Sunday, October 2, 2011

ဘင်္ဂလားဒေ့် ဆိုင်ရာ ပြဿနာများ စုစည်းမှု

မြန်မာနှင့် ဘင်္ဂလားဒေ့် ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ
ရက်စွဲ...၃၀.၉.၂၀၁၁

တာကလူး

-----------
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့မှ ရေတပ်သင်္ဘော နှစ်စီးသည် နှစ်နိုင်ငံ နယ်စပ်ရှိ အငြင်းပွါးနေသည့် ပင်လယ်ပြင်တွင် တစ်စီးနှင့် တစ်စီး ထိပ်တိုက် ရင်ဆိုင်ကာ ကင်းလှည့် နေကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘက်မှ ရေတပ်စစ်သင်္ဘောတစ်စီးသည် နှစ်နိုင်ငံ နယ်စပ်အနီး ပင်လယ်ပြင်တွင် ယခုရက်ပိုင်းအတွင်းမှ စတင် ကင်းလှည့် လာခြင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်မှလည်း ၄င်း၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်ရန် ရေတပ် သင်္ဘောတစ်စီးကို ယမန်နေ့မှ စတင် စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေးက ပြောသည်။

"မြန်မာဘက်က ရေတပ်စစ်သင်္ဘောတစ်စီးဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ နယ်စပ်အနီးမှာ ကင်းလာလှည့်နေတာကြောင့် ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ရေပိုင်နက် ကိုယ်ကာကွယ်နိုင်ဖို့ စစ်သင်္ဘောတစ်စီးကို ယမန်နေ့ကနေ စေလွှတ်လိုက်ရခြင်း ဖြစ်ပါတယ်" ဟု နယ်စပ်အခြေစိုက် ဘင်္ဂလားဒေခ်ျ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့မှ အမည်မဖေါ်လိုသူ ၀န်ထမ်းတစ်ဦးက ပြောသည်။

နှစ်ဘက်နိုင်ငံမှ ရေတပ်သင်္ဘောနှစ်စီး နယ်စပ်ပင်လယ်ပြင်တွင် ကင်းလှည့် နေကြကြောင်းကို မြန်မာဘက်မှ ပင်လယ်ပြင် ငါးဖမ်းသမားတစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

"သင်္ဘောနှစ်စီး ကင်းလှည့်နေကြတာက တစ်စီးနဲ့ တစ်စီး လှမ်းမြင်နိုင်တဲ့ အကွာအဝေး လောက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ဘက်ကကိုယ် သူ့ဘက်ကသူ ကင်းလှည့်နေကြတာပဲ ဖြစ်ပါတယ်" ဟု ငါးဖမ်းသမားက ပြောသည်။

မြန်မာရေတပ်စစ်သင်္ဘော (၅၅၂)သည် ယခုအပတ် တနင်္လာနေ့မှစ၍ ဘင်္ဂလာဒေခ်ျ့ နယ်စပ်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူ ကျောက်တန်းအလွန် ပင်လယ်ပြင်တွင် ကင်းလှည့်နေခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေခ်ျ့ ဘက်သို့ မှောင်ခိုကုန်ကူးနေသည့် မြန်မာဘက်မှ စက်လှေများနှင့် ပိုင်နက်ကျော် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေခ်ျ့ ဘက်မှ ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေခ်ျ့ စစ်သင်္ဘောမှာလည်း စိန့်မာတင် (ခေါ်) အုန်းကျွန်း၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာတွင် ကင်းလှည့်နေခြင်းကြောင့် မြန်မာစစ်သင်္ဘောနှင့် တစ်စီးနှင့် တစ်စီးလှမ်းမြင်ရသည့် အကွာအဝေးတွင်သာ ရှိကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ နှစ်ဘက်နိုင်ငံမှ ရေတပ်စစ်သင်္ဘောများ နယ်စပ်ပင်လယ်ပြင်တွင် ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းမှာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှု နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။

၂၀၀၈ ခုနှစ် တင်းမာမှုနောက်ပိုင်း ဘင်္ဂလားဒေခ်ျ့ဘက်မှ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) သို့ ၂၀၀၉ ခုတွင် တင်သွင်းခဲ့သည်။

နိုင်ငံတကာခုံရုံးမှလည်း မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နှစ်နိုင်ငံ အကြားအငြင်းပွားမှုကို ယခုလ အတွင်းတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ် မတ်လ အတွင်းအတွင် တရားဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နှစ်ဘက်နိုင်ငံမှ စစ်သင်္ဘောများမှာ နယ်စပ်ပင်လယ်ပြင်တွင် ၂၀၀၈ ခုနှစ်ကကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းကြောင့် ပြဿနာ ပိုမို ကြီးထွားလာမည်ကို နှစ်ဘက်နယ်စပ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။

narinjara မှ ကူးယူထားပါသည်။

ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း ၅ခု အခြေဆိုက်ထား

တပ်မတော်သည် ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နှင့် ရေပြင်ပိုင်နက် အငြင်းပွားမူဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင်

အမြှောက်တပ်ရင်း (၅)ထိ တိုးချဲ့ အခြေစိုက်ထားသည်ဟု ရခိုင်ပြည်နယ် စစ်ရေး အခြေအနေကို လေ့လာသူ တဦးက ပြောသည်။

