Thursday, March 15, 2012

စစ်ဝတ်စုံများ ဆိုင်ရာ မိမိတို့အမြင်များ အပိုင်း-၁

whoami7: အခြေခံစစ်ဝတ်စုံ၊ တိုက်ပွဲဝင်ဝတ်စုံ ၊ equipment တွေ ၊ တောစီးဖိနပ်တွေ စတာတွေကိုလည်း ခေတ်မှီအောင်ပြောင်းလဲသင့်နေပါပြီ. အဲဒိအကြောင်းနဲ့ပတ်သတ်တဲ့ပိုစ့်လေးတွေလည်း တင်ပေးစေချင်ပါတယ် ခင်များ

mg: အင်း စစ်သည်တစ်ယောက်ချင်းစီရဲ့ စစ်ထွက် ချက်ဝတ်တန်ဆာတွေကို မြှင့်တင်ပေးသင့်ပြီ။ နိုင်ငံတကာစစ်သည်တွေနဲ့ မြန်မာစစ်သည် တို့ကို နှိုင်းယှဉ်ကြည့်ရင် အင်မတန်ကွာဟလွန်းပါတယ်။တောသားနဲ့ မြို့သား ကွာသလိုပေါ့ဗျာ။ခေတ်မှီတပ်မတော်ကိုပြောင်းမယ်ဆိုရင် စစ်သည်တစ်ဦးချင်းစီရဲ့ ချက်ဝတ်တန်ဆာကအစ မြှင့်တင်ပြောင်းလဲပေးသင့်နေပြီ။စစ်သည်တိုင်းဟာ ဆက်သွယ်ရေးကရိယာတွေရှိရမယ်။ ဖြစ်နိုင်ရင် ဦးထုပ်တောဆောင်းတွေကိုတောင် ပြင်စေချင်တယ်။မိုးရွာရင် စစ်သည်တွေရဲ့ ဦးထုပ်တွေဟာ ဘာမှသုံးစားမရဘူး ခေါင်းလည်းမလုံဘူး တောဆောင်းဦးထုပ်တွေဟာ ရေစိုတာနဲ့ ပျော့ဖတ်ပြီး ရွဲ့စောင်းနေတယ်။တိုက်ပွဲဖြစ်လို့ ပြေးလွှားရင် အဲဒီ့ဦးထုပ်တွေက ပြုတ်ကျကုန်ရော။ဦးထုပ်မပါပဲ ရှေ့တန်းမှာ သွားလာနေရတဲ့ စစ်သည်တွေက ခပ်များများပါပဲ။ တောဆောင်းဦးထုပ်ထက် လျှာထိုးဦးထုပ်လေးတွေကမှ ဆောင်းရတာ ပိုအဆင်ပြေအုံးမယ်။

unknown: လျှာထိုးဦးထုပ်လေးတွေဆိုလဲ ခပ်မတ်မတ်လေးတွေပဲ ဖြစ်သင့်တယ်ဗျာ... ဝတ်စားဆင်ယင်မှုက လူတယောက်ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တယ်မဟုတ်လားဗျ ကြည့်လိုက်တာနဲ့ သပ်ရပ်ပြီး စမတ်ကျနေတယ်ဆိုရင် အချင်းချင်းသော်၎င်း၊ ကိုယ့်ကိုယ်ကိုသော်၎င်း ယုံကြည်မှုပိုရှိလာပြီး တိုက်ပွဲဝင်စိတ်ဓာတ်ကို အကျိုးသက်ရောက်စေလိမ့်မယ်ထင်တယ်ခင်ဗျ တောဆောင်းကတော့ လုံး​ဝကို မသုံးသင့်တော့တာပါ... Issue လျှာထိုးတွေကျတော့လဲ စမတ်မကျဘူးဗျ အခြားနိုင်ငံတွေမှာကလဲ အပေါ့စား ချေမှုန်းရေးတပ်ဖွဲ့ငယ်လေးတွေနဲ့ အထူးတပ်ဖွဲ့ငယ်လေးတွေလောက်ပဲ လျှာထိုးသုံးတယ် ဒီတော့ ပျောက်ကျား Helmet တွေဆိုရင် မေးသိုင်းကြိုးနဲ့ လူကို ပိုပြီးတော့လဲ အကာအကွယ်ဖြစ်စေတယ်၊ သွားလာရာမှာလဲ ခိုင်ခိုင်မြဲမြဲရှိမယ်လို့ ကျွန်တော်ကတော့ ထင်တယ် ဖြစ်နိုင်ရင် ၂၂ တပ်မ ရှေ့တန်းထွက်သလို စစ်သည်တိုင်း(အရာရှိ၊အခြားအဆင့်) ပျောက်ကျားဝတ်စုံတူညီနဲ့ ပျောက်ကျား Helmet တွေ တူညီသာ တပ်မတော်တရပ်လုံးကို ဆင်ပေးလိုက်မယ်ဆိုရင်... တော်တော်ကြီးကို ပြည့်စုံသွားမှာပါဗျာ... အခြား စစ်ဝတ်တွေ၊ ချပ်ဝတ်တွေကလဲ ပြောင်းသင့်တာတွေ ရှိသေးတယ်ဗျ နောက်မှ ဆွေးနွေးပါဦးမယ် ကို MM ရေ... စိတ်မရှိနဲ့နော်ဗျ... cbox မှာ ဆွေးနွေးသွားတယ်ဆိုတာက ကွန်မန့်ပေးရတာ အခက်အခဲတွေ့နေလို့ပါ.. အခုလို တကဏ္ဍချင်းစီ ဆွေးနွေးလို့ရအောင် လုပ်ပေးထားမယ်ဆိုရင် ပိုကောင်းမယ်လို့ အကြံပေးခဲ့ပါရစေဗျာ ဒီဘလော့ဂ်လေး ပိုမိုတိုးတက်လာတာကို စောင့်မျှော်နေပါတယ်.. အားပေးနေပါတယ်ဗျာ

