Thursday, March 15, 2012

စစ်ဝတ်စုံများ ဆိုင်ရာ မိမိတို့အမြင်များ အပိုင်း-၃

ကိုunknown ရဲ့ ဆွေးနွေးထားမှုလေးကို ဒီမှာပြန်ပြီးကော်ပီလိုက်တာပါ.. Mg ပြောသလို တပ်မတော်ကြီးအတွက်ပြုပြင်စရာတွေ
ထိုင်ပြောနေရင် ကုန်မှာတောင် မဟုတ်ဖူးဆိုပေမယ့် ပြောထားတာလေးတွေကို စာလေးနဲ့ မှတ်တမ်းတင်လိုက်တော့ ဖတ်ရတဲ့လူအနေနဲ့
မိမိမှာပြင်ဆင်ခွင့်တွေရှိလာရင် ဒီလိုအချက်တွေ ဆွေးနွေးချက်တွေကို ထည့်သွင်းစဉ်းစားပြီး ပြုပြင်သင့်တာတွေကို ပြုပြင်သွားနိုင်တာပေါ့..

unknown:
ချည်သားနဲ့လုပ်ထားတဲ့ Equipment တွေအစား နိုင်လွန်နဲ့ချုပ်တဲ့ Equipment ဆိုရင် ပေါ့လဲပေါ့ပါးပါတယ်..
ရေစိုရင်လဲ ချည်လောက် မလေးဘူးဗျ ထိုင်းကတင်သွင်းတဲ့ အမေရိကန် kit တွေဆိုရင် သိသာပါတယ်... စုံလဲ စုံလင်တယ်...
အပိုတွေ တပ်လို့ရအောင်လဲ တော်တော်များများ လုပ်ပေးထားတယ်ဗျ... ဒါကို အတုခိုးသင့်တယ်
ရှ့တန်းထွက်တာတောင် တပ်စိတ်တစိတ်မှာ ဓာတ်မီး ၂ လက်လောက်ပဲ ပါနေတယ်ဆိုတာမျိုးတွေ... ဒါတွေက မဖြစ်သင့်ဘူးလေဗျာ...
Equipment မှာ ဘယ်လိုတပ်ရမယ်ဆိုတာ မသိတာလဲပါတယ် တပ်စရာနေရာ မလုပ်တတ်တဲ့အတွက် ကျောပိုးအိတ်ထဲ၊ ဘေးလွယ်အိတ်ထဲ
ထည့်ခဲ့ရမယ့်အတူတူ မတပ်တော့ဘူးကွာဆိုတာတွေလဲ ပါတယ်... တပ်ရင်းတပ်ဖွဲ့တွေမှာလဲ ဒါမျိုးကအစ စစ်သည်တိုင်း ပါအောင်၊ ပြည့်စုံအောင် စစ်ဆေး၊
သင်ကြားပေးတာမျိုးတွေ... လှုံ့ဆော်မှုတွေ စစ်ဆေးမှုတွေ အားနည်းနေသေးတယ်လို့ ထင်တယ်ဗျာ.
တပ်ထွက်ကာနီး ၂ ရက်လောက်အလိုမှာ တပ်ခွဲလိုက်တပ်စုလိုက် ကြပ်ကြပ်မတ်မတ် ပြင်ဆင်စစ်ဆေးသင့်တယ်ထင်ပါတယ်...
ဒါတွေက အထက်အရာရှိတွေကိုယ်တိုင်က အမြဲ Active ဖြစ်နေမှ ရမှာခင်ဗျ.
နောက် ဒီထဲမှာ ဆွေးနွေးထားတဲ့ ဆက်သွယ်ရေးစက် Icon တွေဆိုရင်လဲ စစ်သည်တိုင်း မကိုင်နိုင်တောင်မှ တပ်စိတ် ၁ စိတ်မှာ အဖွဲ့ ၃ ဖွဲ့ရှိပါတယ်...
အဲဒီ အဖွဲ့ ၃ ဖွဲ့မှာ ၁ လုံးစီလောက်ရှိရင်ကို အဆင်ပြေပါတယ်ဗျာ.
လမ်းကင်းထွက်ရင် အဲဒီလို အဖွဲ့လေးတွေ ခွဲလိုက်ပြီးတဲ့နောက် အသံပဲ နားထောင်နေရတယ်ဗျို့... စကားပြောစက်က အရာရှိဆီမှာပဲ ပါတယ်... ကျန်တဲ့ အဖွဲ့လေးတွေရဲ့
ခေါင်းဆောင်တွေဖြစ်တဲ့ အကြပ်ကြီး၊ အကြပ်တွေမှာ မပါကြဘူး..
တခုခုဖြစ်ကြပြီဆိုရင် လက်နက်ငယ်သံ ပေါ်လာမှပဲ ပေါ်လာတဲ့ဆီကို အကူလိုက်လို့ရမယ်... အမှန်က အဲဒီလို အခြေခံ လိုအပ်ချက်ကလေးတွေကအစ ပြည့်စုံနေသင့်တာဗျ
ဆက်သွယ်ရေးစက်နဲ့ ပြောရာမှာလဲ လုံခြုံမှုက လိုလာပါတယ်... ဒါကတော့ သတိဝီရိယနဲ့ အမြဲတမ်း လှိုင်းနှုန်းတခုထဲကိုပဲ မသုံးပဲနဲ့ အချိန်အားလျော်စွာ ပြောင်းလဲ သုံးစွဲကြရမှာပေါ့ဗျာ