အဆိုပါ တိုးချဲ့ချထားသော အမြှောက်တပ်ရင်းများမှာ အမှတ် ၃၇၄ -အမ်း၊ အမှတ် ၃၇၃- စစ်တွေ ၊ အမှတ် ၃၇၇- ကျောက်တော်၊ အမှတ် ၃၇၈ - ဘူးသီးတောင်နှင့် အမှတ် ၃၇၅ -တောင်ကုတ်တို့ ဖြစ်သည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း အမြှောက်တပ်ရင်းများ မရှိဘဲ ခြေလျင်နှင့် ခြေမြန် တပ်ရင်းများသာ ရှိခဲ့ပြီး ယခုအခါ အမြှောက်တပ်ရင်း ၅ ရင်းကိုပါ တိုးချဲ့ အခြေစိုက်ထားလိုက်သည်။


မျက်မြင်များ၏ အပြောအရ ဘူးသီးတောင် အခြေစိုက် အမြှောက် တပ်ရင်းတွင် တရုတ်လုပ် တင့်ကားများပါ ရောက်ရှိနေပြီး အဆိုပါ တပ်ရင်းကို လွန်ခဲ့သောနှစ်က ဘူးသီးတောင် တပ်မင်းချောင်းတွင် အခြေစိုက်ခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာဆက်ဆံရေးမှာ တရုတ်အစိုးရ၏ ကြားဝင် ဆောင်ရွက်ပေးမူကြောင့် ယခုအခါ အသင့်အတင့် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ရေပြင်ပိုင်နက် အငြင်းပွားမူမှာမူ ယခုအချိန်ထိ မဖြေရှင်းနိုင်ဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသေးသည်။

ဘင်္ဂလာဒေခ်ျ့်မှ အငြင်းပွားရေပြင်ပိုင်နက် အနီးတွင် ဂတ်စ် ရှာဖွေခွင့်ကို အမေရိကန် နိုင်ငံ ကုမ္ပဏီ တခုအပါအ၀င် နောက်ထပ် နိုင်ငံခြား ကုမ္ပဏီ တခုအား ဌားရမ်းခဲ့သည်။

မြန်မာအစိုးရသည် ဘူးသီးတောင်နှင့် ကျောက်တော်အကြား ကားလမ်းကြမ်းတခုအား ဖေါက်လုပ်နေပြီး စစ်တွေ-ရန်ကုန် ကားလမ်းမနှင့် ချိတ်ဆက်ရန် စီစဉ်နေသည်။

၎င်းပြင် တပ်မတော်မှ ရခိုင်ကမ်းရိုးတန်း တလျောက်ရှိ အရေးပါသော ကျွန်းများ ဖြစ်ကြသည့် ကျွန်းသာယာနှင့် နန့်သာကျွန်းများတွင်လည်း အမြောက်တပ်ဖွဲ့များကို ချထားသည်ဟု စစ်ရေးလေ့လာသူက ပြောဆိုသည်။

Narinjara


ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျ စစ်ရေး လေ့ကျင့်မူ ပြုလုပ်


အဆိုပါ စစ်ရေး လေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့်ကယ်ဆယ် ရေး သင်္ဘောများ ပါဝင်သည်ဟု သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲလေ့ကျင့်သွားကြ မည်ဟု သိရသည်။
စစ်ရေး လေ့ကျင့်မူ ဖွင့်ပွဲကို ယမန်နေ့က စစ်တကောင်း ရေတပ်စခန်းရှိ BNS Issa Khan စစ်သင်္ဘောပေါ် တွင် ပြုလုပ်ခဲ့ပြီး ယခု CARAT စစ်ရေး လေ့ကျင့်မူတွင် ဘင်္ဂလားဒေခ်ျ့သည် ပထမဆုံး အကြိမ်ပါဝင် လာခြင်း ဖြစ်သည်။ အမေရိကန် ရေတပ်မှ ပြုလုပ်နေသာ CARAT စစ်ရေးလေ့ကျင့်မူမှာ ၁၇ နှစ် ကြာမြင့်နေပြီ ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မူကို နိုင်ငံပေါင်း (၇)နိုင်ငံနှင့် ပူးပေါင်း ပြုလုပ်နေခြင်း ဖြစ်သည်။
CARAT စစ်ရေး လေ့ကျင့်မူတွင်ပါဝင်သော နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဖြစ်ကြသည်။
ယခုကဲ့သို့ ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန်တို့ ဘင်္ဂလာပင်လယ်အော်တွင် စစ်ရေး လေ့ကျင့်မူ ပြုလုပ် နေချိန်တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့အကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပင်လယ် ဥပဒေတရားရုံး (International Tribunal for the Law of the Sea- ITLOS) တွင် ဖြေရှင်းနေသည်။
ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးမှုများကို ဘင်္ဂလာဒေခ်ျ့အတွက် စက်တင်္ဘာလ ၈မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုများကို စတင်္ဘာလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၆ -၁၉- ၂၀ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သည်။
ရေပြင်ပိုင်နက် အငြင်းပွာမူကို ယခုနှစ် ဧပြီလတွင် အဆုံးသတ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ် - နိရဉ္စရာ သတင်းဌာန

2 comments:

  1. Please post the new when International Tribunal for the Law of the Sea- ITLOS result come out. I believe we will win.

    ReplyDelete
  2. ခုံရုံးဆုံးဖြတ်ပေးတဲ.ကြားက ကျုးကျော်လာရင် လက်တုန်.ပြန်သင့်တယ်

    ReplyDelete