Wednesday, May 11, 2011

ရန်သူ့ထံမှ သတင်းထူးများ

မြန်မာ့တပ်မတော် အမြောက်တပ်ရင်း၊တပ်မ များအတွက် ဝယ်ယူသင့်တာတွေကို ဆွေးနွေးတာ ရန်သူ့ သတင်းတွေမှာ ပိုဖတ်ရတယ်.. ပြောကြတာတွေကတော့ တော်တော်ကောင်းတယ်ဗျ...။ဒီနေ့ ကျွှန်တော်တို့နိုင်ငံမှာ စစ်ရေးစစ်သတင်းတွေဆိုရင် လူတွေက စိတ်ဝင်စားကြပါတယ်...။ဒါပင်မဲ့ ကိုယ်ကိုတိုင်က မပြောဘဲ လူများပြောတာဆိုရင် ပိုစိတ်ဝင်းစားကြတယ်ဗျ.. မိမိသိသလောက် တွေကို ဆွေးနွေးကြရင် နောက်ဆို အားလုံးက အတော်ကို လေ့လာဖြစ်ကြမယ်လို့ယူဆပါတယ်...။

18 comments:

  1. အင်း .. ဆွေးနွေးတဲ့လူတွေ များရင် ပိုပြီး အကျိုးရှိတဲ့ Idea တွေပိုထွက်လာမယ် ထင်ပါတယ်။ ကျွန်တော် ၂၀၀၈ လောက်ကစပြီး ဘင်္ဂလားဒေရှ့်သတင်းဆိုဒ်တွေ ဖိုရမ်တွေမှာ တခါတလေ မြန်မာနဲ့ ပက်သက်တာတွေ ဆွေးနွေးဖြစ်တယ်ဗျ။ ကျွန်တော်က စစ်ဖြစ်မယ့်ဘက်က မဆွေးနွေးဘဲ ရေပိုင်နက်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်း သင့်တယ်ဆိုတဲ့ အမြင်နဲ့ ဝင်ဆွးနွေးတယ်၊ ဒါပေမယ့် ဘင်္ဂလားမှာ စစ်တိုက်ချင်တဲ့လူက တော်တော်များတာပဲ။ ပီးတော့ သူတို့က မြန်မာ့တပ်မတော် သတင်းနဲ့ ပက်သက်ရင် ပြည်ပသတင်းဌာနတွေ ဝဘ်ဆိုဒ်တွေမှာတွေ့တာတွေကို အမှန်လို့ ထင်နေတယ်၊ ဒီတော့ သူတို့ သုံးသပ်တာက မြန်မာ့တပ်မတော်ဟာ တိုက်ရည်ခိုက်ရည် အရမ်းညံ့နေတယ်၊ စိတ်ဓါတ် အလွန်အမင်း ကျဆင်းနေတယ်၊ လက်နက်ရိက္ခာ ဖြည့်တင်းမှု မပြည့်စုံဘူး၊ စစ်လက်နက် ပစ္စည်းမှာ ခေတ်နောက်ကျတယ်၊ စသဖြင့် သုံးသပ်ကျတယ်။ သူတို့ပြောတဲ့ စကားရှိတယ် မြန်မာကြည်းတပ်ဟာ သေချာလေ့ကျင့်မထားတဲ့ အရပ်သား ပြောက်ကျားသူပုန် (untrained civilian militia of rebel guerrilla army)ကိုတောင် မနိုင်ဘူးတဲ့၊ ပြည်ပသတင်းတွေမှာကလည်း တပ်မတော်ဘက်ကချည်း အကျအဆုံး သတင်းတွေပဲ ပါနေတာကိုး။ ဒီတော့ တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည်အမှန်ကို မသိဘဲ သူတို့ ဒီလိုသုံးသပ်တာဟာ စစ်ပွဲတပွဲဖြစ်မယ်ဆိုရင်တော့ ကိုယ့်ဘက်က သတင်းအငိုက်ရတာပဲ။ ဒါပေမယ့် ဒီကိစ္စဟာ (ရန်သူက ကိုယ့်ကို အထင်သေးတာ) တဘက်မှာ အကျိုးရှိသလို၊ တဘက်ကလည်း မကောင်းဘူး။ စစ်ပွဲတပွဲ တိုက်မယ်ဆိုရင် သတင်းအငိုက်ရတဲ့ အတွက် အကျိုးရှိပေမယ့် ၊ စစ်အေးအသွင်နဲ့ စစ်ကိုပြင်ဆင်ထားပြီး အဓိက ငြိမ်းချမ်းစွာပဲ ဖြေရှင်းဖို့ ဦးစားပေးမယ်၊ စစ်ရေးနည်းကို မလွဲမရှောင်သာမှ သုံးမယ်၊ စစ်တပ်အင်အားတည်ဆောက်မှုကို ဆွေးနွေးအဖြေရှာတဲ့နေရာ မှာ ဖိအားပေးတဲ့ အနေနဲ့ လက်မောင်းကြွက်သားတွေ ညှစ်ပြသလိုမျိုးပဲ သုံးမယ် ဆိုရင် ဒီလို ကိုယ့်တပ်မတော်ကို အထင်သေးခံရတာက မကောင်းပါဘူး။ ကျွန်တော့်အမြင်ပြောရရင်တော့ တပ်မတော်ကို နိုင်ငံတွင်းမှာရော အပြည်ပြည်ဆိုင်ရာမှာပါ သိက္ခာရှိစေချင်တယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် ကျွန်တော်တို့ တောင့်တင်းတဲ့ (ပြည်ပက ရန်မစရဲတဲ့) တပ်မတော်တစ်ရပ်ကို အသင့် ပြင်ဆင်ထားရလိမ့်မယ်။ ဆွန်ဇူး စကားအရ ဆိုရင် စစ်ပွဲတပွဲကို မနိုင်ဘဲ အနိုင်ရတာဟာ အကောင်းဆုံး မဟုတ်လား။ အခု ဘင်္ဂလားနဲ့ဖြစ်တဲ့ ရေပိုင်နက် ပြဿနာက နိုင်ငံအကြားရှိတဲ့ ရေပြင်ကို သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတာ မဟုတ်ဘူး၊ ကိုယ့်ကမ်းလွန်မှာရှိတဲ့ ရေပြင်ကို သူက အတင်းလာလုနေတဲ့ ပြဿနာပါ။ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက် ဥပဒေအရ ဆုံးဖြတ်ရင် ကျွန်တော်တို့ပိုင်ပါ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံ ချွတ်ခြုံကျနေတယ်၊ စည်းလုံးမှုပြိုကွဲနေတယ်၊ တပ်မတော်စွမ်းရည်ကျဆင်းနေတယ် ဆိုပြီး သူက ရသလောက် ဝင်လုတာပဲ။ ဒီတော့ ကျုပ်တို့တွေ ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ ဆွေးနွေး အဖြေရှာဖို့၊ တရားရုံးရဲ့ အဆုံးအဖြတ်ကို ဘင်္ဂလားက ကြည်ကြည်ဖြူဖြူနာခံဖို့ အတွက် ဖိအားပေးနိုင်အောင် တပ်မတော်စွမ်းရည် အဘက်ဘက်ကို တောင့်တင်းအောင် ပြင်ဆင်တည်ဆောက်ဖို့ လိုပီ။ ကျုပ်တို့ လက်ထက်မှ ကိုယ့်မြေကိုယ့်ရေ ပဲ့ပါတာ မဖြစ်စေဖို့ တမျိုးသားလုံး ဓါးသွေးထားဖို့ လိုပြီလို့ ပြောချင်တယ်။

    ReplyDelete
  2. ((ဆွန်ဇူး စကားအရ ဆိုရင် စစ်ပွဲတပွဲကို မနိုင်ဘဲ အနိုင်ရတာဟာ အကောင်းဆုံး မဟုတ်လား))

    ပြောချင်ဇောနဲ့ လောသွားတာ စကားတွေ မှားကုန်ပီဗျာ။ စစ်ပွဲတပွဲကို မတိုက်ဘဲ အနိုင်ရတာ အကောင်းဆုံး မဟုတ်လားလို့ ပြောချင်တာပါ။ ကိုယ့်ရဲ့ ရည်မှန်းချက်ကို စစ်မတိုက်ရဘဲ အောင်မြင်အောင် လုပ်နိုင်တာကို ဆိုလိုတာပါ။

    ကျွန်တော့်ရင်ထဲရှိတာတွေ ပြောနေမိတာနဲ့ စကားတွေ ဘေးချော်ကုန်ပြီဗျာ၊ ကိုMM ပြောတဲ့ အမြောက်တပ်အကြောင်း နည်းနည်းဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်မှာ အမြောက်တပ်ရင်းတွေ ဖွဲ့စည်းပုံက အမြောက်တပ်ခွဲ တစ်ခွဲ(76mm)၊ ဟောင်ဝစ်ဇာတပ်ခွဲ တစ်ခွဲ(105mm)၊ စိန်ပြောင်းကြီးတပ်ခွဲ(120mm) နှစ်ခွဲပါ (မှားရင် ပြင်ပေးကြပါ)။ ဒီတော့ စိန်ပြောင်းကြီးအင်အားက အမြောက်နဲ့ ဟောင်ဝစ်ဇာ အင်အားရဲ့ နှစ်ဆ ဖြစ်နေပါတယ်။ စိန်ပြောင်းမှာက သူ့အားသာချက်တွေ ရှိပေမယ့် အားနည်းချက်တွေလည်း ရှိတယ်။ ဒီအပေါ် ညီအစ်ကိုတွေ ဘယ်လိုမြင်လဲသိချင်တယ်၊ ဖွဲ့စည်းပုံ မမျှတဘူးလို့ ထင်သလား၊ ဒါမှမဟုတ် ကိုယ့်မြေပြင်အနေအထားနဲ့ အခြေအနေအရ ကိုက်ညီမှုရှိတယ်လို့ ထင်ပါသလား။ အဲဒါလေး ဆွေးနွေးကြရင် ကောင်းမယ်ထင်ပါတယ်။

