mg said အထက်က ပုံက ချပ်ဝတ်တွေကိုလေ့လာကြည့်ပါ.. လေ့ကျင့်ရာမှာတော့  ပင်ပန်းလေ  ကောင်းလေပါပဲ.. ချွေးထွက်များမှ သွေးထွက်နည်းမှာကိုး..  ဟုတ်ပါတယ် ..
ဒါပေမယ့်  လက်တွေ့တိုက်ပွဲဝင်ဖို့အတွက်ကတော့.. issue kit တွေက အဆင်မပြေလောက်တော့ပါဘူး.. 
အခြေခံ တိုက်ပွဲဝင်ဝတ်စုံကို ပြင်ဆင်သင့်တဲ့နေရာမှာ အဓိကအားဖြင့်
၁။  တောစီး
၂။ တောဆောင်း
၃။ issue kit (equipment )လို့အလွယ်ခေါ်တဲ့ ချပ်ဝတ်တန်ဆာ 
အဲဒိ ၃ မျိုးကို အဓိက ပြင်ဆင်သင့်တယ်လို့ယူဆပါတယ်..
ယူနီဖောင်းကို  မပြင်ရင်တောင်မှ အဲဒိ ၃ ခုကို တော့ ပြင်ဆင်သင့်ပါတယ်..  ဘာကြောင့်လဲ..  ကျနော်တို့နိုင်ငံက မိုးများတဲ့နိုင်ငံဖြစ်ပါတယ်..
အဲဒိ ၃ ခုက မိုးရွာရင်  အဆင်မပြေပါဘူး.. ချည်နဲ့လုပ်ထားတဲ့ issue kit တွေက  ရေစိုရင် ပိုပြီးလေးလံစေပါတယ်..  ချေမှုန်းရေးတစ်ခုကို ကျောပိုးအိပ်မပါပဲ
light ချီတက်တိုက်ခိုက်မယ်ဆိုရင် ဒီလို  kit တွေနဲ့ ရည်ရှည်မှာ  အဆင်မပြေပါဘူး.. လေးလံတဲ့အတွက် ရည်ရှည်တိုက်ပွဲမှာ လူကို   ပိုပြီးပင်ပန်းစေသလို
လှုပ်ရှားစစ်ကစားမှုကိုလည်း နှေးကွေးစေပါတယ်. ထို့အတူ  တောဆောင်း (jungle  hat) ကို ပုံဖျက်ဖို့အတွက် အသုံးပြုရလွယ်ပေမယ့် တခြား  ကိရိယာတွေ
တပ်ဆင်ဖို့ အဆင်မပြေလှပါဘူး.. (ဥပမာအားဖြင့် ခေတ်မီတပ်မတော်များမှာ   အသုံးပြုကြတဲ့ night vision, flash guard , etc ) နောက်ပြီး အထက်က မောင်
နဲ့  unknown ပြောသလို ရေစိုရင် အဆင်မပြေပါဘူး.. ဦးခေါင်းကိုလည်း  မလုံခြုံစေပါဘူး....  ဒီလိုပဲ .. တောစီးဖိနပ်လည်း ထိုနည်းလည်းကောင်းပါပဲ..
ကျနော်တို့တောစီးဖိနပ်တွေက  အိစက်ညက်ညောမှုရှိသင့်သလောက်မရှိတဲ့အတွက် ရဲဘော်တွေက ရှေ့တန်းမှာ  ညှပ်ဖိနပ်ပဲစီးနေကြတာကိုတွေ့ဖူးကြ
မှာ.. မြေပြင်မှ  မမြင်နိုင်တဲ့ဆူးညှောင့်တွေကြောင့် မလိုလားအပ်တဲ့ ထိခိုက်မှုတွေရှိလာနိုင်တာကို  ကြိုတင်သတိပြုကြရမှာဖြစ်ပါတယ်.။
မောင်ပြောသလို ရေဒီယို(ဆက်သွယ်ရေးစက်)  ကိုယ်စီရှိဖို့က လတ်တလောမလိုအပ်သေးပါဘူး.. တပ်ဆင်ပေးနိုင်ရင်တော့  အကောင်းဆုံးပေါ့..
