Sunday, August 7, 2011

မြန်မာ့နိုင်ငံ၏ လက်ရှိစစ်ရေး အခြေအနေ သုံးသပ်ချက်တချို့ အပိုင်း-၂

ဆွေးနွေးလိုသောနောက်တစ်ချက်မှာယခုကြိုးစားနေတဲ့Nuclear Boomထုတ်လုပ်ရေး SRBM၊ ICBM များထုတ်လုပ်ရေးအဓိကအာရုံစိုက်နေတဲ့အိမ်မက်ဟာ ခြေလှမ်းကျဲသလိုမျိုးဖြစ်နေတယ်လို့ထင်ပါတယ်၊ ဒါတွေမထုတ်လုပ်ခင်ကျွန်တော်တို့ဟာ Conventional Warသမရိုးကျစစ်ပွဲအတွက် စစ်လက်နက်များပြည့်စုံလုံလောက်မှုရှိပါပြီလား၊ သို့မဟုတ်အတော်အသင့်ပြည့်စုံပြီလား၊အတော်အသင့်ပြည့်စုံပြီရင်တော့ အထက်ပါအရာတွေကိုထုတ်လုပ်ဖို့အဓိကအာရုံစိုက်နိင်ပါပြီ။

ကဲကြည်းတပ်ကစကြည့်ရအောင်ဗျာ။
ကြည်းတပ်မှာရှိတဲ့မဟာဗျူဟာလက်နက်ကြီးဖြစ်တဲ့ 155mm Howitzer များကိုကြည့်ရအောင်၊ တပ်မတော်ကြည်းမှာ SH-2နှင့်Nora B-52တို့သာ အလျှင်အမြန်ရွှေ့ပြောင်းနိင်တဲ့အမျိုးအစားဖြစ်ပါတယ် ဒါတောင်အတော်အဆင့်သာခေတ်မှီတဲ့စနစ်ဖြစ်ပါတယ်၊ ဒီစနစ်တွေဟာTruckကားပေါ်တင်ထားတဲ့စနစ်ဖြစ်တာကြောင့် မြေအနေအထားကန့်သတ်ချက်များ ရှိနေပြန်ပါတယ်။
Nora B-52 ၁၅၂မမ ယာဉ်တင်အမြောက်စနစ်

ကျန်တဲ့155mm Howitzer အမျိုးအစားများဟာTowedအမျိုးအစားများဖြစ်သဖြင့်ခေတ်မမှီတော့ပါ၊( Towedအမျိုးအစားများဟာရွှေ့ပြောင်းနိင်မှုနှေးကွေးသောကြောင့် ရန်သူရဲ့ကောင်တာပစ်မှုကိုခံရနိင်ပါတယ်)၊အထက်မှာ ကိုMMဖေါ်ပြထားသလိုZBDအမျိုးအစားကဲ့သို့ အမျိုးအစားတွေတပ်မတော်မှာများစွာလိုအပ်ပါတယ်။ ထို့အပြင်MLRSများလည်း အရေအတွက်များစွာလိုအပ်ပါတယ်၊ ယခုတပ်မတော်မှာရှိတဲ့155mm Howitzers and MLRSများဟာလုံလောက်မှုမရှိပါ။ ဒါတွေကိုကျွန်တော်တို့နိင်ငံမှာ ထုတ်လုပ်နိင်အောင် ဦးစားပေးကြိုးစားရပါမယ်။
SH-2 ၁၂၂မမ ယာဉ်တင်အမြောက်စနစ်

KH-179 ၁၅၂မမ ဆွဲအမြောက်

Tanks ,IFV ,PAC များဟာလဲလုံလောက်မှုမရှိသေးပါ၊ ကျွန်တော်တို့နိုင်ငံမှာ ခေတ်မှီတင့်ကားများဟာဈေးကြီးလွန်းတာကြောင့် ကြည်းတပ်မှာများစွာမရှိပါ။ ဒီအခက်အခဲကိုဖြေရှင်းရန်IFV များPACများ ပေါ်တွင်122mm Howitzersတပ်၍သော်၎င်း Direct Shoot ပစ်နိုင်သော120mm Twin Auto motors အားIFV၊ APCများပေါ်တွင်တပ်၍သော်၎င်းLight Tankများအဖြစ်ပြည်တွင်းတွင်ထုတ်လုပ်၍လိုအပ်ချက်ကိုဖြေရှင်းဖို့လိုအပ်နေပါတယ်။
Soltam M71 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်