    အားလုံးကို လေးစားပါတယ်
    regards,
    Comrade

    ReplyDelete
  3. ကျွှန်တော်လည်းဆွေးနွေးမှုကို လိုလားတယ်ဗျ...တပ်မတော်ကြီးကို တိုးတက်စေချင်တယ်..ဘင်္ဂလားဒေ့စစ်တပ်က သူတို့ကိုသူတို့ အရမ်းအထင်ကြီးတယ်ဗျ.. မြန်မာ့တပ်မတော်မှာ အားအရဆုံးကတော့ ၁၅၅မ အမြောက်တွေရှိနေတာဘဲဗျ...အီရတ်ကို တိုက်တဲ့ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ မဟာမိတ်တပ်တွေကို အတော်တုန်လှုပ်စေခဲ့တယ် အမြောက်တွေပေါ့...ရန်သူကရှိတာ ၁၃၀မမ တွေဘဲဖြစ်ပါတယ်...၁၅၅မမ အမြောက်ကျည်တွေကို ကိုယ်ပိုင်ထုတ်လုပ်နိုင်နေပြီး ဖြစ်တဲ့ မြန်မာ့တပ်မတော်က ကျည်တွေမစမ်းသပ်ဘူး ဘူး ပစ်အားတွေကိုလည်းမစမ်းသပ်ဘူးဘူးလို့ ရန်သူတေါကို ဆိုနေတော့ စဉ်းစားရခက်တယ်ဗျ..မြန်မာ့တပ်မတော်မှာက လည်းရန်သူတွေလို ဖော်ပြတာနည်းလို့ဖြစ်ပါလိမ့်မယ်..။

    ReplyDelete
  4. မြန်မာ့တပ်မတော်ရဲ့ စစ်လက်နက်တွေ စမ်းသပ်မှုတွေက သီးသန့်နေရာတွေမှာ ပစ်ခတ်စမ်းသပ်တာဖြစ်ပြီး အခြားနိုင်ငံတွေလို သတင်းမီဒီယာတွေမှာ အသိပေးမှုမရှိတာတွေ ဘယ်သူမှ လေ့လာကြည့်ရှုလို့မရအောင် လုပ်ထားတာတွေကြောင့် တစ်ဖက်နိုင်ငံတွေက ဘာမှမသိတာပါ။

    စစ်ဆိုတာကလည်း ကိုယ့်ဘက်က ဘာမှပြည့်စုံမှုမရှိသေးပဲ စောင့်ကြွားစောင့်ကြွားလုပ်လို့မဖြစ်သေးဘူးကိုး။ပြီးပြည့်စုံ့တဲ့အခါမှ ထုတ်ဖော်ပြသတာ အကောင်းဆုံးပါပဲ။ရန်သူအထင်သေးလေ ကိုယ့်အတွက် ကောင်းလေပါပဲ။ ဒီခေတ်အနေထားနဲ့ကတော့ အမြောက်တပ်က သိပ်ပြီးအရေးပါတဲ့အထဲ မပါနိုင်တော့ဘူးလို့ ယူဆပါတယ်။ကွန်ပျူတာနဲ့ထိန်းချုပ်ပြီး ပစ်မှတ်ကို လိုသလို အချိန်တိုတွင်း ချိန်ရွယ်ပစ်ခတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။အဲလိုမှမဟုတ်ပဲ ပစ်မှတ်အကွာဝေးတွေကို တွက်ချက် ခန့်မှန်း တာဝေးပစ် ဘယ်ညာ ဘာညာတွေ အော်နေ လုပ်နေရတာတွေနဲ့ဆိုရင် အဆင်မပြေနိုင်ပါဘူး။အဲလိုလုပ်နေချိန်မှာ ရန်သူ့လေတပ်က တစ်လဟော ဆွဲပြီးသွားလို့ ကိုယ့်တပ်ဖွဲ့တွေလည်း ဖွာနေလောက်ပြီ။

    ဒီခေတ်က ရေဒါခေတ်လို့ပြောလို့ရတယ်။ရေဒါဆိုတဲ့ ခြံစည်းရိုးအသံပေးခေါင်းလောင်းသံမရှိရင် ဘယ်လိုမှ စစ်တိုက်လို့မရဘူး။ကောင်းမွန်တဲ့ ရေဒါစနစ်မရှိရင်တော့ ရန်သူက ကိုယ့်အိမ်ခေါင်မိုးပေါ်ရောက်နေတာတောင် သိလိုက်မှာမဟုတ်ဘူး။

