Monday, August 22, 2011

အမ်၁အေ၁ တင့်ကားက တကယ်ဘဲ အကောင်းဆုံးလား

အမျိုးအစား-၉၉ ပင်မတိုက်ပွဲဝင်တင့်ကား

အမျိုးအစား-၉၆ ပင်မတိုက်ပွဲဝင်တင့်ကား

အမ်၁အေ၁ ပင်မတိုက်ပွဲဝင်တင့်ကား

တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား

တီ-၇၂ ယူကရိန်းထုတ် ပင်မတိုက်ပွဲဝင်တင့်ကား

မြန်မာ့တပ်မတော်ရှိ တီ-၇၂အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား (ဗထူးလေ့ကျင့်ရေးကျောင်း)

6 comments:

  1. ကျွန်တော်ကတော့M1A1တွေကိုခိုက်တယ်ဗျ၊ဒါပြီးရင်တော့T-90ကိုကြိုက်တယ်ဗျ၊တင့်ကားတွေအကြောင်းသိပ်မသိတော့လူဗြိန်းအတွေးနဲ့ပြောတာပါ။တရုတ်လုပ်Tytpe-99/96တွေတော့မကြိုက်ဘူးဗျ၊အကြမ်းပတန်းသုံးရမဲ့နေရာတွေမှာတရုတ်လုပ်ပစ္စည်းကိုမသုံးစေချင်ပါ။အားလုံးလဲသိကြမှာပါဂျလန်းတွေဒေါင်ဖန်းတွေဟာအသစ်တုန်းကတော့ဟိတ်ဟန်လေးနဲ့၊ဒါပေမဲ့သုံးပြီးဘာမှမကြာဘူးဟိုကအသံထွက်ဒီကအသံထွက်နဲ့ဆက်တိုက်ပျက်နေတာပါဘဲဗျာ၊နောက်တစ်ခုသင်တန်းကျောင်းကရဲဘော်တွေကိုတိုင်ကType-59Dတွေကိုတော်တော်လက်လန်နေကြတယ်ဗျလေအေးပေးစနစ်လဲမပါတော့တင့်ကားမောင်းရင်အပေါ်ပိုင်းဗလာချွေးတလုံးလုံးနဲ့မောင်းရတယ်၊T-72မှာတော့လေအေးပေးစနစ်ပါတယ်၊Type-99/96 တို့ဆိုတာလည်းT-72တွေနဲ့သူမသာကိုမသာသိပ်မကွာဘုးထင်ပါတယ်။M1A1(သို့) T-90တွေကိုType-99/9နဲ့ T-72တွေကယှဉ်နိင်မှာမဟုတ်လို့ကျွန်တော်ကတော့ထင်တယ်ဗျ(လူဗြိန်းအတွေးနဲ့ပါ)

    ၅၅၆

    ReplyDelete
  2. I agree with Kong..M1 tanks shown its strength in both gulf wars against Iraqi Republican T-72s. Republican guards put up a good fight against M1s but T72s were no match against M1, it was one sided battle. In one shoot out, an M1 tank was stuck in the mud, 3 Iraqi T-72 open fired and score 3 direct hits. However, 2 out of 3 rounds bounce out off its armor and little damage was done to M1. M1 then fired back and destroy all Iraqi tanks. There are many good stories like that with M1 tanks. It had a few problems with treads when driving on the smooth concrete road. 2008, RPG-29 damaged an M1 tank. I don't think Burmese Army acquire any RPG29. Another bad side about M1 is, it drinks more gas than any other tank in the world. I think, German Leopard2 or British Challenger 2 can match M1.