ရေတပ်
ရေတပ်အနေနဲ့ပြောရရင်ယခုအချိန်အခါတွင်လိုအပ်ချက်များစွာရှိနေပါတယ် ၊ရေတပ်စခန်းများတွင်သင်္ဘောများစနစ်တကျကပ်ရန်ဆိပ်ခံတတားများလိုအပ်နေပါတယ်၊ ထို့အပြင်Frigates, Corvettes, FAC, Mine-sweepers, Amphibious Ships များစွာလိုအပ်နေပါတယ် Destroyersဆိုလျှင် တစီးမျှပင်မရှိဘဲဖရီးဂိတ်မှာလည်း လက်ရှိတွင်တစ်စီးထဲသာ ရှိနေနိုင်ပါသေးတယ်၊ ထို့အပြင်၄၄စီးရီး ရေငုတ်သင်္ဘောတိုက်ခိုက်ရေးသင်္ဘောများမှာ ဟောင်းနွမ်းလွန်းလှပြီးကြာကြာမောင်း၍မရဘဲ မကြာခဏပျက်သောကြောင့် ဒေါက်ကင်ပေါ်တင်ထားရတာများပါတယ် ၎င်းအပြင်မကြာလှသောနှစ်တွေမှာ တပ်တော်ဝင်အဖြစ်မှအနားပေးရပါတော့မယ် ၊ယခုလက်ရှိCorvettesနှင့် FACများတွင်တပ်ထားသောSSMများ Surface Search Radar ၊ Fire Control Radar ၊ AA Gunများအားဆင့်မြှင့်ရန်၊ မရှိသေးသောသင်္ဘောများအား တပ်ရန်များစွာအရေးတကြီးလိုအပ်နေပါတယ်၊ ယခုလက်ရှိFrigatesတွင်Air Defence Missileများအဆင့်မြှင့်ရန်မရှိသေးသော Corvettes, FACမျုားတွင်Air Defence Missile System်များတပ်ရန်မဖြစ်မနေလိုအပ်နေပါတယ်။ (ယိုးဒီးယားတွင်ဖရီးဂိတ်၈စီး၊ဘင်္ဂလားတွင်ဒုံးတပ်ထားသောဖရီးဂိတ်၂စီးနှင့် ဒုံးမတပ်ထားသောအဟောင်း၃စီးအား ယခါဒုံးင-၈၀၂များတပ်တော့မည်ဟုသိရပါသည်)

လေတပ်
လေတပ်တွင်MIG-29အစီး၃၀သာရှိပြီး၎င်းတို့ဟာSMT standard or M1/M2 standardလောက်ရှိရန်ရှိရင်းစွဲ၁၂စီးနှင့် အသစ်ရောက်လာမည့်အစီး၂၀အားအဆင့်မြှင့်ရန်လိုအပ်ပါတယ်၊ လက်ရှိတိုက်လေယာဉ်အင်အား အရေအတွက်ကိုများစွာတိုးချဲ့ဖို့လိုပါတယ်။ Transport Y-8များလေးစီးသာရှိပြီး ခေတ်မှီမှုမရှိတဲ့အပြင် အမြင့်ပေ၁၀၀၀အောက်တွင် ရိက္ခာချသည့်လုပ်ငန်းမလုပ်နိင်ဘဲ ကန့်သတ်ချက်များစွာရှိပါတယ်၊F-27နှစ်စီးဟာလည်း အိုမင်းနေတဲ့အပြင် ATRနှစ်စီးဟာလည်း လူသယ်လေယာဉ်အဖြစ်သာသုံးနိင်ပါတယ်။ F-7 နှင့်A-5လေယာဉ်များအားအမျိုးအစားအသစ်များဖြင့် အစားထိုးရန်အထူးလိုအပ်နေပါတယ်။
ဒါကြောင့်ကျွန်တော်တို့ပြည်တွင်းမှာတိုက်လေယာဉ်များ ၊ခေတ်မှီရေတပ်သင်္ဘောအမျိုးမျိုးမျုား၊ 155mm Howitzer, MLRS ,Tanks, IFV, APC, AA Missiles, SSM/ASM Anti Ship Missiles များ ထုတ်လုပ်ရန်နည်းပညာများ ဝယ်ယူရန်နှင့်ထုတ်လုပ်ရန်ပိုအဓိကထားသင့်ပါတယ်။
အထက်ပါကျွန်တော်ရဲ့ဆွေးနွေးချက်တွေကို ပြန်လှန်ဝေဖန်ထောက်ပြဆွေးနွေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၅၅၆