    ဒါကြောင့် ကျွန်တော်တို့တွေက အမြောက်တပ်တွေကိုလည်း သာမာန်ချိန်ရွယ်ပစ်ခတ်နေရတဲ့အဆင့်ကနေ ကွန်ပျူတာတွေနဲ့ထိန်းချုပ်ပြီး လိုသလို လျှင်မြန်စွာ ချိန်ရွယ်ပစ်ခတ်နိုင်တဲ့အဆင့်ကို တတ်လှမ်းရမှာပါ။ရန်သူ့စစ်ယာဉ်တွေကို အရင်ဆုံးထောက်လှမ်းဖမ်းယူနိုင်ဖို့အတွက် ခေတ်မှီကောင်းမွန်တဲ့ ရေဒါစနစ်တွေတပ်ဆင်အသုံးပြုနိုင်ဖို့ လိုပါတယ်။တစ်နိုင်ငံလုံးအနှံ့ ရေဒါစနစ်တွေကို ဖြန့်ကျက်ထားနိုင်လေ ကောင်းလေပါပဲ။

    အကောင်းဆုံးကတော့ တပ်မတော်မှာ အဓိက လိုအပ်တဲ့ ခေတ်မှီရေဒါစနစ်တွေနဲ့ မစ်ဇိုင်းလက်နက်တွေ တပ်ဆင်နိုင်လေ ကောင်းလေပါပဲ။လက်ရုံးတပ်ဖွဲ့တွေဖြစ်တဲ့ အမြောက် သံချပ်ကာ တပ်ဖွဲ့တွေကိုလည်း ပိုမိုခေတ်မှီအောင် မြှင့်တင်ကြရမယ်။

    မြန်မာ့တပ်မတော်မှာက ရန်သူ့နိုင်ငံတွေလို သေနတ်တစ်ချက်ဖောက်တိုင်း မီဒီယာကို အသိပေးတတ်တဲ့နိုင်ငံမဟုတ်တော့ သူတို့ရန်သူတွေမဆိုထားနဲ့ တပ်မတော်သားတွေအချင်းချင်းတောင် မသိနိုင်ပါဘူး။သက်ဆိုင်ရာ တပ်ဖွဲ့ဒေသအလိုက်ပဲ သိကြတာပါ။

    တပ်မတော်မှာ ကန့်သန့်လက်နက်ကြီးတွေ ဆိုတာရှိပါတယ်။အဲဒီလိုလက်နက်ကြီးမျိုးတွေကို သိရှိနိုင်ခွင့်ကိုလည်း ရာထူးအဆင့်တန်းလိုက် ခွဲထားပါတယ်။အချို့ဆိုရင် ဗိုလ်မှူးချုပ်အဆင့်တောင် သိခွင့်မရှိတာတွေတောင်ရှိပါတယ်။အဲဒီတော့ ဗိုလ်မှူးကြီး ဗိုလ်မှူးချုပ်တွေတောင် မြင်နိုင်ခွင့်မပေးထားမှတော့ ဒီတပ်မတော်ရဲ့ လက်နက်အင်အား အခြေနေမှန်ကို ရန်သူမဆိုထားနဲ့ ကိုယ့်တပ်မတော်သားတွေအချင်းချင်းတောင် ခန့်မှန်းရခက်ပါတယ်။

    ခေတ်မှီတပ်မတော်တစ်ခု တည်ထောင်ဖို့ဆိုတာ လက်နက်တွေဝယ်ယူတပ်ဆင်နေလို့မပြီးသေးပါဘူး။ကိုယ်တိုင်ထုတ်လုပ်တီထွင်နိုင်စွမ်းရှိမှ ရမှာပါ။ဒီလိုတွေဖြစ်နိုင်ဖို့ဆိုတာ လူ့စွမ်းအားအရင်းမြစ်တွေဖြစ်တဲ့ အသိပညာ အတတ်ပညာကျွမ်းကျင်ကြတဲ့ တပ်မတော်သားတွေ များများ မွေးထုတ်နိုင်မှဖြစ်မှာပါ။စစ်သားဆိုတာ သေနတ်ပစ်တတ်ရုံနဲ့မပြီးသေးပါဘူး။စစ်သားတွေမှာလည်း ပညာတတ်တွေများများမွေးထုတ်နိုင်မှ ဒီတပ်မတော်ကြီးက ခေတ်မှီတဲ့တပ်မတော်ကြီးတွေဖြစ်လာမှာပါ။ပညာတတ်မှ အသိပညာကြွယ်ဝမှာ အရာရာကို တွေးခေါ်ချင့်ချိန်စဉ်းစား လုပ်ဆောင်နိုင်ကြမှာပါ။

    ဘာပဲဖြစ်ဖြစ် တစ်နေ့တော့ မြန်မာ့တပ်မတော်ဟာ အင်အားတောင့်တင်းပြီး ခေတ်မှီလက်နက်တွေ ပိုင်ဆိုင်လာနိုင်မယ့် နိုင်ငံတစ်ခုအဖြစ် မြင်တွေ့ရမယ်လို့တော့ မျှော်လင့်မိပါတယ်။