နောက်တစ်ခု ဖြည့်စွပ်သင့်တာက .. ဒူးကာ တံတောင်ကာ  များဖြစ်ပါတယ်.. နိုင်ငံတကာက ခေတ်မီတပ်မတော်တော်တော်များများမှာ  အသုံးပြုနေကြပါပြီ
(စကိတ်စီးတဲ့ လူတွေဝတ်ကြတဲ့ ဒူးကာ တံတောင်ကာမျိုးပါ)..  ၄င်းတို့ကို စစ်သည်တစ်ဦးချင်စီမှာ တပ်ဆင်ပေးထားခြင်းအားဖြင့် ဥပမာ  ရုတ်ချည်း
တိုက်ပွဲဖြစ်တဲ့အခါ ဘယ်မြေပြင်ပေါ်ကိုမဆို ၀ုန်းကနဲ   ပစ်မှောက်လိုက်လို့ရပါတယ်.. ဘယ်ကိစ္စမဆို Safety first ဆိုတာကို  သတိပြုရမှာပါပဲ..  မဟုတ်ရင်
ရန်သူ့ကျည်ဆံမထိရင်တောင်မှ ဒူးကွဲ တံတောင်ကွဲနဲ့ တိုက်ပွဲက  ကစဥ့်ကလျားဖြစ်ဖို့ ၅၀% သေချာပါတယ်..  အထက်မှာဆွေးနွေးထားကြသလိုပေါ့
စစ်သည်တစ်ဦးချင်းဟာ ယုံကြည်မှုရှိမှ  ရဲရင့်စွာတိုက်ခိုက်နိုင်မှာပါ..  အဲဒိအတွက် စိတ်ဓါတ်ကိုမြင့်တင်ပေးဖို့လိုပါတယ်..  ဒါကြောင့် မိမိကိုယ်ကိုယ်  Safety
ဖြစ်စေမယ့်ဝတ်စုံ ချပ်ဝတ်တန်ဆာ ရှိနေခြင်းဟာ  စိတ်ဓါတ်တက်ကြွစေအောင် လုပ်ဆောင်ပေးနိုင်တဲ့  စည်းရုံးရေးတစ်မျိုးဖြစ်ပါတယ်..
သပ်ရပ်ပြီး smart ကျကျရှိတဲ့ဝတ်စုံကြောင့်  စစ်သည်ကိုယ်တိုင်အပြင်  သူ့ကိုကြည့်မိတဲ့ အရပ်သားက အစ  အထင်ကြီးစိတ်များဖြစ်ပေါ်စေမှာအမှန်ပါပဲ..
ဦး၅  တစ်မျိုးလို့ပဲဆိုရမှာပေါ့ဗျာ..
ဆက်လက်ဆွေးနွေးပေးကြပါဦးခင်မျာ..
လေစားစွာဖြင့်.. 
  mg said...   မြန်မာ့တပ်မတော်မှာ သုံးနေတဲ့ equipment တွေဟာ  လေးလံပါတယ်။မိုးရွာရင်  ပိုလေးသွားတယ်။ချည်ထည်တွေနဲ့လုပ်ထားတာဆိုတော့  ရေကိုစုပ်ယူတဲ့သဘောဖြစ်တော့  ပိုလေးလံသွားတယ်။မိုးများတဲ့ မြန်မာနိုင်ငံမှာ  ရေကိုစုပ်အားနည်းပါးတဲ့  အရာတွေနဲ့အစားထိုးသင့်တယ်။မြန်မာ့တပ်မတော်က  equipment တွေဟာ ခိုင်ခန့်ပါတယ်။သို့သော  ကောင်းကျိုးနဲ့ဆိုးကျိုး  နှိုင်းယှဉ်တဲ့အခါမှာ အားနည်းချက်တွေအများကြီးရှိတယ်ဆိုတာ   သုံးသပ်သင့်တယ်။ဒီသုံးစွဲနေတဲ့ equipmentတွေဟာ   အတော်ကြာမြင့်လှပါပြီ။အခြားနိုင်ငံတွေ လုပ်သလို   အကုန်လိုက်လုပ်ဖို့ပြောတာမဟုတ်ပါဘူး။ဘယ်နိုင်ငံ  မဆို ကိုယ့်နိုင်ငံရဲ့  ရာသီဥတု သဘာဝ  အခြေနေတွေနဲ့ကိုက်ညီအောင်  တပ်ဆင်ဝတ်ဆင်ထားကြတာတွေကြည့်ပါပဲ။