Unknown ရဲ့ဆွေးနွေးချက် အဆက်.....
Unknown :
နောက်တခုက ကျည်ဆံကိစ္စခင်ဗျ... ကျည် ကျွန်တော်တို့ ထုတ်တယ်... ရှေ့တန်းထွက်ရင် ဥပမာ - ကျွန်တော့်မှာ ကျည်ကဒ် ၉ ကဒ်ပါသွားတယ်ဗျာ..
တကဒ်ကို အတောင့် ၃ဝ၊ ၉ ကဒ်ဖြစ်တဲ့အတွက် ၂၇ဝ ... တကယ်တမ်း တိုက်ပွဲဖြစ်ပြီဆိုရင် ကျည် ၂၇ဝ က ဘယ်လောက်မှ မခံဘူးဗျ..
ဘယ်သူမှ တိုက်ပွဲမှာ တစ်တောင့်ချင်းဖွင့်ပြီး ပစ်တဲ့လူ ရှားပါတယ်... အကုန်လုံးက အတွဲလိုက် ခလုတ်ပဲ ဖွင့်ပြီး ပစ်ကြတာပါ... ဒီတော့ ကျည် ၂၇ဝ ဟာ
စစ်သည်တယောက်အတွက် အလွန်ဆုံးခံရင် ၁ နာရီပဲဗျာ.. တိုက်ပွဲအရှိန်အဟုန်ပြင်းရင်... ရန်သူက ပစ်အား၊ လူအင်အားများရင် ၁ နာရီတောင် မခံပါဘူး...
၁ နာရီဆိုတာ ကြားထဲမှာ သူဆိုင်းကိုယ်ဆိုင်း ဆိုင်းနေမယ့်အချိန်လေးတွေကိုပါ ထည့်တွက်ထားလို့ပါ
မတော်လို့ ကိုယ့်တပ်စုတပ်ဖွဲ့က အဝိုင်းခံနေရပြီဆိုပါတော့... ရန်သူကလဲ ပစ်အား၊ လူအား များနေတယ်... စစ်ကူလဲ မလာနိုင်တဲ့နေရာ၊ အချိန်သာဆိုရင် နောက်ဆုံး suicide လုပ်ဖို့ပဲ ကျန်တယ်ဗျို့
US Army ကို ကြည့်ပါ... သူတို့မှာ ကျွန်တော်တို့ဆီကလို ကျည်ပေါက်အိတ်တွေထဲမှာ ကျည်ကဒ်အပြည့်ပါတယ်ဗျာ... အဲဒီမှာက ၈ ကဒ်၊ ပြီးတော့ ခန္ဓာကိုယ်ရဲ့နောက်တဖက်တချက်စီက ဘေးလွယ်အိတ်
၂ ဖက်မှာ ၄ ကဒ်စီ... ၈ ကဒ်ပါတယ်ဗျာ..စုစုပေါင်း ၁၆ ကဒ်... သေနတ်မှာ Stand by ရှိနေတာက ၁ ကဒ်... စုစုပေါင်း ၁၇ ကဒ်... ကျည်တောင့်ရေ ၅၁ဝ ပါပါတယ်..
ဒီမှာတင် တပန်းရှုံးနေပြီဗျို့... ကျွန်တော် ပြောတာက US Army နဲ့ ပြိုင်ဖြစ်တဲ့အခါကို ပြောတာ မဟုတ်ပါဘူး... စစ်သည်တယောက်ရဲ့ သယ်ဆောင်နိုင်မှုအား အများကြီး ကျန်သေးတယ်ဆိုတာကို ပြောချင်တာပါ..
အဲဒီလို ခံနိုင်ရည်ရှိအောင်လဲ စစ်သည်တွေကို Train ပေးတဲ့နေရာတွေမှာ မလိုအပ်တာတွေကို လျှော့... (ဥပမာ Fatigue) ... စစ်တပ်ဆိုတာ လေ့ကျင့်ပြီးရင် လေ့ကျင့်ပဲ ဖြစ်နေရမယ်ဗျ..