    ReplyDelete
  5. မြန်မာ့တပ်မတော်မှာ အခုဆိုရင် ဒုံးပျံတပ်ရင်းတွေ ဖွဲ့စီနေပြီလို့ကြားရပါတယ် ဒါကို အကောင်းဘက်ကယူရပါမယ်။အမြောက်တပ်ကတော့ အလွန်အသုံးဝင်သေးတာပေါ့ဗျာ..။အမေရိကန်စစ်တပ်မှာလည်း အမြောက်စနစ်တွေကို အလွန်အားထားနေရဆဲပါ။တရုပ်တပ်မတော်မှာ ပြည်တွင်းထုတ် အမြောက်စနစ်တွေ တစ်ခုပြီးတစ်ခု ထုတ်လုပ်နေတယ် စမ်းသပ်နေတယ်ဗျ..။မြန်မာ့တပ်မတော်မှာ အမြောက်တပ်ကို အခုထက်တောင်မှ ပိုမိုခေတ်မှီအောင်လုပ်ရပါဦးမယ်..။အလိုအလျောက်ချိန်ရွယ်ပစ်ခတ်တဲ့ စနစ်တွေ တပ်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ...။၁၅၅မမ ဒီ-၂၀ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေကိုတော့ အလိုအလျောက်ချိန်ရွယ်ပစ်ခတ်တဲ့ စနစ်တွေနှင့် စမ်းသပ်နေတယ်လို့ကြားမိပါသေးတယ်..။

    ReplyDelete
  6. ကိုးကန့်ဖြစ်စဉ်တုန်းက တပ်မတော်က လက်နက်ကြီးတွေ(အမြောက်)နဲ့ပစ်ခတ်တာက မြန်မာပြည်အလယ်ပိုင်းက မိတ္တီလာ ကနေ ပစ်ခတ်တာလို့ ကြားမိတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ :)

    ReplyDelete
  7. မြန်မာ့တပ်မတော် ကတော့မသိဘူး ကိုးကန့်က ပစ်တာ အမြောက်ကျည် ပြောင်းအတွင်းမှာတင် ပေါက်ကွဲလို့ လက်နက်ကြီးနားကသူတွေ သေကုန်တယ်လို့တော့ကြားမိတယ်ဗျ..။ ကိုMM ရေ ခင်ဗျာလည်းဝင်ရေးဦးလေဗျာ.. ခင်ဗျာအမြင်လေးတွေကိုပေါ့..။

    ReplyDelete
  8. ဝသူပုန်တွေမှာ တရုပ်တပ်က စစ်အကြံပေးတွေကိုယ်တိုင် သင်တန်းပေးထားတဲ့ လက်နက်ကြီးတပ်ရှိတယ်ဗျ..ဘယ်လောက်ထိ အင်းအားရှိမယ်ဆိုတာတော့ မသိရပါဘူး..။ကိုmgရေ ခင်ဗျာပြောချက်က ဖြစ်နိုင်တယ်ဗျ မြန်မာ့တပ်မတော် က ၁၅၅မမ ကြီးတွေနှင့် ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်..။

    ReplyDelete
  9. ၀ တွေမှာက အသေးစား ဒုံးကျဉ်လက်နက်တွေလည်းရှိတယ်။လေကြောင်းရံကာကွယ်ရေးအတွက် အဓိက လုပ်ထားကြတာ။မြေပြင်စခန်းတွေကလည်း အခိုင်မာ အင်္ဂဒေတွေနဲ့တည်ဆောက်ထားကြတာ။ဝ တွေနဲ့စစ်ဖြစ်ရင်တော့ တပ်မတော်အနေနဲ့ ခြေလျင်တပ်တွေနဲ့ရင် မရပါဘူး။ခြေလျင်တပ်တွေက သွားတိုက်ရင် ကျဆုံးမှုများမှာ သေချာပါတယ်။သူတို့ ၀ တွေက သတ်ကွင်းကို ရှယ်တည်ဆောက်ထားတာပါ။တပ်မတော်စခန်းတွေနဲ့ သူတို့စခန်းတွေကလည်း ကပ်ရပ်တွေ။သူတို့စခန်းတွေမှာ လက်နက်ကြီးတွေအစုံရှိတယ်။ပွိုင့် ၅ လိုစက်သေနတ်ကြီးတွေလည်း အစီရီပေါ့ဗျာ။ဘာမှမဖြစ်ခင်တုန်းတော့ အောက်ခြေ ရှေ့တန်းစခန်းတွေမှာတော့ တစ်ဖက်နဲ့တစ်ဖက် အချင်းချင်း သွားလာလှုပ်ရှားနေကြတာပါပဲ။

    ဒီတော့ ၀ ကိုတိုက်ဖို့ဆိုတာ တပ်မတော်အနေနဲ့ လက်နက်ကြီးတွေကိုသာ အဓိကထားပြီး တိုက်ခိုက်မှ ရမှာပါ။ဝ ရဲ့ နောက်ကွယ်မှာ တရုတ်ကြီးကလည်း ရှိနိုင်တယ်။တရုတ်က အစိုးရရှေ့မှာတစ်မျိုး နောက်ကွယ်မှာ သူတို့လူမျိုး ၀ ကိုသွယ်ဝိုက်ကူညီတာတွေလည်း ရှိနိုင်တယ်။ယခင်တွေတုန်းက ရှိခဲ့ဖူးတော့ တပ်မတော်ကလည်း တရုတ်ကို မယုံကြည်ပါဘူး။မဖြစ်မနေ အခြေနေရသာ ဆက်ဆံနေရတာပါ။မချစ်သော်လည်း အောင့်ကာနမ်းဆိုသလိုပေါ့ဗျာ။