(အထက်ပါဆွေးနွေးမှုသည် ကိုkong၏ ကာကွယ်ရေးဆိုင်ရာဆွေးနွေးမှု ဖြစ်ပြီး မည်သူမဆိုဝင်ရောက် ဆွေးနွေးနိုင်ပါသည်။)

8 comments:

  1. ကို kong ဆွေးနွေးသွားတဲ့ ဆွေးနွေးချက်တွေဟာ အတော်ကို တန်ဖိုးရှိပြီး ထိရောက်ပါတယ်... ဒီဆွေးနွေးချက်တွေကို အထက်အဆင့်အထိ သိအောင်၊ ထိအောင်၊ နားထဲရောက်အောင် ဘယ်လိုများ အသိပေးရင် ကောင်းမလဲဗျာ...

    ReplyDelete
  2. ကိုKong ရဲ့ ဆွေးနွေးမှုကို ကျေးဇူးတင်ကြောင်း အရင်ပြောလိုပါတယ်။ ဆွေးနွေးမှုက အရမ်းကောင်းပါတယ်။ ကောင်းတဲ့အပြင် ကျယ်ပြန့်လွန်းတယ်။ ကျွန်တော့် အနေနဲ့ ဆွေးနွေးချက် တစ်ခုလုံးကို ခြုံငုံပြီး ပြန်ဆွေးနွေးဖို့ ဥာဏ်မမီဘူးဆိုတာ ရိုးရိုးသားသား ဝန်ခံပါရစေ။ ဒါပေမယ့် ကျွန်တော် စိတ်ဝင်စားတဲ့ အပိုင်းလေးတွေကို ကောက်နုတ်ဆွေးနွေးခွင့်ပြုပါ။

    conventional war အတွက် ပိုအာရုံစိုက်ရမယ် ဆိုတာ သဘောတူတယ်၊ ဒီအဆင့်ကို အသင့်အတင့် ပြည့်စုံ လုံလောက်မှ နောက်တစ်ဆင့်ကို တက်ရမယ်၊ တဆင့်ချင်း သွားရမယ်။ ကျွန်တော်ကတော့ SRBM, ICBM တွေ ထုတ်လုပ်ဖို့ အိမ်မက် မက်နေတယ်လို့ မယုံကြည်ဘူး။ ဒါပေမယ့် အဲဒီ့ လက်နက်တွေ ရနိုင်မယ့် နိုင်ငံကနေ အရေအတွက် အထိုက်အလျောက် (နိုင်ငံရဲ့ စီးပွားရေး အခြေအနေပေါ် မူတည်ပြီး ကိုယ့်ဝန်ကိုယ့်အားနဲ့ တတ်နိုင်သလောက်)စုဆောင်း ထားသင့်တယ်လို့ မြင်ပါတယ်။ MLRS တွေပြည်တွင်းမှာ ထုတ်လုပ်ရေးဟာ ဦးစားပေး ဆောင်ရွက်သင့်တဲ့ ကိစ္စ တစ်ခုအဖြစ် ချွင်းချက်မရှိ သဘောတူတယ်။ ယာဉ်တင်အမြောက်စနစ်နဲ့ ပက်သက်လို့ သုတေသနဌာနတစ်ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ထိုက်သင့်လုံလောက်တဲ့ ရန်ပုံငွေ ထောက်ပံ့ပေးနိုင်ရင် အခုတင် စပြီး လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်တယ်။ 155 mm SP howitzer mounted on tracked vehicle with computer-controlled firing system & automatic loading system လောက် အထိ ရည်ရွယ်ပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်စေချင်တယ်။ အမြောက်ယာဉ်စနစ်မှာ Towed နဲ့ wheeled vehicle တွေကတော့ ကိုKong တင်ပြသလိုပဲ အနာဂတ်စစ်ပွဲအတွက် အကန့်အသတ်များလွန်းပါတယ်။

