွေနဲ့ စတင်ထိတွေ့မှု ဖြစ်ပါတယ်။ တကယ်တော့ အို-၇ နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယိုးဒယားဘက်ခြမ်းက တောင်ကုန်းက အို-၇ထက် ပိုမြင့်ပါတယ်။ ဒါကြောင့် မယ်ဆိုင်မြို့ကို စိုးမိုးနေတဲ့ အဓိက အချက်ခြာတောင်ကုန်းမို့ သူတို့ပိုင်ပါတယ်ဆိုတဲ့ ယိုးဒယားရဲ့ ပြောဆိုချက်ဟာ မမှန်ပါဘူး။ မြန်မာ့တပ်မတော်ဟာ အို-၇ ကို သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ အို-၇ရဲ့ တဖက်က ပိုမြင့်တဲ့ တောင်ကုန်းပေါ်ကနေ ယိုးဒယားက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပါတယ်။ F-16 တိုက်လေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ ဝင်လာပြီး ခြိမ်းခြောက်ပျံသန်းတာတွေ လုပ်လာပါတယ်။ လွယ်လန်းဒေသမှာရှိတဲ့ မိုင်းယွန်းမြို့မှာ UWSA အဖွဲ့က မှူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်လို့ ယိုးဒယားက စွပ်စွဲပြီး တိုက်လေယဉ်ပေါ်ကနေ ဗုံးကျဲချပြီး တိုက်ခိုက်ခဲ့တယ်။ F16 တစ်စီး မြန်မာ့ မြေပေါ်မှာ ပျံသန်းနေခဲ့တဲ့ အချိန်ဟာ ၄၅ မိနစ်တောင် ကြာခဲ့တယ်လို့ ဆိုတယ်။ နယ်စပ်က စခန်းတွေ ပေါ်တင်မကဘဲ တာချီလိတ်မြို့ပေါ်ကိုပါ ဖြတ်ပျံခဲ့တယ်။
ယိုးဒယားမီဒီယာတွေမှာတော့ မြန်မာတပ်တွေဟာသူတို့ပိုင်နက်ကို ကျူးကျော်လာလို့ လေယဉ်ပေါ်ကနေ အသံဗုံးကျဲချပြီး ခြောက်လှန့်ခဲ့ရတာပါလို့ ဆိုတယ်။ သူတို့ ပြန်လည် ပစ်ခတ်တာကို မခံနိုင်တဲ့ အတွက်ရော၊ လေယာဉ်ကို ကြောက်ရွံ့တဲ့ အတွက်ရော မြန်မာတပ်တွေ မယ်ဆိုင်အနီးက တောင်ကုန်းပေါ်က ပြန်ဆုတ်ပြေးသွားကြလို့ တောင်ကုန်းကို သူတို့ ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ (နှစ်နိုင်ငံတပ်တွေ ထိတွေ့တဲ့ နယ်စပ်တိုက်ပွဲမှာ ယိုးဒယားက သူတို့နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် တိုက်ပွဲမှာ တောင်ကုန်းကို တကယ်ရလိုက်တာက မြန်မာဘက်က ရတာပါ။ ဒီနေ့အထိလည်း မြန်မာပိုင်ပါပဲ၊ ကျွန်တော် ၂၀၀၈ခုနှစ်တုန်းက အို-၇ တောင်ကုန်းကို ရောက်ခဲ့တဲ့ အချိန်မှာ တောင်ကုန်းထိပ်အထိ ကားလမ်း ပေါက်နေပါပီ။ နောက်ဆင်ခြေလျှောခံစစ်ကိုလည်း အခိုင်အမာတည်ဆောက်ထားပြီး လက်နက်ကြီးတွေလည်း ရှိပါတယ်။ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်းတစ်ကြောင်း စခန်းထိုင်တဲ့ စခန်းကြီး တစ်ခု ဖြစ်နေပါပြီ။ မျက်နှာချင်းဆိုင်က ယိုးဒယားတောင်ကုန်းမှာလည်း ယိုးဒယားတပ်တွေ အခိုင်အမာတပ်စွဲထားတာ လှမ်းမြင်ရပါတယ်။)