    အဓိကကတော့ ဒါတွေက နိုင်ငံရေးပြသနာတွေကိုး။အစိုးရအနေနဲ့ ကိုယ်ပိုင်ပြဌန်းအုပ်ချုပ်ခွင့် ဆိုတဲ့ခေါင်းစဉ်ကိုပေးနိုင်သလားဆိုတာပါပဲ။သူတို့ ၀ အပါဝင် အခြားလက်နက်ကိုင်တွေတောင်းဆိုနေတာကလည်း ဒီ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုး။ဒီစနစ်ကိုကျင့်သုံးရင် လက်နက်မကိုင်ဘူးလို့ဆိုကြတယ်။ဒီတော့ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားကြည့်ဖို့လိုတယ်။ဘာကြောင့် အစိုးရက မတွေ့ဆုံနိုင်တာလည်းဆိုတာကိုလည်း စဉ်းစားလို့မရဘူး။

    တပ်မတော်ကတော့ တိုက်ဆိုရင်တော့ ဖြစ်အောင် ရအောင် တိုက်ရမယ့်တာဝန်ရှိပါတယ်။ကိုယ့်ပြည်တွင်းဆိုတော့ ဒီလိုသွားကြမ်းလို့လည်းမရဘူး။ နိုင်ငံတစ်ခုမှာ တပ်မတော်တစ်ခုပဲ လက်နက်ကိုင်ရှိရမယ်ဆိုတာကို အားလုံးက လက်ခံထားကြတယ်။လက်နက်ကိုင်တွေတောင်းဆိုထားကြတဲ့ ကိုယ်ပိုင်ပြဌန်းခွင့်ကိစ္စကပဲ အဓိကပြသနာရေရှည်ကြာနေတဲ့ အကြောင်းအရင်းပါပဲ။

    ဒီတော့ ကို Khai Soe အနေနဲ့ရော တိုင်းရင်းသား လက်နက်ကိုင်တွေတောင်းဆိုနေကြတဲ့ ကိုယ်ပိုင်ပြဌန်းခွင့်ဆိုတဲ့ကိစ္စကို ဘယ်လိုမြင်လဲဗျ။လက်နက်အကြောင်းမဟုတ်ပေမယ့် ဒါတွေက နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့အရာဖြစ်တော့ ဒါလေးကိုမေးကြည့်တာပါ။
    လက်နက်ကိုင်တွေတောင်းဆိုကြတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စကို ပေးလိုက်မယ် ကျင့်သုံးမယ်ဆိုရင် ဘယ်လိုတွေ ဒါတွေက တိုင်းပြည်က ဖြစ်လာနိုင်သလည်း ဆိုးကျိုး ကောင်းကျိုးလေးတွေကို ကို ခိုင်စိုး ရဲ့အမြင်လေးကိုပြောပြပါလား။

    ReplyDelete
  10. တာဝမ်-စီစီပန်၊မဲသဝေါ်၊မာနယ်ပလော တိုက်ပွဲကြီးတွေကို ဆင်နွဲလာခဲ့တဲ့ မြန်မာ့တပ်မတော်က တကယ်လို့ တိုက်စစ်စတော့မယ် ဆိုရင် ဘယ် လက်နက်ကိုင်အင်းအားစုကမှ ခံနိုင်မယ်မထင်ပါဘူး။ကိုယ်ပိုင်ပြဌာန်းခွင့်ပေးလိုက်ဖို့ဟာ အထူးသဖြင့် ဝ အတွက်ကိုအတော် စဉ်းစားသင့်ပါသေးတယ်...။ တရုပ်ကျောထောက်နောက်ခံ ရထားတဲ့ အဖွဲ့မို့စွာနေတာပါ..။
    စစ်ဆိုတာပန်းနှင့်ပေါက်တာမှ မဟုတ်တာ ကို mgရေ စစ်မဖြစ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ..။တိုက်ပြီးဟေ့ဆိုရင်တော့ တရုပ်ကို ဂရုစိုက်နေလို့ မဖြစ်တော့ဘူးဗျ..ကိုးကန့် ထိုးစစ်မှာ တရုပ်ကြီး မျက်လုံးမျက်ဆံပျုးသွားတယ်လေ.. ဟတကယ်တိုက်တယ်လို့ ပြောနေကြတာဘဲဗျ..။

    ReplyDelete
  11. ကျတော်တို့တပ်မတော်က ၀ ကိုတာအနိုင်တိုက်ပြလိုက်ရင် ဘယ်အဖွဲ့ကမှ ခေါင်းတောင်မော်ကြည့်ရဲမှာမဟုတ်ပါဘူး....။အရင်တုန်းက မာနယ်ပလောကိုတိုက်ပြလိုက်သလို လုပ်ပြရမှာ...။