    Tank, IFV, APC တွေနဲ့ပက်သက်ရင်လည်း လုံလောက်မှု မရှိသေးတာ သဘောတူပါတယ်။ ကိုKong က ယာဉ်တွေရဲ့ လက်နက်တပ်ဆင်မှုတွေကို အဆင့်မြှင့်တင်ရမယ့် အပိုင်းကို ဆွေးနွေးခဲ့ပြီး ကျွန်တော်က ဖွဲ့စည်းပုံအပိုင်းကို ဥာဏ်မီသလောက် နည်းနည်း ဆွေးနွေးကြည့်ချင်တယ်။ IFV တွေ ACV, AFV တွေမှာ တပ်ဆင်တဲ့ လက်နက်စနစ်တွေ၊ တင့်ဖျက် စနစ်တွေ အရမ်းအစွမ်းထက်လာတဲ့ အတွက် Tanks တွေရဲ့ အခန်းကဏ္ဍကုန်ဆုံးပြီလို့ ယူဆခဲ့ကြပေမယ့် ၂၀၀၃ အီရတ်စစ်ပွဲကနေ ၂၀၀၈ ရုရှား-ဂျော်ဂျီယာ စစ်ပွဲအထိမှာ ပြသခဲ့တဲ့ သာဓကတွေအရ Tanks တွေဟာ စစ်ပွဲရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက် တည်ရှိနေဆဲဆိုတာကို အားလုံး လက်ခံခဲ့ကြရတယ်။ ဒီတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း ကုန်ကျစရိတ်ကြီးမားတာ မှန်ပေမယ့် တင့်ကားတပ်တွေ ဖွဲ့စည်းတာ၊ လေ့ကျင့်တာ အားစိုက်ပြီး ဆက်လုပ်ရဦးမှာပါ။ IFV, APC တွေကို လက်နက်တွေ အဆင့်မြှင့်တာ၊ TOW missile တွေတပ်ဆင်တာ လုပ်ကို လုပ်သင့်တဲ့ ကိစ္စဖြစ်ပေမယ့် Tanks တွေပေါ်မှာ အားထားမှုနဲ့ အာရုံစိုက်မှု မလျော့ကျစေချင်တာပါ။ အခုအခါမှာ ပင်မတိုက်ပွဲဝင်တင့် MBT လောကမှာ 5th generation အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် အမီလိုက်နိုင်သင့်ပါတယ်။ လက်ရှိဖွဲ့စည်းပုံမှာ သံချပ်ကာတပ်မတစ်ခုမှာ MBT တပ်ရင်း ၃ရင်း၊ Light Tank တပ်ရင်း ၃ရင်း၊ Armored တပ်ရင်း ၄ ရင်းနဲ့ ဖွဲ့စည်းထားတာပါ။ ကျွန်တော့်အကြံပြုချက်က Armored တပ်ရင်း တွေကို IFV, ACV/AFV တွေနဲ့ပဲ သီးခြားဖွဲ့စည်း စေချင်ပြီး၊ အချို့ ခြေလျင်တပ်မတွေကို mechanized infantry division ဖြစ်အောင် APC တွေနဲ့ တပ်ဆင်ပြီး ပြောင်းလဲ ဖွဲ့စည်းစေချင်တာပါ။ အခု လက်ရှိ ကျွန်တော်တို့ Armored တပ်ရင်းတွေကတော့ Type-90 လို APC တွေ၊ BTR-3U လို APC တွေ၊ AML-90 လို Armored Car တွေနဲ့ စုပေါင်းဖွဲ့စည်းထားတာပါ။ အခုလက်ရှိ Light Infantry Division အကုန်လုံးကိုလည်း အနည်းဆုံး Motorized Infantry Division များအဆင့် ရောက်အောင် အဆင့်မြှင့်သင့်ပါတယ်။