    ReplyDelete
  3. တီ-၇၂တင့်ကားတွေဟာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတိုင်းမှာ ထင်သလောက် အောင်ပွဲကို မရခဲ့ပါဘူးဆိုရင် မှားသွားပါလိမ့်မယ်လို့ အနောက်နိုင်ငံ စစ်ရေးလေ့လာသူတွေက ၂၀၀၃ ခုနှစ်တွေမှာ ပြောခဲ့ကြဘူးပါတယ်...။သူတို့ပြောတဲ့ အချက်မှာ စိတ်ဝင်စားစရာကောင်းတာက တီ-၇၂တွေရဲ့ ၁၂၅မမပြောင်းတွေပါ ဒီ၁၂၅မမပြောင်းတွေဟာ အမေရိကန်ရဲ့ ဘယ်တင့်ကား အမျိုးအစားကို မဆို ဖောက်ခွဲနိုင်စွမ်းရှိပါတယ်လို့ဆိုခဲ့ကြပါတယ် ဒါဆို ဆဒမ်တင့်ကားတွေဘာကြောင့် ပြားပြားဝပ်သားရတာလည်းဆိုပြီး မေးရပါမယ် သူတို့ပြောတာကတော့ လေ့ကျင့်မှုပါတဲ့ ဆဒမ်ရဲ့တင့်ကတွေဟာ တကယ်တော့ ဒေသတွင်းနိုင်ငံတွေထဲမှာ အတောင့်တင်းဆုံးလို့ဆိုရပါမယ်...။ပြီးတော့ နောက်တစ်ချက်က အမေရိကန်ရဲ့ လေကြောင်းထိုးစစ်ပါ ဒီထိုးစစ်တွေကြောင့်လည်း တီ-၇၂ တွေ တီ-၆၂ တွေ တရုပ်ထုပ် အမျိုးအစား-၆၉ တွေ အတော်များများ ပျက်ဆီးခဲ့ရပါတယ်..။တင့်ကားချင်းတိုက်တဲ့ ပွဲကြီးတွေမှာတောင်မှ လေကြောင်းအကူအညီယူခဲ့ကြပါတယ်..။

    တရုပ်ထုတ် တင့်ကားတွေ အနေနှင့်ကတော့ မြန်မာ့တပ်မတော်မှာလည်း အတွေ့အကြုံတွေရှိပါတယ်...။အမျိုးအစား-၅၉ဒီတွေကတော့ တခြား ၅၉ တွေထက်စာရင်တော့ ပိုပြီးကောင်းပါသေးတယ် ဒါတောင်မှ ဘင်္ဂလားဒေ့်က ၅၉ဂျီ ဆိုပြီး အမျိုးအစား-၉၆ တွေရဲ့ ကာကွယ်ရေးစနစ်တွေအတိုင်း အဆင်မြင့်တင်မှုတွေ လုပ်နေပါတယ်..။တင့်ကားချင်း တိုက်ဖို့ကတော ဘင်္ဂလားဒေ့်နှင့်ဆိုရင် နတ်မြတ်ကတော့ အတော်ဒုက္ခပေးနိုင်ပါတယ်...။သူတို့ဘက်ကလည်း အတော်ပြင်ဆင်ထားပါတယ် အမျိုးအစား-၆၉ တွေကိုလည်း ပြောင်း အသစ်တွေလဲထားပါတယ်...။

    အမ၁အေ၁ တင့်ကားကို အာပီဂျီ-၂၉ ပစ်ခတ်ခဲ့တာကို ကျွှန်တော်လည်းကြည့်ဘူးပါတယ် အတော် ထိရောက်မှုရှိတယ်လို့ပြောနိုင်ပါတယ်...။မြန်မာ့တပ်မတော်သုံး တီ-၇၂ဟာ တီ-၇၂အက်စ်ဖြစ်တာမို့ ပြန်လည် အဆင့်မြင့်တင်ထားတယ်လို့ပြောလို့ရပါတယ်...။

    အမျိုးအစာဒ-၅၉ဒီတွေမှာ လေအေးပေးစက်မပါတာနှင့် ပတ်သက်လို့ စင်ကာပူရဲ့ ပင်မတိုက်ပွဲဝင်တင့်ကား ကျားသစ်-၂ တွေမှာလည်း လေအေးပေးစက်တွေမပါဘူးဆိုပြီး ပြောခဲ့ကြပါတယ် ဂျာမနီကအေးတာကိုဗျ သူတို့အတွက်တော့ ရတာပေါ့ဗျာ..။နောက်ပြီး အင်ဒိုနီးရှားကလည်း V-၁၅၀ သံချပ်ကာတွေမှာ လေအေးပေးစက်တွေတပ်ထားပါတယ်..။ ၅၉ဒီတွေမှာလည်းတပ်ဆင်ထားသင့်ပါတယ်...။ဂျာမန်ထုတ် တင့်ကားများနှင့် ပတ်သက်ရင်တော့ စင်ကာပူနိုင်ငံကနေ လေ့လာခွင့်ရမယ်လို့ ယူဆရပါတယ်..။

    မိမိအမြင်များကို လွတ်လပ်စွာ
    ဆွေးနွေးပေးကြပါခင်ဗျာ..။ ကိုkongပြောသလို အားလုံးက လူဗြိန်း အတွေးတွေနှင့် ပြောနေကြာတာပါ။ဆွေးနွေးပေးကြပါခင်ဗျာ..။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ..။