မိုးများတဲ့မြန်မာပြည်မှာ  မိုးဒဏ်ကိုကာကွယ်နိုင်အောင် လုပ်ပေးထားတာ  ဘာမှမရှိတဲ့အတွက် တပ်မတော်သားတွေအတွက်  မိုးတွင်းဆိုရင် အတော်ကိုဆိုးဝါး  ဒုက္ခများလှပါတယ်။တပ်မတော်သားတွေ  ရှေ့တန်းနယ်မြေတွေမှာ ဖျားနာကြတယ်ဆိုတာ   ပေါ့ဆလို့မဟုတ်ပါဘူး။စစ်သည်တစ်ဦးချင်းစီအတွက် လုပ်ပေးထားရမယ့်  ဘက်စုံရာသီအလိုက်  facility ပံ့ပိုးမှုမရှိတာပါပဲ။
နောက်ပြီး ရာသီဥတုအလိုက် ဦးထုပ်တွေကို   ၀တ်ဆင်ပေးခိုင်းသင့်တယ်။မြန်မာ့တပ်မတော်မှာ နိုင်ငံတကာနည်းတူ ဦးထုပ် လေးစုံ   အကုန်ရှိပါတယ်။Helmet ခမောက်
(ဒါက တပ်တိုင်း ရဲဘော်တိုင်း  ရှိလှတာတော့မဟုတ်ဘူး  ပေါ့ပါးခေတ်မှီတဲ့ ဦးထုပ်တော့မဟုတ်ဘူး)
တောဆောင်း  လျှာထိုးဦးထုပ် ဘဲရီ  ဦးထုပ်။
၎ မျိုးလုံးရှိသော်ငြားလည်း တောဆောင်းတစ်ခုပဲ နေ့စဉ်အမြဲတမ်း   ရာသီမရွေးဝတ်ဆင်ကြတာဖြစ်လို
့ ကျန်တဲ့ Helmet ခမောက် လျှာထိုးဦးထုပ် ဘဲရီ   စတာတွေအားလုံးဟာ
 အလကားမသုံးပဲဖြစ်နေတဲ့အတွက် စုံလင်မှုမရှိတော့တဲ့  စစ်သည်တွေက  အများသားပါပဲ။
လျှာထိုးဦးထုပ်ဆိုရင်လည်း  မတ်မတ်ရက်ရက်ရှိလာတာမဟုတ်ပါဘူး။ပေစုပ်စုပ်   ပေစောင်းစောင်းနဲ့ဟာတွေပါ။
အမေရိကန်စစ်သည်တွေ ဆောင်းနေတဲ့  လျှာထိုးဦးထုပ်တွေနဲ့  အရမ်းကွာပါတယ်။
အရင် ကွန်မန့်မှာပြောခဲ့သလိုပါပဲ  တပ်မတော်သားတွေကို  မတ်မတ်ရက်ရက်ဖြစ်မှာ စိုးရိမ်နေသလားတောင်  အောက်မေ့ရတယ်။မတ်မတ်ရက်ရက်ဖြစ်မှာထက်  တပ်မတော်က မတ်မတ်ရက်ရက်ဖြစ်တဲ့  ဦးထုပ်တွေကို မထုပ်နိုင်တာလားဆိုတာ   အဓိကဖြစ်မယ်ထင်ပါတယ်။မတ်မတ်ရက်ရက်ဖြစ်စေချင်လို့ စစ်သည်တွေကို အမြဲတမ်း   ၀တ်စားဆင်ယင်မှုတွေကို စစ်ဆေးကြတာပဲမဟုတ်လား။သို့သော်  ထုတ်ပေးထားတဲ့အရာတွေဟာာ  ခေတ်လွန်ဟောင်းနွမ်းနေလွန်းလို့ ဘယ်လိုမှ   မတ်ရက်နိုင်မှာမဟုတ်ပါဘူး။