    ရေတပ် နဲ့ လေတပ် အပိုင်းတွေကို သက်ဆိုင်ရာ Navy နဲ့ Air force က ညီအစ်ကိုတွေ ဝင်ဆွေးနွေး ပေးကြရင် သိပ်ကောင်းပါမယ် မျှော်လင့်ပါတယ်။

    ကျွန်တော်တို့ရဲ့ အခု ဆွေးနွေးချက်တွေကနေ ထူးခြားပြောင်းလဲ သွားစေမယ့်(တနည်းအားဖြင့် ရလဒ်ပိုင်း အကျိုးရှိတဲ့)အကျိုးသက်ရောက်မှု တစ်ခုခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဒါပေမယ့် စစ်လက်နက်ပစ္စည်းတွေနဲ့ ပက်သက်လို့၊ အနာဂတ်စစ်ပွဲတွေနဲ့ ပက်သက်လို့ ဦးနှောက်မုန်တိုင်းဆင်ကြည့်တာဟာ အကျိုးမယုတ်တဲ့ အလေ့အကျင့်တစ်ခုပါ၊ တစ်ဦးနဲ့ တစ်ဦး ကိုယ်သိထားတဲ့ ကာကွယ်ရေးဆိုင်ရာ knowledge တွေကို မျှဝေတာ၊ ဆွေးနွေး ငြင်းခုံတာဟာ ဘယ်သူမှ အကျိုးမယုတ်ဘူးလို့ ထင်ပါတယ်။ ပြောင်းလဲနေတဲ့ စစ်လက်နက်၊ စစ်ဗျူဟာတွေကို လိုက်မီအောင် လေ့လာနေဖို့ တွန်းအားလည်း ဖြစ်ပါတယ်။

    ထပ်မံဝင်ရောက် ဆွေးနွေးကြဖို့ ကြိုဆိုပါတယ်။
    လေးစားလျက်
    Comrade

    ReplyDelete
  3. အခုလိုဆွေးနွေးပေးတဲ့အတွက်ကိုComrade ၊ကိုUnknownတို့နှင့်ဆောင်းပါးအဖြစ်ဖေါ်ပြပေးတဲ့ကိုMMတို့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်နားလည်သလောက်၊စဉ်းစားမိသလောက်ရေးမိတာဖြစ်တာကြောင့်အမှားတွေအများကြီးပါနိင်ပါတယ်၊တကယ်လို့အမှားတွေပါခဲ့ရင်ခွင့်လွှတ်ပါခင်ဗျာ။
    ကျွန်တော်ကိုComradeပြောတဲ့ခေတ်မှီMBTတွေထပ်ဖြည်ဆည်းရမယ်ဆိုတာကိုထောက်ခံပါတယ်။ကျွန်တော်တို့နိင်ငံမှာဒါတွေကိုကိုယ်တိုင်ထုတ်နိုင်ရင်ကောင်းမယ်ဗျာ၊ထို့အပြင်Type-90( BMP )လိုChain Type APC ဒါမှမဟုတ်BTR-3U APCတွေကို122mm Howitzerနဲ့ Direct Shootပစ်နိုင်တဲ့ Twin Type 120mm motors systemတပ်ပြီးAFVတဖြစ်လဲLight Tankများအဖြစ်ပြည်တွင်းမှာထုတ်လုပ်သင့်တယ်လို့ထင်ပါတယ်ဒိအပြင်၎င်းတို့ဟာMBTတို့ထက်ထုတ်လုပ်မှုအကုန်အကျနည်းတာကြောင့်အများအပျားထုတ်နိုင်မယ်လို့ထင်ပါတယ်။ကိုComradeပြောသလိုMotorized Infantry Divisionအဖြစ်ယခုလက်ရှိတပ်မများကိုအဆင့်မြှင့်၍APC များတပ်ဆင့်တဲ့အခါAFV/Light Tankပါတပ်ဆင်သင့်တယ်လို့ထင်ပါတယ်ဒီလိုတပ်ဆင်ခြင်းအားဖြင့်စစ်ကြောင်းလုံခြုံရေးနှင့်ပစ်အားမှာလည်းတိုးတက်လာမယ်လို့ထင်ပါတယ်၊ထို့အပြင်တပ်ရင်းတစ်ခုတဲတွင်တစ်ပေါင်းတည်းထဲဖွဲ့စည်းထားတာကြောင့်ခြေလျင်မှAPC များနှင့်Light Tankများဟာအထူးတလည်ပူပေါင်းလေ့ကျင့်ခန်းများလုပ်နေစရာမလိုဘဲတင့်ကာများနှင့်အမြဲfamilarဖြစ်နေမယ်ထင်ပါတယ်ခင်ဗျာ။