    ReplyDelete
  4. စိတ်ဝင်စားလို့ဝင်ရေးမယ်ဗျာ။
    ကျွှန်တော်သိရသလောက်ကတော့ တီ-၇၂တွေလည်း မညံ့ပါဘူးဗျ။ဆိုပါစို့ဗျာ ရုရှားထုတ်နှင့် ယူကရိန်းထုတ် စသည်ဖြင့်ပေါ့ဗျာ နိုင်ငံလိုက်ထုတ်လုပ်မှု ပုံစံနှင့် တပ်ဆင်မှုစနစ်တွေပေါ့ဗျာ...။ဥပမာ။ ။ရုရှားထုတ်တွေမှာ ညတိုက်ပွဲတွေကို ဆင်နွဲနိုင်တဲ့စနစ်တွေ ပြီးတော့ ရန်သူတင့်ကားတွေကို အာရုံခံနိုင်တဲ့စနစ်တွေ ရှိပါတယ်။အီရတ်တင့်ကားတွေမှာ အဆိုပါ စနစ်များ ပြည့်ဝစွာတပ်ဆင်ပေးနိုင်မှု မရှိသေးပါ။ရုရှားဆီကနေ နည်းပညာတွေဝယ်ယူပြီး အီရတ်ကထုတ်လုပ်ခဲ့တာပါ ဘာဘီလုံင်္ခြသေ့ဆိုပြီးတော့ ပေါ့ဗျာ..။ဝယ်ယူခဲ့တာက ၈၀ခုနှစ်တွေဖြစ်ပြီး ၁၉၉၀ ဝန်းကျင်လောက်မှု စပြီးအသုံးပြုတာပါ နောက်အီရတ်စစ်ဖြစ်တာက ၁၉၉၁ ဆိုတော့ ပြောရရင် ထုတ်လုပ်မှုနှင့် စစ်ဆင်ရေးအသုံးပြုမှုဟာ အလွန်နီးကပ်ပါတယ် လေ့ကျင့်မှု သေချာပြည်ဝစွာမရရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။အီရတ်ကို တိုက်ခဲ့တဲ့ တိုက်ပွဲကြီးတွေမှာ အမေရိကန် နှင့် မဟာမိတ်တပ်များမှာလည်း ထိခိုက်မှုတွေ အများကြီးပါ အမ်၁အေ၁တွေ ဆုံးရှုံးမှုကို သတင်းတွေမှာ ဖော်ပြမထားကြပါဘူး။အင်္ဂလန်က ပင်မတိုက်ပွဲဝင်တင့်တွေလည်း ထိုလည်းအတူပါဘဲ ဆုံးရှုံးကြပါတယ် သတင်းတွေကို ထိန်ချန်ထားကြလို့ဖြစ်ပါတယ်။

    ပြီးတော့ အီရတ်စစ်ပွဲကြီးမတိုင်ခင်မှာ ကုလသမဂ္ဂကနေပြီးတော့ ဘီအမ်-၂၁လိုမျိုး ဖျက်စွမ်းအားပြင်း လက်နက်တွေကို အကုန်ဖျက်ဆီးခဲ့ကြပါတယ် ဒီလိုစနစ်ကောင်းတွေ အတော်များများ ဖျက်ဆီးခဲ့ကြပြီးမှ ဝင်တိုက်တာဟာ တကယ်တော့ တရားနည်းလမ်းမကျဘူးလို့ ဆိုနိုင်ပါတယ်။အီရတ်စစ်တပ်က ပြန်လည်တိုက်ခိုက်တဲ့ ဒုံးတွေဟာ ဖျက်ဆီးခဲ့ကြတဲ့ ဒုံးတွေထက်နည်းနေပါသေးတယ်။

    တင့်ကားတွေ ထိပ်တိုက်တွေ့တဲ့ အခါတိုင်းမှာ အမေရိကန်က သာလွန်အင်အားနှင့် အမြဲတိုက်ခဲ့ကြပါတယ် လေကြောင်းအကူအညီ ရောရခဲ့ကြပါတယ်။ တီ-၇၂တွေကို အကောင်းဆုံးလို့ဆိုချင်တာ မဟုတ်ပါဘူး ဒါပင်မဲ့ ကိုယ့်ဆီက တင့်တွေကို လူများပြောတိုင်း အထင်သေးနေကြမှာစိုးလို့ ပြောမိတာပါ။အထက်က ပြောကြသလိုပါဘဲဗျာ တပ်ဖ်-၆၉ တွေ ၅၉ဒီတွေကိုလည်း အဆင့်မြင့်တင်မှုတွေ လုပ်ပေးစေချင်ပါတယ်။

