Friday, April 29, 2011

မြန်မာ့တပ်မတော် ရေ

ဟိုင်နန်း အမျိုးစား စစ်ရေယာဉ်

မြန်မာ့တပ်မတော်ရေ ထုတ် စစ်ရေယာဉ်များ



မြန်မာတပ်မတော် ရေ ရှိ စစ်သင်္ဘောများအကြောင်းရေးခဲ့ပေးပါ...။သဘောင်္ဖျက် ဒုံးပျံများအကြောင်း၊မြန်မာ့ရေတပ်ထုတ် စစ်ရေယာဉ်များ အကြောင်းဆွေးနွေးပေးပါ....။

12 comments:

  1. နည်းပညာမစုံလင်လို့ အခုလို လုပ်လိုက်ရတာ ဦးစွာတောင်းပန်းပါရစေခင်ဗျာ...။
    ၁.မြန်မာ့တပ်မတော်ရေက ဖရီးဂိတ်တွေဝယ်ယူနေတယ်လို့ ကြားရတာဖြစ်နိုင်ပါသလား?
    ၂.မိမိရေတပ်မှာ ဖရီးဂိတ်တွေ ဘယ်နှစီးလောက် လိုအပ်ပါသလည်း?
    ပြန်ဖြေပေးကြပါခင်ဗျာ....။ကျေးဇူးတင်ပါတယ်...။

    ReplyDelete
  2. ဖြစ်နိုင်ရင် များများဝယ်ထားနိုင်ရင်ကောင်းပါတယ်..
    မြန်မာနိုင်ငံလို ကမ်းရိုးတန်းရှည်လျားတဲနိုင်ငံအနေနဲ့
    ရေတပ်အင်အား တောင့်တင်းခိုင်မာအောင်လုပ်သင့်ပါတယ်

    ReplyDelete
  3. ဝယ်ယူသင့်တာကတော့ ဖရီးဂိတ် အမျိုးစား-၀၅၃အက်ပ်၃ တွေဆိုရင် တော်တော်ကောင်းမယ်ဗျ...။ရေပြင်-ဝေဟင် ကာကွယ်ရေးစနစ်ပါမှ ဖြစ်တော့မယ်။

    ReplyDelete
  4. သင်္ဘောတွေ အကြောင်းကတော့ Navy ကညီနောင်တွေ အဓိကဆွေးနွေးကြပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ သင်္ဘောတွေ ရနိုင်သမျှ များများလိုချင်တာပေါ့။ ဒါပေမယ့် နောက်ပိုင်းဆို လွှတ်တော်ကနေ တဆင့်ချပေးတဲ့ budget ထဲကပဲ သုံးခွင့်ရမယ်မှတ်လား။ ဒီတော့ budget ဖြတ်တောက်ခံရမယ့် အချိန်တွေ ရှိလာနိုင်တယ်။ ဥပမာ ရွေးကောက်ပွဲနဲ့ နီးလာတဲ့ နှစ်မျိုးမှာပေါ့၊ အာဏာရပါတီက ရွေးကောက်ပွဲနီးရင် ပြည်သူကို ပိုဂရုစိုက်ပြတတ်တယ် (ဘယ်ပါတီဖြစ်ဖြစ်ပါ) အဲဒီ့အချိန်မှာ ကာကွယ်ရေး အသုံးစရိတ်တွေ ဖြတ်တောက်ခံရတာ များတာပဲ။ သင်္ဘောဆိုတာမျိုးကလည်း ပိုက်ဆံရတဲ့ နှစ်မှာဝယ်ထား၊ မရတဲ့ နှစ်မှာ ပြစ်ထား အဲလို လုပ်လို့မှ မရတာပဲ၊ maintenance cost ကကြီးတယ်မှတ်လား။ ဒီတော့ ရတဲ့ငွေထဲကနေ ချင့်ချိန်ပြီး သုံးကြရမှာပေါ့ဗျာ။ တိုင်းပြည်စီးပွားရေး တိုးတက်လာရင်တော့ ကာကွယ်ရေး အသုံးစရိတ်အတွက် ခွဲဝေပေးတဲ့ ပမာဏလည်း လုံလောက်လာပါလိမ့်မယ်။

    regards,
    Comrade

    ReplyDelete
  5. စစ်ရေယာဉ်ပုံတွေရှိရင် ပေးပို့ကြပါဦး ခင်ဗျာ...။ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. ရေတပ်မှာ မြောက်ကိုးရီးယားဆီက ရေငုပ်သင်္ဘောတွေ ဝယ်ယူထားတယ်လို့ သိရတယ် ဒီကြောင်းလေးကို ပြောပြပေးကြပါဦးခင်ဗျ..။