စစ်သားတယောက် အနားယူတယ်ဆိုတာဟာလဲ သူ့ကိုယ်ပိုင်ချိန် ဒါမှမဟုတ် ခန္ဓာကိုယ်ကို လန်းဆန်းအောင်၊ တိုက်ပွဲဝင် အသင့်နဲ့ စစ်ရေးသတိ အမြဲထားပြီး နားနေတာမျိုးပဲ ဖြစ်ရမယ်..
ဒါကြောင့် တပ်မတော်ရဲ့ ဟိုဆောင်ပုဒ်လေးကို ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် မကြိုက်ဘူး..
စစ်တိုက်ရန်၊ စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြု လုပ်ငန်းလုပ်ရန်ဆိုတဲ့ ဆောင်ပုဒ်ပါ.. စစ်တိုက်ရန်မရှိတာကို လက်ခံလို့ရပါတယ်... လေ့ကျင့်ရန် မရှိက ဆိုတာကတော့ဗျာ...
စစ်သည်တယောက်အတွက် လေ့ကျင့်ပြီးရင်း လေ့ကျင့်နေရမယ်ဗျ၊ လေ့ကျင့်၊ နား၊ လေ့ကျင့်၊ နား ဆိုတာမျိုးပဲ ဖြစ်နေရမယ်..
စစ်သည်တယောက်ဟာ စစ်မြေပြင်မှာ သူသေကိုယ်သေ တိုက်ခိုက်နိုင်ဖို့ သူ့မှာ အရည်အချင်း ပြည့်ဝနေဖို့ လိုပါတယ်... စကားစိမ်းစိမ်းနဲ့ ပြောရရင် စစ်တိုက်ခြင်းဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်လို့တောင် ပြောလို့ရတယ်.
ဒီ့အတွက် သူသေကိုယ်သေ သတ်နိုင်ဖို့၊ တိုက်နိုင်ဖို့ သူ့မှာ လိုအပ်နေတာက အရည်အချင်း၊ စိတ်ဓာတ်၊ ခွန်အားလေဗျာ... အရင်က နိုင်ငံတော်အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်က တွဲဖက် တာဝန်ယူထားခဲ့တဲ့အတွက် ဒီလို
ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်ရတယ်ဆိုရင်လဲ အခုက စတင်ပြောင်းလဲနေပြီလေဗျာ.ဒါကိုလဲ ပြောင်းလဲ သင့်ပြီလို့ထင်ပါတယ်... နိုင်ငံ့ရဲ့ ဒေသအသီးသီးမှာ အရေးပေါ် ဘေးဒုက္ခအန္တရာယ်တွေ ကြုံလာလို့ သွားရောက် ကူညီပေးရတဲ့
ပြည်သူ့အကျိုးပြု လုပ်ငန်းတွေဆိုရင်တော့ ကျွန်တော် မဆိုလိုပါဘူး ... အခုက ရုံးဖွင့်ရက်လဲ ဒီ Fatigue... ရုံးပိတ်ရက်လဲ ဒီ Fatigue ဆိုတော့ကာ စစ်သည်တွေလဲ မိမိသေနတ်ထက်စာရင် ပေါက်ပြားကို ပိုထိတွေ့ရတာက များနေတယ်ဗျ..
ဒါလေးကလဲ ပြုပြင်ရမယ့် အချက်တခုလို့ ကျွန်တော်တော့ မြင်တယ်. ညီအစ်ကိုတို့လဲ ဆက်ပြီးတော့ ဆွေးနွေးပေးကြပါဦးဗျာ... ကိုယ့်တပ်မတော်ကို ဒီ့ထက်ပိုပြီး Strong and Active ဖြစ်လာတာ မြင်ချင်တဲ့ စိတ်စေတနာနဲ့ပါ..