တိုက်ပွဲတွင်းမှာ ယိုးဒယားက တာချီလိတ်မြို့တွင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တဲ့ အတွက် အရပ်သား (၂)ဦးသေဆုံးခဲ့ပါတယ်။ မြန်မာဘက်ကလည်း မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပြီး ထိုင်းပြည်သူ (၂)ဦး သေဆုံးတယ်လို့ မီဒီယာတွေမှာ တွေ့ရပါတယ်။ တာချီလိတ် အနောက်ခြမ်း ဒေသနဲ့၊ ပုံပါကျင်-ပါချီး ဒေသ တွေမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး လွယ်လန်း ဒေသမှာတော့ တိုက်ပွဲတွေ ဖြစ်/မဖြစ်ကို ကျွန်တော် မသိပါ (သိတဲ့လူတွေ ပြောပြပေးပါ)။ မြန်မာ့တပ်မတော်ဟာ ကျဆုံးသွားတဲ့ စခန်းတွေကို ဂျွန်၊ ဂျူလိုင် လတွေထဲမှာမှ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ SSA တပ်တွေလည်း ယိုးဒယားနိုင်ငံထဲကို ဆုတ်ခွာသွားကြတယ်။ အကျအဆုံး၊ ဒဏ်ရာရ အများကြီးနဲ့ ရင်းနှီးပြီးမှ စခန်းတွေကို ပြန်သိမ်းနိုင်ခဲ့တာပါ။ ပါချီးတောင် ဆိုရင် အတော်မတ်ဆောက်တဲ့ အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ် နယ်စပ်အနီးမှာ ရှိတဲ့ အတွက် လက်နက်ကြီး သုံးရတာလည်း အကန့်အသတ် အလွန်များပါတယ်၊ စခန်းတွေ ကျသွားတုန်းက နာရီပိုင်းတွင်း ကျဆုံးသွားပေမယ့် ပြန်သိမ်းယူတဲ့အခါ အသက်တွေ အများကြီးရင်းပြီး လနဲ့ချီအောင် တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ရန်သူ့ဘက်ကအငိုက်ရရှိခဲ့မှုနဲ့၊ မိမိက တိုက်စစ်ဆင်တဲ့ အခါမှာတော့ အငိုက်မရရှိတဲ့ အခါ ဘယ်လောက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတယ်ဆိုတာ သင်ခန်းစာပါ။ (အခုချိန်မှာတော့ ပါချီးအပါအဝင် ဒီစခန်းတွေ အားလုံးဟာ အမြင့်ဆုံး တပ်လှန့်ထားတဲ့ မဆုတ်တမ်းခံစစ် စခန်းတွေပါ။) လွယ်မဆုတ်စခန်းကို သိမ်းပိုက်မိတဲ့ အခါမှာ ယိုးဒယားတပ်သုံး ဆက်သွယ်ရေးစက်တစ်လုံးတောင် သိမ်းမိခဲ့ပါသေးတယ်။ အို-၇ တိုက်ပွဲမှာလည်း ယိုးဒယားတပ်သုံး လက်နက်ငယ်တွေနဲ့ ယိုးဒယားတပ်မတော် တံဆိပ်ပါတဲ့ ရှေ့ထွက်မိုင်းတွေပါ သိမ်းမိခဲ့ပါတယ်။