mg: စစ်ဦးထုပ် helmet ခမောက်ဦးထုပ်ဆောင်းမှ စစ်သားတစ်ယောက်က စစ်သားနဲ့တူတာ။သို့သော်လည်း အဲဒီ့ ဟဲလ်မတ် ခမောက်ဦးထုပ်ဟာ ပေါ့ပါးဖို့လည်းလိုတယ်။လေးလံနေ၇င်လည်း အဆင်မပြေလှပါဘူး။စစ်သည်တစ်ဦးရဲ့ ချက်ဝတ်တန်ဆာတွေဟာ တတ်နိုင်သလောက် ပေါ့ပါးနေမှ အဆင်ပြေမှာပါ။
လက်ရှိ တော်ဆောင်းဦးထုပ်ကတော့ လုံးဝမဆောင်းသင့်တော့တာ အမှန်ပဲ။ဘာတစ်ခုမှအသုံးမ၀င်လို့ပါ။မိုးရွာရင် စိုဖတ်ပြီး ရွဲ့စောင်းပြီး သုံးစားလို့မရတော့ပါဘူး။ခေါင်းလည်းမလုံဘူး။ဒြါေ ကာင့် Helmet ကိုမသုံးခင်မှာ ပေါ့ပါးတဲ့ စမတ်ကျတဲ့ လျှာထိုးဦးထုပ်လေးတွေ တပ်ဆင်ပေးသင့်တယ်။စစ်တပ်ကထုတ်တဲ့ စစ်ဝတ်စုံတွေဟာ တစ်ခုမှ ခေတ်မမှီပါဘူး။လျှာထိုးဦးထုပ်ဆိုလည်း ပေစုပ်စုပ် ပေစောင်းစောင်းနဲ့ပါ။ဒါကြောင့် စစ်သည်တွေအားလုံးဟာ မိမိကိုယ်ကို စမတ်ကျအောင် မိမိကိုယ်တိုင်ပဲဝယ်ပြီး ကိုယ့်ပါသာ ချက်ဝတ်တန်ဆာတွေကို ဆင်မြန်နေရတာပါပဲ။ခက်တာကဗျာ အထက်လူကြီးတွေက စမတ်ကျတာကို သဘောမကျပုံပဲ။တပ်မတော်က ထုတ်ပေးတဲ့အတိုင်းပဲ ပေစုပ်စုပ်နဲ့ဝတ်ဆင်စေ ချင်တယ်။အဲဒါ ပြသနာအကြိးစား။နည်းနည်းပါးပါး ကိုယ်က စတန့်ထွင်ပြီး သွားမလုပ်နဲ့။အဆူဆဲခံရမယ်။စစ်သည်တစ်ယောက်စိတ်ဓာတ်တတ် ကြွဖို့တွက် သူဝတ်ဆင်ထားတဲ့ ချက်ဝတ်တန်ဆာ ယူနီဖောင်းတွေဟာ နိုင်ငံတကာက စစ်သည်တွေလို ခေတ်မှီစမတ်ကျနေရင် ပိုပြီး တတ်ကြွစေတယ်ဆိုတာ အပေါ်ကလူတွေ နားမလည်ဘူး။သူတို့ကိုယ်တိုင်လည်း ပေစုပ်စုပ် ချက်ဝတ်တန်ဆာနဲ့ပဲသွားနေကြတယ်။အဲဒါတွေ ပြင်ဆင်နိုင်မှ ကောင်းမယ်။ တပ်မတော်မာ ဦးထုပ်ကို နှစ်မျိုးပဲထားသင့်တယ်။စမတ်ကျတဲ့ အမေရိကန်လိုမျိုး လျှာတိုတိုလေးတွေနဲ့ ပုံစံလေးတွေနဲ့ ပေါ့ပါးတဲ့ helmet ဦးထုပ် ဒီနှစ်ခုရှိရင် အဆင်ပြေပါပြီ။ ချက်ဝတ်တန်ဆာ equipment မှာလည်း စစ်သည်တိုင်း ဆက်သွယ်ရေး ကိရိယာတွေ တပ်ဆင်ထားသင့်တယ်။စစ်သည်တိုင်းဆက်သွယ်ရေးစနစ်ကို နားလည်တတ်ကျွမ်းနေရမယ်။အမေရိကန်စစ်သားတိုင်းရဲ့ ချက်ဝတ်တန်ဆာတွေမှာ ဆက်သွယ်ရေးဆက်အကုန်ပါတယ် ဆက်သွယ်ရေးက သိပ်အရေးကြီးတာကိုး။Equipment မှာ ကျည်ကပ်တစ်ခုပဲပါအောင်လုပ်ရမှာမဟုတ်ပဲ လိုအပ်သောအသုံးဆောင်တွေပါ တပ်ဆင်နိုင်အောင် အတွေ့ကြုံမရှိ ဘာမှမသိတဲ့ ရဲဘောလေးတွေရဲ့ equipmentတွေမှာတော့ ကျည်ဆံ ဆေးပတ်တီးကလွဲပြီး ဘာမှမပါလှပါဘူး။ဒါကြောင့် တစ်ပြေးညီဖြစ်အောင် တစ်သမတ်တည်းဖြစ်အောင် စစ်သည်တွေကိုယ်တိုင် ကိုယ့်အစီစဉ်နဲ့ဖြည့်ဆည်းစရာမလုပ်ပေးသင့်တယ်။ မြန်မာစစ်သားတွေရဲ့ ချက်ဝတ်တန်ဆာမှာ ကျည်ကပ်နဲ့ ဆေးပတ်တီး ဓား ဒါကလွဲပြီး ဘာမှမပါဘူး။ပြီးတော့ ဖြစ်သလိုကိုယ့်အစီစဉ်နဲ့တပ်ဆင်ကြတာဆိုတော့ အတွေ့ကြုံရှိတဲ့သူတွေက လိုအပ်တဲ့အရာတွေကို လိုအပ်သလို ကိုယ့်ပါသာ ဖန်တီးချုပ်လုပ်ပြီး တပ်ဆင်ကြတယ်။ မလိုအောင် ပြုပြင်ပြောင်းလဲတပ်ဆင်ပေးသင့်ပြီ။ခေတ်မှီတပ်မတော်တည်ဆောက်တဲ့နေရာမှာ အခြေခံကျတဲ့စစ်သည်တစ်ဦးချင်းစီရဲ့ ချက်ဝတ်တန်ဆာ ယူနီဖောင်းက သိပ်အရေးကြီးတယ်။စစ်တိုက်မှာပဲကွာ မင်းသားလုပ်တာမဟုတ်ဘူးလို့ သွားမပြောနဲ့။စစ်တိုက်တယ်ဆိုတာကလည်း စိတ်ဓာတ်တတ်ကြွဖို့လိုတယ်။အဲဒီလိုတတ်ကြွဖို့ မိမိကိုယ်ကိုဝတ်ဆင်ထားတဲ့ကာကွယ်ရေးပစ္စည်းအားလုံးဟာ ခေတ်မှီဆန်းသစ်စုံလင်မှ စစ်သည်တစ်ဦးက စိတ်ဓာတ်တတ်ကြွနိုင်မှာမဟုတ်လား။ ဒါက ချက်ဝတ်တန်ဆာနဲ့ပတ်သတ်တဲ့ စိတ်ဓာတ်တတ်ကြွမှုတစ်ခု။နောက်တစ်ခုက စားနိပ်ရိက္ခာ။မြန်မာ့တပ်မတော်မှာ လေးလံစွာ သယ်ဆောင်ရတဲု့ကုလားပဲ။ဒါတွေကို မစားသင့်တော့ဘူး။သယ်ဆောင်ရတာလေးလံတယ်။ပေါ့ပါးတဲ့  ရိက္ခာခြောက် အဟာရရှိတဲ့ ရိက္ခာ ပေါ့ပါးတဲ့ရိက္ခာတွေ ဒီနေ့ခေတ်မှာ ပေါမှပေါ။တပ်မတော်မှာ ပဲဟင်းနဲ့ခွေးမစားတဲ့ ငခြောက်။ဒီတော့ ဘယ်စစ်သည်က စိတ်ဓာတ်တတ်ကြွနိုင်မှာလဲ။ဘယ်စစ်သည်က ထွားကြိုင်းသန်မာမှာလဲ။ပဲအစား အခြား ပဲလိုပဲ အဟာရ ရှိတဲ့ ပေါ့ပါးတဲ့ ရိက္ခာတွေအများကြီးရှိပါတယ်။ဒါတွေကိုပါပြုပြင်ပြောင်း လဲသင့်တယ်။စိတ်ဓာတ်အတတ်ကြွဆုံးထဲမှာ ဒီထောက်ပံ့မှုဟာ အရေးကြီးဆုံးပဲ။စားစရာမရှိ တွေ့တဲ့နေရာမှာ တွေ့တဲ့တောမှာ ရှာကြံစားနေရတာဟာ သဘာဝမကျလှ ပါဘူး။တပ်မတော် ပြုပြင်ဖို့လိုတာတွေအများကြီးရှိတယ်။ပြောရရင် ပြောကုန်မှာမဟုတ်ဘူးဗျို့။