အဓိကဆိုလိုချင်တာ ပြောချင်တာက ရာသီဥတုအလိုက်  ဦးထုပ်တွေကို  ဆောင်းစေခိုင်းချင်တယ်။မိုးတွင်းမှာ တောဆောင်းဦးထုပ်နဲ့   ဘယ်လိုမှအဆင်မပြေလှဘူး။အဲဒါလေးတွေကို ပြင်နိုင်ရင်  ကောင်းမယ်။နွေရာသီလိုမျိုးဆိုရင်  လျှာထိုးဦးထုပ် နဲ့ ဘဲရီ  ဦးထုပ်တွေကိုပဲ ဆောင်းသင့်တယ်။တောဆောင်းက   ရုပ်ဖျက်တာသင့်တော်လို့
သုံးတာဆိုပေမယ့်
 ဒီနေ့ခေတ်ကြီးမှာ ဘာတွေမှ   ဖုံးကွယ်ရုပ်ဖျက်လို့မရပါဘူး။
ဒဲ့ကစ်နေကြတဲ့ခေတ်ကြီးပါ။ဘယ်နေရာ ဘယ်သူ  ဘာရှိတယ်ဆိုတာ  အကုန်သိတယ်။တောဆောင်းမှ ရုပ်ဖျက်လို့ရတာမဟုတ်ပါဘူး ကျန်တဲ့  လျှာထိုးဦးထုပ်  ဘဲရီတွေလည်း ရတာပါပဲ။အဓိက ရာသီဥတုအလိုက်  ဆောင်းခိုင်းစေချင်တာပါ။၁၂ ရာသီပတ်လုံး  တောဆောင်းပဲဆောင်းနေရတာ  သဘာဝမကျလို့ပါ။
ကို Whoami ပြောသလိုပါပဲ  စစ်သည်တိုင်းအတွက် ဒူးကာ တံတောင်ကာ လေးတွေကို   တပ်ဆင်ပေးသင့်တယ်။လူးလိမ့်လှုပ်ရှားနေတဲ့ စစ်သည်တွေအတွက်   အထူးလိုအပ်တဲ့အရာတစ်ခုပါပဲ။ယနေ့ မြန်မာ့တပ်မတော် စစ်ဝတ်စုံဟာ  ပါးလွှားပြီးဘာမှ  တပ်ဆင်ပေးထားတာမရှိတဲ့အတွက် စစ်သည်တွေဟာ  ရှေ့တန်းနယ်မြေတွေမှာ ကျဉ်ဒဏ်ရာမဟုတ်ပဲ  ပွန်းပဲ့ဒဏ်ရာတွေ ရနေတာတွေများတာဟာ  အခုလို ဒူးကာ တံတောင်ကာတွေ  တပ်ဆင်မထားလို့ပါပဲ။
မြန်မာ့တပ်မတော်မှာ အထူးတပ်ဖွဲ့တွေလောက်ပဲ  နိုင်ငံတကာခေတ်မှီအောင်  လုပ်ထားပေမယ့် တကယ့် တိုက်ခိုက်နေရတဲ့ ခြေလျင်စစ်သည်တွေကို   ခေတ်မှီအောင်ပြုလုပ်မပေးထားတာကတော့ မဖြစ်သင့်ပါဘူး။သင်တန်းတွေ  သရုပ်ပြတွေကတော့  မျိုးစုံရှိသလို ခြေလျင်တွေမှာဝတ်ဆင်ရသလို မတူညီတဲ့   ၀တ်စားဆင်ယင်မှုတွေရှိကြပါတယ်။Equipmentကအစ အမေရိကန်စတိုင် လုပ်ထားပြီး   သရုပ်ပြတာတွေတော့ရှိပါတယ်။သို့သော် အဓိက အသုံးပြုနေတဲ့  အောက်ခြေတပ်ရင်းတွေမှာ  မကျင့်သုံးတာကတော့ ဘာကြောင့်လည်းဆိုတာ  စဉ်းစားလို့မရဘူး။
No comments:
Post a Comment