Friday, April 29, 2011

မြန်မာ့တပ်မတော် လေ



မြန်မာ့တပ်မတော် လေတပ် အကြောင်းများရေးခဲ့ပေးပါ။တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များ အကြောင်း၊...ရေးခဲ့ပေးပါ။အလုံးရဲ့အမြင်တွေကို ဆွေးနွေးနိုင်ပါတယ်...။Comment ရေးပေးပါ...။

10 comments:

  1. မြန်မာတပ်မတော်လေ ရှိ အမ်အိုင်ဂျီ-၂၉ အသစ်များတွင် ရုရှားလေတပ်၏ အစ်ယူ-၃၀ တွင် တပ်ဆင်ထားသော ရေဒါစနစ်တပ်ဆင်ထားပြီး တချိန်တည်းတွင် ရန်သူ့ပစ်မှတ် ၄ခုကို တပြိုင်နက်တည်း ပစ်ခတ်နိုင်စေပါသည်။

    ReplyDelete
  2. အဟောင်းတွေကိုရော အဲဒီ့လို upgrade လုပ်မှာလားဗျ။ သိရင်ပြောကြပါဦး။ လုပ်မယ်ဆိုရင်တော့ သတင်းကောင်းပေါ့။

    ReplyDelete
  3. လေယဉ်တွေကတော့ ဟုတ်ပါပြီ..ဒါပေမယ့်
    တိုက်ခိုက်ရေး ရဟတ်ယဉ်တွေကို အားဖြည့်ဖို့လည်းလိုမယ်ထငိတယ်...ကျွန်တော်အထင်
    အခုလက်ရှိ မြန်မာတပ်မတော်လေမှာ သုံးနေတဲ့တိုက်ခိုက်ရေး
    ရဟတ်ယဉ်တွေက ခေတ်နောက်ကြနေတယ်ထင်တယ်
    ...
    ပြန်ပြီးဆွေးနွေပေးပါဦး

    ReplyDelete
  4. တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအတွက်တော့ အမ်အိုင်-၂၈ လိုမျိုး၊ကေအေ-၅၀၊၅၂ လို နောက်ဆုံးပေါ်တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ကိုဝယ်ယူသင့်ပါတယ်...မြန်မာ့လေတပ်မှ ယခုဝယ်ယူလိုက်တဲ့ အမ်အိုင်-၃၅ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေဟာလည်း အဆင့်မြင့်တင်မှုပြုလုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်...။ပိုင်းလော့ရဲ့ ဦးထုပ်ကနေ ပစ်မှတ်ချိန်တဲ့ စနစ်တွေပါလာပါတယ်..ဒီစနစ်ကို အမ်အိုင်-၂၈ ရဟတ်ယာဉ်ပေါ်မှာလည်းတပ်ဆင်ထားပါတယ်..။ဘင်္ဂလားဒ်ေလေတပ်မှာ မရှိသေးပါဘူး..။အခြားတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ဖြစ်တဲ့ အမ်အိုင်-၂ အမျိုးစားတွေကတော့ အဆင့်မြင့်တင်မှု ပြုလုပ်ဖို့လိုပါတယ်..။

    ReplyDelete
  5. Now myanmar air force order 50 units of MI-24(Hind) Attack helicopter already.

    ReplyDelete
  6. Mikoyan MiG-29 K/KUB ဖြစ်ပြီး နေတိုး၏ သတ်မှတ်ချက်အရ Fulcrum-D ဟု နာမည်ပေးထားသည်။ MiG-29 K သည် ပိုင်းလော့ တဦးတည်းမောင်း ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး MiG-29 KUB သည် ပိုင်းလော့ ၂ ယောက်ထိုင် ဘက်စုံသုံး တိုက်လေယာဉ်သို့ အမောင်းသင် လေယာဉ် ဖြစ်သည်။ ကျန်သည့် ဝန်ဆောင်နိုင်သည့် အနေအထားများမှာ တူညီသည်။

    မျိုးဆက်လေးခုမြောက် စီးရီးဖြစ်ပြီး ဆီပေးစနစ် ပိုကောင်းအောင် ပြုပြင်ထားပြီး ဝန်ဆောင်နိုင်မှုအား ပိုလာသည်။ ထို့ပြင် Zhuk-ME အဆင့်မြင့် ရေဒါ တပ်ဆင်ထားပြီး ပစ်မှတ်ကို ရှာဖွေရာနှင့် ပစ်ခွင်းရာတွင် ပိုမိုတိကျမှု အားကောင်းအောင် မွမ်းမံထားသည်။