whoami?: http://www.thehighroad.org/archive/index.php/t-44129.html
အပေါ်ကလင့်မှာလေ့လာကြည့်ပါ.. အဲမှာ သူတို့ဆွေးနွေးထားတာ
ပုံမှန်အားဖြင့် US စစ်သားတစ်ယောက်က
M-16 or M4 (၅.၅၆ မမ) တစ်လက် နှင့် ကျည်အိပ်(၃၀ တောင့်)
အပိုကျည်အိမ် - ၆ခု.. စုစုပေါင်း ကျည် ၂၁၀ တောင့် ..
အတောင့် ၁၂၀ ဆန့် ကျည်ခါးပတ် (သိုမဟုတ်) ကျည်ဗူး နောက်အိပ်မှာ ပါပါတယ်
(အရံကျည်လို့ယူဆပါတယ်)

၉မမ ပစ္စတို ၁လက် နဲ့ ကျည်အိမ် ၄ ခု (သေနတ်တွင်တပ်ပြီးသား အပါအ၀င်)
လက်ပစ်ဗုံး ၂ လုံး

တစ်ချို့ M-60 , M-249 ကိုင်ဆောင်သူတွေကတော့ သူတို့သတ်မှတ်ချက်အတိုင်းသယ်ဆောင်ကြပါတယ်
အောက်ကလင့်မှာ လည်း အနည်းအကျဉ်းလေ့လာကြည့်နိုင်ပါတယ်
http://www.hellasairsoft.com/reviews/Spear_ELCS/index.html

အောက်ကလင့်ကတော့ ကျည်ကာအကျီပါ..
http://www.alibaba.com/product-free/114862505/Body_Armour_Ballistic_Solutions_Personal_Protective/showimage.html
ကျည်ကာနဲ့ ဆက်စပ်လို့ တွေးမိတာလေးပါ...
ဟိုးရှေး မြန်မာဘုရင်တွေခေတ်တုန်းကလည်း စစ်သားတွေ ချပ်ဝတ်အကာအကွယ်မပါပဲ တိုက်ခဲ့ကြတယ်တဲ့တူပါတယ်..
အဲဒါကြောင့် မြန်မာစစ်သားတွေ ကျည်ကာတွေဘာတွေ ၀တ်ဖို့ဆိုတာ ရိုးရာအရ မ၀တ်ကြတာလားတော့မသိဘူး.. :D
ရုပ်ရှင်တွေကြည့်မိရင် သဘောပေါက်ကြမှာပါ. :P
ရုပ်ရှင်တွေအရဆို ကျန်စစ်သားတို့အလောင်းမင်းတရားတို့က ဘာ ချပ်ဝတ်မှ မ၀တ်ကြဘူးထင်တယ်..
အင်္ဂလိပ်ကားတွေ တရုပ်ကားတွေမှာတောင် ရိုးရိုးစစ်သားမပြောနဲ့ သူရဲကောင်းဆိုတဲ့ အာခီလိစ် တို့လိုတောင် ချပ်ဝတ်တန်ဆာ ကာဗာ အပြည့်နဲ့ ဓါးခုတ်ကြတာ..
အင်း... မြန်မာတွေကိုက သတ္တိကောင်းလွန်းတာလို့ပဲ တွေးရတော့မှာပဲ :D

9 comments:

  1. ဖြစ်နိုင်ရင် ကျွန်တော်လဲ တပ်မတော်ချပ်ဝတ်တန်ဆာတွေမှာ ကျည်ကာပြားထည့်ထားတဲ့ ကျည်ကာအကျီင်္တွေ တပ်ဆင်ပေးတာကို လိုလားပါတယ်... ဒါပေမယ့် လက်ရှိဘတ်ဂျတ်နဲ့ မလုံလောက်သေးဘူးဆိုရင်လဲ ကိစ္စမရှိသေးပါဘူး... ရပါတယ်။ လောလောဆယ် ကိစ္စရှိတာက လက်ရှိတပ်မတော်မှာဖြစ်နေတဲ့ (BIA BDA ကာလတုန်းက ရှိတဲ့ယူနီဖောင်း ကောက်စွပ်သလိုဖြစ်နေတဲ့) အရောင်အသွေး အမျိုးမျိုးအဖုံဖုံ စုံလင်လှစွာသော ယူနီဖောင်းတွေ၊ ပိတ်စတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးအဆင့်ကနေ တပ်သားသစ်အဆင့်ထိ တစ်သားထဲသော၊ တစ်သွေးထဲသော အသွေးအရောင်နဲ့ပိတ်စတွေ(ယူနီဖောင်းတွေ)ကိုသာ ဆင်ပေးစေချင်ပါတယ်/ဝတ်ဆင်စေချင်ပါတယ်...။ သူများနိုင်ငံ တပ်မတော်တွေကို ကြည့်လိုက်ပါ... စစ်သားတွေရဲ့အကျီင်္တွေ အရောင်အသွေး ကွဲပြားနေတာမျိုး မြင်ဖူးကြပါသလား... ကျွန်တော်တော့ သတိထားမိသလောက် မတွေ့ဖူးဘူးဗျာ... တစ်သွေးထဲတစ်ရောင်ထဲ ပိတ်စအသားဆိုလဲ တစ်မျိုးထဲတွေ... ပျောက်ကျားဖြင့်ပျောက်ကျား၊ ဗြောင်ဖြင့်ဗြောင်စသဖြင့်ပေါ့... အဲဒါကို တင်းတင်းကြပ်ကြပ်လေး ကိုင်တွယ်ကြီးကြပ်စေချင်ပါတယ်။ အထက်ကနေ အတိအကျ အမိန့်ထုတ်ပြန်ပြီး ဒီလိုယူနီဖောင်းအသားနဲ့ ဒီလိုအရောင်အသွေးကိုပဲ စစ်သည်အဆင့်အတန်းအားလုံး နေရာတိုင်း၊ အချိန်တိုင်းမှာ တညီတညာထဲ ဝတ်ဆင်ရမယ်ဆိုရင် အောက်ကလဲ အဆင့်ဆင့် တိကျတဲ့ ကြီးကြပ်ကွပ်ကဲမှုတွေနဲ့ သေချာလေးလုပ်ပေးရင် လက်ရှိဝတ်နေကြတဲ့ ပိတ်စအသားမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ စစ်သည်တွေရဲ့ယူနီဖောင်းတွေ ပပျောက်သွားမှာအမှန်ပါပဲ...။ အစကနဦးမှာတော့ ကက(ထောက်)ရဲ့ဦးစီးမှုနဲ့ ဖြန့်ဝေပေးပေါ့ဗျာ... နောက်ပိုင်း စစ်သည်တွေရဲ့ လက်ထဲရောက်မှ ပျောက်ဆုံး၊ ပျက်စီးတွေကျတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်... ဒါမှမဟုတ် တပ်အစီအစဉ်နဲ့ ပြန်ပြီး တစ်ရောင်ထဲ၊ တစ်သားထဲကို ပြန်ဝယ်ချုပ်ပြီး ဝတ်ကြပေါ့...။ လက်ရှိ တနိုင်ငံတလျား အပြင်ဘက်မှာရောင်းနေကြတဲ့ စစ်ပစ္စည်းဆိုင်တွေ၊ စစ်ဝတ်ဆိုင်တွေက ကောင်းကျိုးလဲရှိသလို ဆိုးကျိုးလဲရှိပါတယ်... ကောင်းတာကတော့ ကိုယ့်ပစ္စည်း ပျောက်ဆုံး၊ ပျက်စီးလို့ ကိုယ်လိုအပ်တဲ့အခါ လွယ်လွယ်ကူကူ ပြန်ပြီးဝယ်နိုင်တာပါပဲ... မကောင်းတာကတော့ အဲဒီလိုဆိုင်တွေကနေ မတူညီတဲ့ပိတ်စတွေ၊ မတူညီတဲ့အရောင်တွေကို ဝယ်ပြီး ကိုယ့်စိတ်ကြိုက် ဆင်မြန်းနေရာက အရောင်အသွေးကွဲပြားတဲ့ တပ်မတော်ကြီးဖြစ်လာနေတာပါပဲ... ဒါကို ထိန်းသိမ်းဖို့က အထက်ကနေ အမိန့်နဲ့ ဒါမျိုးအရောင်၊ ဒါမျိုးပိတ်သားကိုပဲ တပ်မတော်တစ်ရပ်လုံး ဆင်မြန်းရမယ်ဆိုပြီး တိတိကျကျ ကြပ်မတ်စစ်ဆေးနေဖို့ပဲ လိုပါတယ်... ဒါဆိုရင် အဲဒီဆိုင်တွေလဲ အဲဒီအရောင်၊ အဲဒီပိတ်သားကိုပဲ ရောင်းချကြတော့မှာဖြစ်တဲ့အတွက် ကွဲပြားမှုတွေ ရှိမလာနိုင်တော့ပါဘူး... အဲဒီတစ်ချက်က တော်တော်အရေးကြီးပါတယ်ဗျာ။ ဘာဖြစ်လို့ ကျွန်တော် ဒီလိုပြောနေရလဲဆိုတော့ တကယ့်တောထဲတောင်ထဲမှာ အခက်တွေ့ကြလို့ပါ... တကယ်တမ်း တောထဲမှာ ချီတက်ရင်းနဲ့ စစ်စိမ်းမြင်ရင်တောင် ကိုယ်က လက်ဦးမှုရယူပြီး စပစ်ဖို့က မရဲဘူးဗျာ... သူ့လက်မောင်းတံဆိပ်ကို မမြင်ရသေးမချင်း တပ်မတော်သားလားဆိုတာ မသိရဘူး... လက်မောင်းတံဆိပ်မပါပြန်တော့လဲ ချစ်ကြည်ရေးယူထားတဲ့ တိုင်းရင်းသားတပ်က လူတွေများလား.. ဒါမှ တကယ်တိုက်ရမယ့်ရန်သူလားဆိုတာ စိတ်ဒုန်းဒုန်းမချနိုင်ပြန်သေးဘူး... အဲဒီအဖြစ်မျိုးတွေက ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရသလို စစ်ဆင်ရေးတွေထွက်ကြတဲ့ အရာရှိတော်တော်များများ ပြောကြတဲ့အချက်ပါ... လက်ရှိကိုယ့်ပြည်တွင်းစစ်ဖြစ်နေလို့ ကျွန်တော် ဒါကို တိုက်တွန်းတာမဟုတ်ပါဘူး... ယူနီဖောင်းဆိုတာက "တူညီဝတ်စုံ"လို့ အဓိပ္ပာယ်ရပါတယ်... လက်ရှိမြန်မာနိုင်ငံမှာ ရဲတွေတောင်မှ တပုံစံထဲသော ယူနီဖောင်းနဲ့အသားတွေကို ဆင်မြန်းနေကြပါပြီ... ကျွန်တော်တို့နေနေတာက တပ်မတော်ပါ၊ အားလုံးက တစ်သွေးတစ်သံတစ်မိန့်နဲ့ အလုပ်လုပ်နေကြတဲ့ တပ်မတော်သားတွေပါ... အဲဒီလို တပ်မတော်ကြီးကမှ အခုလို အဆင်အပြင်ကအစ ကွဲပြားနေတယ်ဆိုရင်တော့ လူလေးစားစရာလဲမရှိသလို နိုင်ငံတကာနဲ့ယှဉ်ရင်လဲ ဂုဏ်သိက္ခာအရ အများကြီး ပြောစရာဖြစ်ပါတယ်ဗျာ... ဒါကြောင့် ဒါလေးကိုတော့ တပ်မတော်ရဲ့သိက္ခာ၊ အဆင့်အတန်းနဲ့ လျော်ညီအောင် ကြပ်ကြပ်မတ်မတ် ပြုပြင်သွားစေချင်ပါတယ်... ဒါ စစ်ဝတ်စစ်စားကို အစဦးဆုံးပြုပြင်ရာမှာ အခြေခံဖြစ်တဲ့ အရေးအကြီးဆုံးအချက်မို့ပါ။ Issue ဆိုလဲ ချုပ်ရိုးချုပ်သားကောင်းကောင်း၊ ပိတ်သားကောင်းကောင်းနဲ့ အရာရှိ၊ အခြားအဆင့်မခွဲခြားပဲ စစ်သည်အားလုံး တစ်သွေးတစ်ရောင်ထဲသော တစ်သားထဲသော ယူနီဖောင်းတွေနဲ့ အဆင့်အတန်းရှိလှတဲ့ တပ်မတော်ကြီးကို မြင်တွေ့ရအောင် လုပ်နိုင်တဲ့လူကြီးများ၊ တာဝန်ရှိတဲ့တပ်မတော်အကြီးအကဲများက ကြပ်ကြပ်မတ်မတ် ကြိုးစားပေးစေချင်ပါတယ်ဗျာ...။