    ၅၅၆

    ReplyDelete
  4. ကိုKong ပြောသွားတာ မှန်ပါတယ်။ ကျွန်တော် နိုင်ငံတကာက သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း (Armored Combat Battalion)တွေရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်တဲ့အခါ AFV/Light Tank တွေနဲ့ APC တွေကို သီးခြားစီ ခွဲထုတ်ပြီး ဖွဲ့စည်းလို့ မရဘူးဆိုတာ သွားတွေ့ပါတယ်။ APC နဲ့ AFV/Light Tank တွေကို အတူပေါင်းစပ် ဖွဲ့စည်းမှ တိုက်စွမ်းရည်ကော၊ စစ်သည်သယ်ပို့တဲ့ စွမ်းရည်ကော အပြည့်ရမှာဖြစ်ပါတယ်။ APC တွေနဲ့ချည်း သီးသန့် တပ်ဆင်ဖွဲ့စည်းထားရင် စစ်သည်သယ်ပို့တာလောက်ပဲ ပိုလုပ်နိုင်ပြီး တိုက်ခိုက်နိုင်စွမ်း လျော့နည်းသွားနိုင်တယ်။ ဒါကြောင့် သံချပ်ကာ တိုက်ခိုက်ရေး တပ်ရင်းတွေမှာ IFV, APC, ARV စတဲ့ယာဉ်တွေကို အချိုးကျကျ ပေါင်းစပ်ဖွဲ့စည်း သင့်ပါတယ်။

    regards,
    Comrade

    ReplyDelete
  5. How many tanks are in a tank Burmese battalion? We should acquire Leopard 2 tanks (my favorite). T-54/55, Type 59/69 tanks are out of date and will be push over tanks in the battle.

    ReplyDelete
  6. NVM,I got the answer from Wiki. Typical Armoured Division in Myanmar Army composed of Headquarter, Three Armored Tactical Operations Command - each with one Mechanized battalion equipped with 44 BMP-1 or MAV-1 Infantry Fighting Vehicles, Two Tanks Battalions equipped with 44 Main Battle Tanks each, one Armored Reconnaissance battalion equipped with 32 Type-63A Amphibious Light Tanks, one Field Artillery battalion and a Support battalion. Support battalion composed of an engineer squadron, two logistic squadrons and a signal company

    ReplyDelete
  7. အမျိုးအစား-၅၉ တွေကို ခေတ်နောက်ကျနေပြီလို့မဆိုနိုင်ဘူးဗျ မြန်မာ့တပ်မတော်သုံးက အမျိုးအစား-၅၉ဒီပါ ၅၉ဒီဟာ သာမန်တင့်တွေနှင့်စာရင် အတော်ကို ခေတ်မှီပါသေးတယ်..ပြီးတော့ တီ-၅၅ တင့်တွေဟာ ၁၀၅မမ ပြောင်းအဖြစ်ပြောင်းလည်းတပ်ဆင်ထားတာ ဖြစ်လို့ နေတိုးစံ တင့်ကျည် ၁၀၅မမနှင့် အဆင့်တူပါတယ်..။