    ReplyDelete
  7. တ၇ုတ်ကဝယ်ထားတဲ့၇န်-၃၇ အမျိုးအစားသဘောင်္တွေအကြောင်းလေး
    ပြောပြပေးပါခင်ဗျာ...။

    ReplyDelete
  8. မြန်မာ့ ရေတပ်မတော်မှာ ရိုမီယို class sub 2 စင်းရှိကြောင့် wikipedia မှာ ဖတ်လိုက်ရလို့  ပါခင်ဗျာ

    ReplyDelete
  9. http://en.wikipedia.org/wiki/Romeo_class_submarine

    ReplyDelete
  10. မြန်မာ့တပ်မတော်ရေမှာ ရေငုပ်သင်္ဘောတွေရှိတယ်လို့ ဆိုနေကြတာ အတော်လေးကိုကြားမိပါတယ် အခုချိန်ထိတော့ တိကျတဲ့ အထောက်အထားမတွေ့မိသေးပါဘူး။ မြောက်ကိုးရီးယားကနေဝယ်တယ်ဆိုတာ ထက် မြန်မာနိုင်ငံမှာ လာဆောက်ပေးနေတယ်လို့ပြောရမှာပါ ဒီရေငုပ် သင်္ဘောတွေဟာ သိပ်မကြီးပင်မဲ့ စစ်ဆင်မှုအပိုင်းမှာတော့ အတော်အားကိုးရမှာပါ တောင်ကိုးရီးယားရဲ့ ချိုနုန် ကော်ဗတ်စစ်ရေယာဉ်ကြီးကို နှစ်မြုပ်ဖျက်ဆီးပျက်ခဲ့တာက မြောက်ကိုးရီးယား ရေငုပ်သင်္ဘောငယ်လေး တစ်ခုဘဲဖြစ်ပါတယ်။နောက်ပိုင်းရေငုပ်သင်္ဘောများနှင့် သက်ဆိုင်တဲ့ ဆောင်းပါးတွေ စုပေးပါဦးမယ်ခင်ဗျာ...။တရုပ်ရေတပ်ရဲ့ တိုးတက်မှုတစ်ခုကို ပြရမယ်ဆိုရင် ၂၀၀၉ခုနှစ်ဝန်းကျင်ကာလတွေက အမေရိကန်ရေတပ် လေယာဉ်တင် သင်္ဘောကြီးတစ်စင်း တောင်တရုပ်ပင်လယ် အနီးမှာ ကင်းလှည့်နေခိုက် လေယာဉ်တင် သင်္ဘောကြီးရဲ့ အနီးကနေ တရုပ်ရေငုပ် သင်္ဘောတစ်စင်းက ရေပေါ်ပေါ်ပြခဲ့ပါတယ် အမေရိကန်အတွက် လေယာဉ်တင်သင်္ဘောကြီးတွေရဲ့ လုံခြုံရေးဟာ စိတ်ချလို့ မရဘူးဆိုတာ သိသွားကြပါတယ်...။လေယာဉ်တင် သင်္ဘောကြီးကို အနည်းဆုံး ရေငုပ်သင်္ဘော ၁၊၂ စင်း၊ဖျက်သင်္ဘော ၂ စင်း အနည်းဆုံးလုံးခြုံရေး လိုက်ပါရတဲ့ ကြားတည်းကနေ ရေပေါ်ပေါ်ပြခဲ့တာဖြစ်ပါတယ်...။ဖျက်သင်္ဘောကြီးများ ဖရီးဂိတ်များ ရေငုပ်သင်္ဘောကြီးများလိုက်ပါ စောင့်ရှောက်တဲ့ကြားကနေ အခုလို လုပ်လိုက်တာဟာ သင်္ဘောကြီးများရှိ Sonar လို့ခေါ်တဲ့ ရေအောက်ရေဒါစနစ်ကဘဲ အားနည်းလို့လား၊တရုပ်ရေတပ်ရဲ့ ရေငုပ်သင်္ဘောကဘဲ အရမ်းကောင်းနေလို့လာဆိုတာ အခုထိ တိကျတဲ့ အဖြေမရရှိသေးပါဘူးခင်ဗျာ...။ဆွေးနွေးပေးတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ....။

    ReplyDelete
  11. We should buy improved Kilo class submarine instead of Romeo Class which is way outdated compare to Kilo class.

    ReplyDelete
  12. ကိုMM ဓါတ်ပုံတွေ ရှိတယ် ဆက်သွယ်ပါ

    ReplyDelete