လွယ်လန်းဒေသ အခြေအနေကလည်း အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အင်မတန် အန္တရာယ်ကြီးတဲ့ အနေအထားပါ။ လွယ်လန်းဒေသတွင်းမှာ ထိုင်းစစ်စခန်း (၃၅)ခု ရှိနေပါတယ်။ မြန်မာ့တပ်မတော်က ထိုင်းစစ်စခန်းတွေ အားလုံး ဆုတ်ခွာပေးဖို့ တရားဝင် အကြောင်းကြားမှု လုပ်ခဲ့ပါသေးတယ်။ ထိုင်းဘက်က ပြန်လည် ကန့်ကွက်ခဲ့ပြီး သူတို့ပိုင် နယ်မြေဖြစ်တဲ့ အတွက် ဆုတ်မပေးနိုင်ကြောင်း ဆိုတယ်။ ဒီပြဿနာဟာ ဒီနေ့ အထိ မပြီးဆုံး သေးပါဘူး။ ထိုင်းတပ်စခန်းတွေ(အချို့စခန်းတွေမှာ သံချပ်ကာ ယာဉ်များပါ ပါဝင်ပါတယ်)နဲ့ မြန်မာတပ်စခန်းတွေ ထိပ်တိုက်ရင်ဆိုင်ပြီး အသင့် အနေအထားနဲ့ စခန်းချထားတာ ဒီနေ့ အထိပါ။

၂၀၀၁ တိုက်ပွဲစဉ်တွေမှာ ယိုးဒယားနဲ့ မြန်မာတပ်တွေ ထိတွေ့ခဲ့တာကို ပြန်သုံးသပ်ရရင် မြန်မာ့ တပ်မတော်ဘက်က ယိုးဒယားထက် အကျအဆုံး အထိအခိုက် ပိုများခဲ့တယ် (ဒါပေမယ့် ယိုးဒယားတပ်တွေကြောင့်လို့တော့ မဆိုနိုင်ပါ၊ SSA နဲ့ တိုက်ခိုက်ရတဲ့ အတွက် ထိခိုက်ကျဆုံးရတာတွေပါ)။ ဒါပေမယ့် နယ်မြေမဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့တယ်။ အငြင်းပွားနေတဲ့ တောင်ကုန်းကို ရန်သူ့လက်ပါမသွားအောင် ပြန်တိုက်ယူနိုင်ခဲ့ပြီး၊ လွယ်လန်းဒေသက နယ်မြေအငြင်းပွားမှု ပြဿနာကတော့ နဂိုအခြေအနေတိုင်း ရှိနေပြီး ဒီနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ အဲ့ဒီ့ အချိန်က မိမိ လေတပ်မတော်မှာ ခေတ်မှီဂျက်တိုက်လေယာဉ် မရှိခဲ့တဲ့ အတွက် ယိုးဒယားလေတပ်က မိမိ ခေါင်းပေါ်ဖြတ်ပျံပြီး နားရွက်တံတွေးဆွတ်တာ ခံခဲ့ရတယ်။

(ပြီးခဲ့တဲ့ ၂၀၀၃ တိုက်ပွဲစဉ် အကြောင်းမှာ အချက်အလက် တချို့ကို ပြင်ချင်တာက ပန်ကန့်ကော်၊ ပန်မိုင်ဆွန်၊ လွယ်ထွေ၊ ကျူဆပ်ကပ်စတဲ့ စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၃ ခုနှစ်ထဲမှာ မဟုတ်ပါဘူး၊ ယိုးဒယားနဲ့ ပစ်ခတ်မှုတွေဖြစ်တာ ၂၀၀၃ ခုနှစ်ထဲမှာ ဖြစ်ပေမယ့် စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၂ ခုနှစ် မေလထဲ (Cobra Gold ရာသီ) မှာဖြစ်ပါတယ်။ နောက်တစ်ချက်က ပန်ကန့်ကော် ဒေသဟာ ဘီပီ-၅ မဟုတ်ပါဘူး၊ ဘီပီ-၃ပါ။)

သိတဲ့လူတွေက အချက်အလက်တွေ ဖြည့်ပေး၊ ပြင်ပေးကြဖို့ ကြိုဆိုပါတယ်။

အားလုံးကို လေးစားလျက်
Comrade