    ReplyDelete
  8. ကျွန်တော်ကတော့ တပ်မတော်ကို ခံစစ်ထက်တိုက်စစ်ပုံစံကျင့်သုံးဘို့ လက်နက်တွေရှိစေချင်တယ်ဗျာ
    အစ္စရေးတပ်မတော်လိုပေါ့ လူအင်အားကျစ်ကျစ်လစ်လစ်နဲ့ခေတ်မှီအောင် လုပ်သင့်တယ်ထင်တယ်
    အစ္စရေးရဲ့လက်ဦးမှုရယူတိုက်ခိုက်မှုကျင့်သုံးတာကိုသဘောကျတယ်
    အစ္စရေးကသူ့ရဲ့ မဟာဗျူဟာအကျယ်အဝန်းအရ ချမှတ်ထားတဲ့မဟာဗျူဟာဆိုပေမဲ့ သမိုင်းမှာသူတို့အောင်ပွဲခံခဲ့တယ်ဆိုတာငြင်းလို့မရပါဘူး

    ကျွန်တော်တို့နိုင်ငံကလည်း အတန်အသင့်ကျယ်တယ်ဆိုပေမဲ့ မဟာဗျူဟာအရအင်အားကြီး တရုတ်နဲ့အိန္ဒိယကြားမှာရှိတာဆိုတော့ တချိန်မှာနယ်စပ်ပြသနာဖြစ်လာလို့ စစ်ရေးအထိဖြေရှင်းရတော့မယ်ဆိုရင် ကျွန်တော်တို့လက်ဦးမှူရယူတိုက်ခိုက်နိုင်ဘို့လိုမယ်ဗျ
    စစ်ဦးဘီလူးကိုချိုးဘို့ပေါ့
    နိုင်ငံအတွင်းဝင်လာမှခုခံတိုက်ခိုက်မယ်ဆိုရင် စစ်အင်အားများသူကနိုင်မှာဘဲလို့ထင်တယ်

    ညူကလိယလက်နက်တွေ အင်အားကြီးတွေပိုင်ဆိုင်သော်လည်း မိမိတို့ရဲ့ရပ်တည်ချက်မှန်ကန်ပါက ရန်သူကသုံးမယ်ဆိုရင်တောင် နိုင်ငံတကာက ပြန်လည်တုံ့ပြန်မှူကို စဉ်းစားရအုံးမှားပါ
    အမေရိကန်တပ်တွေ ဗီရက်နမ်စစ်တုန်းက နူကလိယ အင်အားကြီးနိုင်ငံဖြစ်သော်လည်းစစ်ရှုံးခဲ့သလိုပေါ့

    အရင်ရန်သူရဲ့တိုက်စစ်လက်နက်တွေကိုဖျက်ဆီးပြီး မှသံတမန်စကားနဲ့စစ်ပြေငြိမ်းဘို့ဆွေးနွေးတဲ့အခါမှာ မိမိတို့လည်းအသာစီးရနိုင်ပါတယ်

    သံတမန်ရေးအရဖြေရှင်းတာအကောင်းဆုံးဆိုပေမဲ့ ကမ္ဘာပေါ်မှာခုထိ စစ်ပွဲတွေဖြစ်နေတာ သတိမူစရာပါ
    အခြေခံဥပဒေအရ မိမိတို့ကသူတပါးတိုင်းပြည်ကို စတင်ကျူးကျော်မတိုက်ရဆိုသော်လည်း မဟာဗျူဟာအရ ပြောင်းသင့်ရင်ပြောင်းနိုင်ပါတယ်
    ရန်လိုတာလို့တော့မခေါ်နိုင်ပါဘူး နိုင်ငံတကာအမြင်ဆိုတာကတော့ မိမိတို့ရဲ့တိုင်းပြည်အခြေအနေပေါ်မူတည်ပါတယ်

    ဒီအမြင်တွေကကျွန်တော့ရဲ့ကိုယ်ပိုင်အမြင်သာဖြစ်ပါတယ်
    အမြင်ချင်းမတူပါကပြန်လည်ဆွေးနွေးနိုင်ပါတယ်
    ကျေးဇူးပါ

    ReplyDelete