5 comments:

  1. ဒူးကာများ၊ တံတောင်ဆစ်ကာများ ၀တ်ဆင်နိုင်စေဖို့ အစကတည်းက စိတ်ကူးယဉ်ကြည့်မိပါတယ်။ တပ်မတော်သားတွေ စစ်မြေပြင်မှာတိုက်စွမ်းရည်တက်လာမှာအမှန်ပါ။ ခုန်လို့ကောင်း၊ ၀ပ်လို့ကောင်း၊ မှောက်လို့ကောင်း၊ သူတို့ရဲရဲတင်းတင်းတိုက်ပွဲဝင်နိုင်တာပေါ့။
    မခက်ဘူးလို့ထင်ပါတယ်။ ဖိုက်ဘာ(သို့)ရာဘာ၊ Mould လုပ်ရတာလည်းမခက်ဖူးလို့ထင်ပါတယ်။ ဒီကစက်မှုလုပ်ငန်းတွေကို တင်ဒါစနစ်နဲ့အပ်နှံ လုပ်ကိုင်ခိုင်းရင်ဘယ်လိုလည်းခင်ဗျာ။

    ReplyDelete
  2. ဦးထုပ်ကတော့ အာဆီယံလေ့ကျင့်မှုသွားတဲ့ ဦးထုပ်ကို သဘောကျပါတယ်။
    မြန်မာရာသီဥတု၊ ကုန်ကျစရိတ်၊ ဆောင်းနေကျအရာ၊ နွေ၊ မိုး၊ ဆောင်း ရာသီဥတု ကိုက်ညီတယ်လို့ထင်တယ်။ မြို့တွင်းစစ်မြေပြင်များအတွက် Bullet Proof တစ်ကယ်ဖြစ်သော Helmet ကိုသဘောကျပါတယ်။ သူက အခြားသော Optional Accessories များတပ်ဆင်နိုင်လို့ပါ (နောင်တတ်နိုင်လာတဲ့အခါကျရင် တစ်မျိုးပြောင်းစရာ မလိုတော့ဘူးပေါ့ခင်ဗျာ)
    အ၀တ်အစားကတော့ အေးပြီး အကြမ်းခံလောက်အောင်၊ အသား အနာတရမဖြစ်လောက်အောင် ထူဖို့လိုပါတယ်။ အရောင်ကတော့ Type of Battlefield အလိုက်အမျိုးမျိုးရှိသင့်ပါတယ်။ တပ်မတော်တွင်တာဝန်ယူနေကြသော အကိုကြီးများအားလုံး ၀ိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ပေးကြဖို့ ပြောလိုပါတယ်ခင်ဗျာ။

    ReplyDelete
  3. KO MM ရဲ့ ဘလောက်ကလေးမှာ တပ်မတော်အတွက် Concern ဖြစ်တဲ့ ညီတွေ အစ်ကိုတွေ ၀ိုင်းပြီဆွေးနွေးနေကြတာ အားရစရာသိပ်ကောင်းတာပါဘဲ။ အခု စစ်ဝတ်စုံများအကြောင်း ဆွေးနွေးနေကြတဲ့ အချက်တွေကလည်း သိပ် Perfect ဖြစ်ပါတယ်။ အမှန်တကယ်လည်း လုပ်သင့်နေတာတွေပါ၊ ဒါပေမဲ့ ကျွန်တော် တစ်ခုသွားတွေးမိတာက (နိုင်ငံရေးမဟုတ်ဘူးနော်) ဒီအချက်ကလေးတွေကို (Adjutant General)(Quarter Master General)(Procurement Director)(Military Training Director)အစရှိတဲ့ အရာရှိကြီးတွေအပါအ၀င် လူကြီးတွေမတွေးမိကြတာလား၊ မတွေးကြတာလား သိပ်သိချင်မိပါတယ်။

    ReplyDelete
  4. Steel helmet is the best protection>>

    ReplyDelete