    ReplyDelete
  12. ဗကပတွေကြီးစိုးတဲ့အချိန် မြန်မာ့တပ်မတော်က ချည်းနဲ့နဲ့လေးဖြစ်နေတဲ့အချိန် ရန်ကုန်အစိုးရလို့ပဲ လှောင်ပြောင်ခေါ်ခံရလောက်အောင် တိုင်းပြည်ကို သူပုန်တွေက သိမ်းပိုက်ထားချိန်တောင်မှ တပ်မတော်က နိုင်အောင် တိုက်လာနိုင်တာပဲ။အခုချိန်မှာ အရင်ကထက် အင်အားလည်းပိုရှိလာတယ် လက်နက်ကိရိယာတွေလည်း ပိုမိုခေတ်မှီလာတဲ့အချိန်မှာ ပြည်တွင်းက လက်နက်ကိုင်အဖွဲ့တွေကို မနိုင်စရာအကြောင်းမရှိပါဘူး။

    အခုခေတ်က လူ့အခွင့်ရေး တကြော်ကြော်အော်တဲ့ခေတ်ကိုး။ဒီတော့ စစ်ဖြစ်ရင် အရင်တွေတုန်းကလို ၀ုန်းဒိုင်းကြဲပြီး စိတ်ကြိုက်လုပ်လို့မဖြစ်တော့ဘူး။အစစအရာရာကြည့်နေရတယ်။
    စစ်ဖြစ်တာနဲ့ ဖြစ်ပေါ်လာမယ့် ပြည်သူတွေရဲ့ဆိုးကျိုးတွေက အများကြီး။အဘက်ဘက်က ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို မဖြစ်စေချင်လို့ အတတ်နိုင်ဆုံး ထိန်းသိမ်းနေရတဲ့အခြေနေဖြစ်နေတယ်။ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ သေနတ်မဖောက်ပဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းနိုင်အောင် ကြိုးစားစေချင်တယ်။နောက်ဆုံးဘယ်လိုမှဖြေရှင်းလို့မရမှ သေနတ်ဖောက်ကြတာ ကောင်းပါတယ်။

    ReplyDelete
  13. ကျနော်ဆွေးနွေးပါဦးမယ်။မြန်မာ့တပ်မတော်က ပြည်တွင်းစစ်ကို ဖြေရှင်းတဲ့ နေရာမှာ တဖြည်းဖြည်းချင်းဖြေရှင်းနေတာဗျ။အလုံးအရင်း ထိုးစစ်ဆင်ရင်ရနိုင်တာပေါ့။ လေကြောင်းတိုက်ခိုက်ရေး တင့်ကား တာလတ်ပစ် တာနီးပစ် တွေနဲ့ တိုက်လို့ ရနိုင်သော်လည်း ခြေလျင်တပ်သားနဲ့ တိုက်နေရတဲ့ အကြောင်းကတော့ တပ်မတော်ခေါင်းဆောင်အနေနဲ့ ကလည်း စစ်မဖြစ်စေလိုဘဲ လက်နက်ချစေချင်နေတယ်ဗျ။တကယ်တမ်းအနေအထားကအခုအင်အားနဲ့ ရန်သူတွေ အမြစ်ဖြတ်ပြီးရင် အားလုံးအိုကေပြီ။စစ်အင်အားအေးဆေး တိုးချဲ့ရုံပဲ။ဒီအတိုင်းအတာ အင်အားနဲ့ ဆို ရန်သူကို ကောင်းကောင်းနိုင်ပါတယ်။ကျရှုံး မှုတော့ ရှိမှာပါပဲ။နှမြောနေလို့မရတော့ပါဘူး။

    ReplyDelete
  14. ကျုပ်ကတော့...စစ်တိုက်တဲ့အတတ်ပညာအကြောင်းဘာမှမသိဘူးခင်ဗျ...စစ်သည်စစ်သားတွေကို ချစ်ခင်တယ်..သူတို့ ဘ၀တွေကို စိုပြည်စေချင်တယ်.....တပ်မတော်ကို အင်အားတောင့်တင်းစေချင်တယ်...ဒီလိုဖြစ်ဖို့ က တိုင်းပြည်စီးပွားရေးကောင်းဖို့ လိုတယ်....နည်းပညာတွေလိုတယ်...ပညာရှင်ပညာတတ်တွေလိုတယ်...ဒီအတွက် တတ်နိုင်သမျှ လုပ်ပေးချင်တယ်...