    MIG-29 K/KUB လေယာဉ်၏ အရွယ်အစားနှင့် ဝန်တင်ဆောင်နိုင်မှု ပမာဏ mig-29k • လေယာဉ်မောင်း တဦး (MiG-29 K) • လေယာဉ်မောင်းနှင့် အပိုတဦး၊ ပေါင်း ၂ ဦး (MiG-29 KUB) • စတင်ပျံသန်းစဉ် အလေးချိန် (ပုံမှန်အခြေအနေ) - ၁၈၅၅ဝ ကီလိုဂရမ် (၄ဝ ၈၉၅ ပေါင်) • စတင်ပျံသန်းစဉ် အလေးချိန် (အမြင့်ဆုံးဝန်) ၂၂ ၄ဝဝ ကီလိုဂရမ် (၄၉ ၃၈၃ ပေါင်) • အများဆုံး သယ်ဆောင်နိုင်သည့် ဝန်ချိန် - ၅၅ဝဝ ကီလိုဂရမ် (၁၂၁၂၅ ပေါင်) • အများဆုံးပျံသန်းနိုင်မှုနှုန်း - တနာရီလျှင် ၂၄ဝဝ ကီလိုမီတာ ( တနာရီလျှင် ၁၄၉၁ မိုင်) • အမြင့်ဆုံး ပျံတက်နိုင်မှုနှုန်း - ပင်လယ်ရေမျက်နှာပြင်မှ တမိနစ်လျှင် ၁၇ ၇၆ဝ မီတာ (တမိနစ်လျှင် ၅၈၂၆ဝ ပေ) • တိုက်ပွဲ၌ အမြင့်ဆုံး ပျံတက်နိုင်သည့် အကွာအဝေး - ၁၈ ၀၀၀ မီတာ (၅၉ ဝ၅၅ ပေ) • လောင်စာဆီ တင်ဆောင်နိုင်မှု အများဆုံးပမာဏ - ၅၂၄ဝ ကီလိုဂရမ် (၁၁ ၅၅၂ ပေါင်) • လေယာဉ်အတွင်း ဆီလှောင်ကန်မှ ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၈၅ဝ ကီလိုမီတာ (၅၂၈ မိုင်) • အပိုဆီလှောင်ကန်အတွင်း ဆီကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၁၃ဝဝ ကီလိုမီတာ (၈ဝ၇ မိုင်) • ဆီပြန်ဖြည့်ပြီး တိုက်ခိုက်နိုင်သည့် ဧရိယာ အဝန်းအဝိုင်း (အကျယ်အဝန်း) - ၃၅ဝဝ ကီလိုမီတာ (၂၁၇၄ မိုင်)

    MiG – 29 တိုက်လေယာဉ် တစင်းတွင် ပါဝင်သော လက်နက်အမျိုးအစားများ (အကြမ်းဖျဉ်း)

    • ၁ X ၃ဝ မီလီမီတာ GSh-30-1 cannon အလုံး (၁၅ဝ) • ဒုံးပျံများနှင့် ချိန်ကိုက်ဗုံး ထိန်းချုပ်စနစ် (Semi-active Radar Homing – SARH) ပါသော လေထဲပစ် ဒုံးကျည် အပါအဝင် ၃၅ဝဝ ကီလိုဂရမ် (၇၇၂ဝ ပေါင်) အထိ အလေးချိန်ရှိသော လက်နက်များ

    (SARH စနစ်သည် AA-8 "Aphid", ", AA-11 "Archer", AA-12 "Adder စသည့် လေထဲပစ်ဒုံးကျည်များနှင့် FAB 500-M62, FAB-1000, TN-100, ECM Pods, S-24, AS-12, AS-14 စသည့် ပေါက်ကွဲအားမြင့်သော ဗုံးများကို ထိန်းချုပ်နိုင်သော စနစ် ဖြစ်သည်။)