    ReplyDelete
  2. ကျွန်တော်ဆိုလိုချင်တာက အချိန်အခါအလိုက် ဝတ်ရတဲ့ အခမ်းအနားတက်ဝတ်စုံ၊ စစ်ရေးပြဝတ်စုံစတဲ့ ယူနီဖောင်းတွေကို ပြောတာမဟုတ်ပါဘူးဗျာ... ကျန်တဲ့အချိန်တွေနဲ့ စစ်ဆင်ရေးထွက်ရတဲ့ကာလတွေမှာ ဝတ်ဆင်ကြတဲ့ ရိုးရိုးယူနီဖောင်းတွေကို ဆိုလိုခြင်းဖြစ်ပါတယ်... ယူနီဖောင်းတင်မက ညီအစ်ကိုတွေ ဆွေးနွေးထားသလို ဦးထုပ်၊ တိုက်ခိုက်ရေးဖိနပ်၊ အခြားသော ချပ်ဝတ်နဲ့ကိရိယာတန်ဆာပလာတွေကိုလဲ အဆင့်မြှင့်တင်ပြီး ဆင်ယင်တပ်ဆင်ပေးသွားဖို့ လိုအပ်နေပါပြီ...။

    ReplyDelete
  3. http://thedonovan.com/archives/modernwarriorload/ModernWarriorsCombatLoadReport.pdf ကျွန်တော်အင်တာနက်မှာတွေ့ထားတဲ့ PDF file ပါ။ အစ်ကိုတို့ ညီတို့ ဖတ်ရှနိုင်ရန် Link ပေးလိုက်ပါသည်။ ကျွန်တော် တပ်မတော်သား မဟုတ်ပါ သို့သော် တပ်မတော်မှကြွေးသော ထမင်း ကို မွေးကတည်းက စားခဲ့ရတဲ့ စစ်သား သားသမီး တစ်ဦးပါ။
    မြန်မာ့တပ်မတော်ကြီး အစစအရာရာတိုးတက်ခေတ်မှီပါစေ။

    ReplyDelete
  4. ကျွန်တော့ရဲ့ ကွန်မန့်လေးပျောက်သွားလို့ပါ၊ ဖြုတ်လိုက်တာလားဗျာ

    ReplyDelete
  5. Spam ထဲရောက်သွားလို့ပါဗျာ... :D

    ReplyDelete
  6. ကျေးဇူးပါ ကိုMM.

    ReplyDelete
  7. ကျနော်တို့ ဆွေးနွေးချက်တွေ အထက်လူကြိးတွေ သိနိုင်ရင် ပို ကောင်းမယ် ထင်ပါတယ်.......... နီးစပ်တဲ့ သူများ မ၇ှိကြဘူးလား

    ReplyDelete
  8. Ko Zin
    လူကြီး PSO တစ်ယောက်ကို Site Address ပေးလိုက်ပါ့မယ်။ အလျင်းသင့်လျှင်နီးစပ်ရာအရာရှိကြီးများကိုလဲပေးခိုင်းလိုက်ပါ့မယ်။

    ReplyDelete
  9. တပ်မတော်ကြီးတပ်ခုလုံးပြောင်းရမည်

    ReplyDelete