    ReplyDelete
  15. ကျနော်အမြင်အရတော့ဗျာ..တပ်မတော်ကို ဖွဲ.စည်းပုံအတိုင်း ပြည့်မှီစေချင်တယ်..တပ်ရင်းတွေများပြီး အင်အားမပြည့်မှီရင်..ပြီးတော့ အောက်ခြေအရာရှိအရာခံ/အကြပ်စစ်သည်တွေ အပေါ်ကို လုံလောက်စေတဲ့ ထောက်ပံ့မှု.တွေ ပေးပြီး လုပ်အားပေးထက် လေ့ကျင့်ရေးကို စနစ်တကျ ပြုလုပ်ပေးရင် ၊ ၀ယ်ယူလာတဲ့ စစ်လက်နက်ပစ္စည်းတွေကို ထိရောက်အောင်အသုံးချတတ်မှု. သင်တန်းတွေကို မကြာခဏ လေ့ကျင့်ပေးရင်၊ တပ်တွင်းစည်းလုံးမှု.နဲ. တပ်မတော်သားအားလုံးရဲ. နိုင်ငံတော်အပေါ်ထားရှိတဲ့ စေတနာနဲ.စိတ်ဓါတ် အရင်းခံပြီး တပ်မတော်သားတွေ အောက်ခြေကစလို. အထက်ပိုင်းအထိ စိတ်ဓါတ်ရေးရာ..အရရော.စွမ်းရည်အရရော ပိုမိုတောက်ပြောင်လာနိုင်ပြီး နိုင်ငံတကာက စံပြုရမဲ. တပ်မတော်တစ်ရပ်ဖြစ်လာမှာပါ....အဲဒီအခါ အရင်ကတည်းက ထိတ်လန်.နေတဲ့ အိမ်နီးချင်းနိုင်ငံ တစ်ချို. ဟာ အလိုလိနေရင် စစ်ရှုံးပြီးသားဖြစ်နေမှာပါ..ဘာကြောင့်လဲဆိုတော့ ထိုင်းစစ်သားတစ်ယောက်ဟာ လှည့်ကင်းတာဝန် ထမ်းဆောင်ရင်တောင်မှ စားနပ်ရိက္ခာအပြည့်အစုံနဲ.မှ ပါ..မြန်မာတပ်မတော်သားတွေကတော့ စားနပ်ရိက္ခာအတွက် တောထဲမှာလဲ ပူစရာမလိုပါဘူး အသားဘူးလဲမလိုပါဘူး ..တောတွင်းမှာရှိတဲ့ အလေ့ကျ အသီးအပင်နဲ. ရေကိုသုံးဆောင်ပြီး နိုင်ငံတာဝန်တွေကို ထမ်းနိုင်တဲ့ စွမ်းရည်ရှိတဲ့တပ်မတော်ဖြစ်ပါတယ်....ဒါတွေကတော့ကျနော့်အမြင်သက်သက်ပါဗျာ..လိုအပ်တာကို လမ်းညွှန်ပေးကြပါ..လေးစားပါတယ်ဗျာ

    ReplyDelete
  16. အကိုတို့ရေကျနော်ကတော့စစ်သားလဲမဟုတ်သလို၊စစ်အကြောင်းလဲဘာမှနားမလည်ပါဘူး၊မြန်မာ့တပ်မတော်ကိုလဲသိပ်သဘောမကျပါဘူး၊ဘာလို့ဆိုတပ်မတော်
    ထဲမှာတကယ်တိုင်းပြည်ကိုကာကွယ်ချင်လို့ဝင်လာတဲ့စစ်သားမရှိသလောက်ပါပဲ၊
    ဗိုလ်လောင်းတွေကလွှဲလို့ပေါ့၊ဗိုလ်လောင်းတွေတောင်အခွင့်အရေးသမားကခပ်
    များများနေမှာပါ၊ခုဖြစ်နေတဲ့စစ်ပွဲတွေကိုကြည့်လေသွားလိုက်တိုင်းတပ်လုံးပြုတ်
    ပဲ၊ကျနော်တခါကြုံဖူးတယ်၊ဆားမှော်(၁၀၅)တပ်ကတပ်စိပ်တစိပ်နဲ့ဖမ်းဆီးပ
    စ္စည်းတွေသွားသယ်တာ၊ဒုအရာခံဗိုလ်ကဦးစီးပါတယ်၊ပါလာတဲ့ရဲဘော်တွေက
    ကလေးသာသာလေးတွေ၊အဲဒီအရာခံဗိုလ်ပြောသွားတဲ့စကားတခွန်းကျနော်
    ခုထိမှတ်မိနေသေးတယ်၊ဘာတဲ့..ငါတော့ကွာရှေ့တန်းထွက်လာတာလား၊
    ကလေးထိန်းကျောင်းရောက်နေတာလားတောင်မသိတော့ပါဘူးကွာတဲ့..၊
    ဒါပေမယ့်ဘာပဲဖြစ်ဖြစ်အဲဒီဝတွေကိုတိုက်မယ်ဆိုရင်ကျရာနေရာကတာဝန်
    ထမ်းဆောင်ဖို့အသင့်ပဲဗျ၊ဒီကောင်တွေကျနော်တို့နိုင်ငံမှာလာပြီးပြသနာရှာ
    နေတယ်၊ရှင်းရှင်းပြောရရင်ဒီကောင်တွေတိုင်းရင်းသားမဟုတ်ဘူး၊တရုတ်
    စစ်စစ်တွေဟိုမအေရိုးဗကဗတွေလုပ်လို့ရောက်လာတာပေါ့။

    ReplyDelete
  17. ဆွေးနွေးပေးတဲ့ အတွက် ကျေးဇူးပါဘဲဗျာ..။

    ReplyDelete