    • လေဆာစနစ် ပဲ့ထိန်း ဗုံးအမျိုးအစားများ - KAB-500KR, KAB-1000KR, KAB-1500KR ၊ • တီဗီစနစ်ဖြင့် ထိန်းချုပ်သော ဗုံးအမျိုးအစားများ - FAB-250, FAB-500, FAB-1000, FAB-1500၊ • အလွတ်ပစ် ဗုံးအမျိုးအစားများ - BetAB-250, BetAB-500၊ • ကွန်ကရစ် ထိုးဖောက်နိုင်သော ဗုံးအမျိုးအစားများ RBK-250, RBK-500 • ၃ဝ ကီလိုတန် (Kiloton – Kt) နူကလီးယားဗုံး တလုံး - S-8, S-13 • အလွတ်ပစ်ဒုံးကျည် - ZAB-500 • မီးလောင်ဗုံး - KMGU-2 • လက်နက်ခဲယမ်းမီးကျောက်ထည့်သည့် အပိုခန်းများ • ၁၁၃၇ လီတာ (၃ဝဝ ဂါလံ) သို့မဟုတ် ၁၄ဝဝ လီတာ (၃၇ဝ ဂါလံ) ဆန့် ဆီလှောင်ကန် နှစ်ခုနှင့် ၂၂၇၄ လီတာ (၆ဝဝ ဂါလံ) ဆန့် ဆီလှောင်ကန် တခု (စုစုပေါင်း ဆီလှောင်ကန် သုံးခု) ရေဒါတပ်ဆင်ထားမှု • Phazotron N019 နှင့် N010 ရေဒါစနစ်

    MIG-29 တိုက်လေယာဉ်အမျိုးအစား ၈ မျိုး ရှိပြီး အောက်ပါအတိုင်းဖြစ်သည်။ MIG-29B: (ပထမဦးဆုံး ထုတ်လုပ်ခဲ့သော အမျိုးအစားဖြစ်ပြီး ပိုင်းလော့ တယောက်စာ ထိုင်ခုံပါသည့် အမျိုးအစား) MIG-29UB: (စစ်ပွဲသုံး နှစ်ယောက်ထိုင်ခုံပါ၊ ရေဒါစနစ် မပါသည့် အမျိုးအစား) MIG-29SD: (အီလက်ထရွန်းနစ် စနစ်အပိုင်းကို ပြန်လည်အဆင့်မြှင့်ထား (upgrade လုပ်ထား) သော အမျိုးအစား) MIG-29S: (အီလက်ထရွန်းနစ်နှင့် ရေဒါစနစ်ကို ပြန်လည် upgrade လုပ်ထားသော အမျိုးအစား) MIG-29SE: (ဘက်စုံသုံး အပေါ့စား ပြည်ပတင်ပို့သည့် အမျိုးအစား) MIG-29TVK: (အမောင်းသင် အမျိုးအစား) MIG-29K: (တိုက်ခိုက်ရေး သို့မဟုတ် အမောင်းသင် အမျိုးအစား) MIG-29M/ME: (လေယာဉ် စနစ်အားလုံးကို မြှင့်တင် (upgrade) လုပ်ထားပြီး, လက်နက်ထိန်းချုပ်ရေး စနစ်ပါသော အမျိုးအစား)

    ReplyDelete
  7. I like Mig 29 K or Mig 35 so we can fight back F 16

    ReplyDelete
  8. ကျွန်တော် ကတော့ ငယ်ငယ်ကတည်းက တိုက်လေယာဉ်မောင်းချင်ခဲ့တာပါ ခက်တာက 10 တန်း မအောင်သေးတော့ ၀င်ရင် လေယာဉ် ပဲပြင်ရမယ်ထင်တယ်နော် ပာုတ်လား မသိဘူး လေတပ်အင်းအားအနေနဲ့.ကတော့ ဗုံးကြဲလေယာဉ်တွေ Apache တိုက်ခိုက်ရေးပာယ်လီကော်ပတာတွေ လိုပါတယ်

    ReplyDelete
  9. ကို nickmasonရေ တိုက်လေယာဉ်တစ်စင်း ဝေဟင်မှာဝဲပျံနိုင်ဖို့ဆိုတာ
    လေယာဉ်ပြုပြင်ထိန်သိမ်းရေး အဖွဲ့ဝင်တွေ အဓိကလိုအပ်ပါတယ်... ပိုင်းလော့အနေနှင့် ပြုပြင်ထိန်းသိမ်းရေအဖွဲ့တွေလောက် မသိနိုင်ပါဘူး..။

    ReplyDelete
  10. b2 ဗုံးကြဲလေယာဉ်တွေအဓိကလိုအပ်ပါတယ်

    ReplyDelete