    ReplyDelete
  5. တီ-၇၂ တွေလဲ ဒေသတွင်းအနေနဲ့ကြည့်ရင်မဆိုးဘူးလို့ပြောလို့ရပါတယ်။ M1a1,M1A2 တွေကိုယှဉ်နှိုင်ဖို့တော့ အဆင့်တော်တော်မြှင့် တင်ဖို့လိုပါလိမ့်မယ်။ အဓိက လှုပ်ရှားမောင်းနှင်နေစဉ်ပစ်ခပ်နိုင်ရပါမည်။ ကွန်ပြူတာစနစ်သုံး ပစ်ခပ်စနစ်(ကွန်ပြူတာသို့ ပစ်မှတ်အမျိုးအစား၊ အကွာအဝေး၊ လေတိုက်နှုန်း၊ ရာသီဥတုအပူချိန်၊ စသည့်အချက်အလက်များသည် တင့်ကားတွင်တတ်ဆင်ထား သည့်အာရုံခံကရိယာအမျိုးမျိုးမှအချက်အလက်များကိုအလိုလျောက်ပို့ပေးပြီးကျည်အမျိုးအစားကိုရွေးပေးမည်၊တင့်ကားကိုမည်မျှပင်မောင်း ပြီးလှုပ်ရှားစစ်ကစားနေပါစေ အမြောက်ပြောင်းကိုအမြဲငြိမ်နေအောင်ထိမ်းပြီးပစ်မှတ်ကိုလည်းအသေချိန်ထားပေးမည်၊ အမြောက်ပစ်သမားမှအသင့်ပစ်ရုံသာဖြစ်သည်)အမြောက်ပစ်သမားပစ်နေစဉ် Commander မှနောက်ပစ်မှတ်တစ်ခုကိုရှာရန် သီးသန့်ပစ်မှတ်ရှာကရိယာလိုပါသည်။ အရေးကြီးသည်က မိမိတင့်မှ ရန်သူကိုဦးစွာထောက်လှမ်းနိုင်ရန်လိုပါသည်။ ညတိုက်ပွဲဝင်နိုင်ရန် ညကြည့်၊ အပူအာရုံခံပစ်မှတ်ရှာကရိယာများ၊ အနီအောက်ရောင်ခြည်သုံးပစ်မှတ်ရှာကရိယာများလိုအပ်မှာပါ။နောက်တစ်ခုက ကာကွယ်ရေးစနစ်များပြည့်စုံလုံလောက်ရမည်၊ ယခုတတ်ဆင်ထားသော Explosive Reactive Armor (ERA)များမှာ Kontakt-5 အမျိုးအစားဟုထင်ပါသည်။နောက်ဆုံးပေါ်ကျည်များကိုခုခံရန်အားနည်းနေသည်ဟုထင်မြင်မိပါသည်။ နောက်ဆုံးပေါ် Relikt(ERA) များတတ်ဆင်သင့်ပါသည် ထို Relikt(ERA)များသည် Kontakt-5 များထက် ၂ဆ မှ ၃ဆ အထိအစွမ်းထက်စွာ ကာကွယ်နိုင်စွမ်းရှိပါသည်။ တန်ဖိုးကြီး သော တင့်တပ်ဖွဲ့ဝင်များ၏အသက်ကို ကာကွယ်ရန်အရေးကြီးပါသည်။ တိုက်ပွဲအောင်နိုင်ရန်လေ့ကျင့်မှုများများလိုပါသည်။ ထိုတင့်ကားမောင်းသောတပ်သားသည်လည်းအထူးကျွမ်းကျင်ဖို့လိုပါသည်။အလွန်လျှင်မြန်စွာမောင်းနှင်ပြီးလှုပ်ရှားစစ်ကစားနိုင်ဖို့လိုပါသည် သို့မှသာစစ်မြေပြင်တွင်အသက်ရှင်ပြီးရန်သူကိုခြေမှုန်းနိုင်မည်ဖြစ်ပါသည်။ တတ်နိုင်လျင်တန်ဖိုးကြီး Tank Simulator များနှင့်လေ့ကျင့်ပါက ပိုကောင်းပါမည်။ ကျွန်တော်သိသလောက်ရေးထားခြင်းဖြစ်ပါသည်။အမှားများ၊မပြည့်စုံသည်များကိုလဲထောက်ပြပြင်ဆင်ပေးပါခင်ဗျ။
    အားလုံးကိုလေးစားပါတယ်။

    ReplyDelete