ဘင်္ဂလားဒေ့်-မြန်မာ အရေးအခင်း ၂၀၀၈-၀၉ ပြဿနာများ (မှတ်တမ်းဖြစ်ပါ၍ အမြဲထပ်ဖြည့်ပါမည်..)
၂၀၀၈ ခုနှစ်အတွင်း..
နိုဝင်ဘာလထဲတွင်.. ဘင်္ဂလားဒေ့်နယ်စပ်အနီးတွင် အမြောက်တပ်ရင်း ၅ရင်းတိုးချဲ့ ချထားရသည်။
ဘူးသီးတောင် အခြေဆိုက် အမြောက်တပ်တွင် တင့်ကားများကိုပါ တပ်စွဲထားခဲ့သည်။
၂၀၀၉ ခုနှစ်အတွင်း...
အောက်တိုဘာလ ၁၁ရက်..
မြန်မာ့ရေတပ်မှ စစ်ရေယာဉ် ၁၂စင်း၊အောင်ဇေယျ ဖရီးဂိတ် ၁စင်း၊ တင့်ကားများနှင့် အမြောက်များ တပ်ချထားခဲ့သည်။
အောက်တိုဘာလ ၁၈ရက်..
.မြန်မာ့တပ်မတော်ဘက်မှ တပ်ဖွဲ့ဝင် ၅၀၀၀၀ ဝန်းကျင်၊ပင်မတိုက်ပွဲဝင်တင့်ကား အစီး၅၀၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၁ရင်း နှင့်အတူ တပ်မ၂ခုသည် နယ်စပ်တလျှောက် နတ်မြတ်နှင့်အနီး မိုင်၅၀တွင် တပ်စွဲထားခဲ့သည်။
မည်သူမဆို မိမိတို့ အမြင်လေးတွေကို ဒီမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်...
Monday, October 17, 2011
Sunday, October 2, 2011
ဘင်္ဂလားဒေ့် ဆိုင်ရာ ပြဿနာများ စုစည်းမှု
မြန်မာနှင့် ဘင်္ဂလားဒေ့် ရေတပ်သင်္ဘောများ အငြင်းပွားနေသည့် ရေပိုင်နက် အနီးတွင် ကင်းလှည့်နေကြ
ရက်စွဲ...၃၀.၉.၂၀၁၁
တာကလူး
နှစ်ဘက်နိုင်ငံမှ ရေတပ်သင်္ဘောနှစ်စီး နယ်စပ်ပင်လယ်ပြင်တွင် ကင်းလှည့် နေကြကြောင်းကို မြန်မာဘက်မှ ပင်လယ်ပြင် ငါးဖမ်းသမားတစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြုပြောကြားသည်။
"သင်္ဘောနှစ်စီး ကင်းလှည့်နေကြတာက တစ်စီးနဲ့ တစ်စီး လှမ်းမြင်နိုင်တဲ့ အကွာအဝေး လောက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ဘက်ကကိုယ် သူ့ဘက်ကသူ ကင်းလှည့်နေကြတာပဲ ဖြစ်ပါတယ်" ဟု ငါးဖမ်းသမားက ပြောသည်။
မြန်မာရေတပ်စစ်သင်္ဘော (၅၅၂)သည် ယခုအပတ် တနင်္လာနေ့မှစ၍ ဘင်္ဂလာဒေခ်ျ့ နယ်စပ်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူ ကျောက်တန်းအလွန် ပင်လယ်ပြင်တွင် ကင်းလှည့်နေခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေခ်ျ့ ဘက်သို့ မှောင်ခိုကုန်ကူးနေသည့် မြန်မာဘက်မှ စက်လှေများနှင့် ပိုင်နက်ကျော် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေခ်ျ့ ဘက်မှ ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာဒေခ်ျ့ စစ်သင်္ဘောမှာလည်း စိန့်မာတင် (ခေါ်) အုန်းကျွန်း၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာတွင် ကင်းလှည့်နေခြင်းကြောင့် မြန်မာစစ်သင်္ဘောနှင့် တစ်စီးနှင့် တစ်စီးလှမ်းမြင်ရသည့် အကွာအဝေးတွင်သာ ရှိကြောင်းလည်း သိရှိရသည်။
ယခုကဲ့သို့ နှစ်ဘက်နိုင်ငံမှ ရေတပ်စစ်သင်္ဘောများ နယ်စပ်ပင်လယ်ပြင်တွင် ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းမှာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှု နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။
၂၀၀၈ ခုနှစ် တင်းမာမှုနောက်ပိုင်း ဘင်္ဂလားဒေခ်ျ့ဘက်မှ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) သို့ ၂၀၀၉ ခုတွင် တင်သွင်းခဲ့သည်။
နိုင်ငံတကာခုံရုံးမှလည်း မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နှစ်နိုင်ငံ အကြားအငြင်းပွားမှုကို ယခုလ အတွင်းတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ် မတ်လ အတွင်းအတွင် တရားဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နှစ်ဘက်နိုင်ငံမှ စစ်သင်္ဘောများမှာ နယ်စပ်ပင်လယ်ပြင်တွင် ၂၀၀၈ ခုနှစ်ကကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းကြောင့် ပြဿနာ ပိုမို ကြီးထွားလာမည်ကို နှစ်ဘက်နယ်စပ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။
narinjara မှ ကူးယူထားပါသည်။
ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း ၅ခု အခြေဆိုက်ထား
တပ်မတော်သည် ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နှင့် ရေပြင်ပိုင်နက် အငြင်းပွားမူဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင်
အမြှောက်တပ်ရင်း (၅)ထိ တိုးချဲ့ အခြေစိုက်ထားသည်ဟု ရခိုင်ပြည်နယ် စစ်ရေး အခြေအနေကို လေ့လာသူ တဦးက ပြောသည်။
အဆိုပါ တိုးချဲ့ချထားသော အမြှောက်တပ်ရင်းများမှာ အမှတ် ၃၇၄ -အမ်း၊ အမှတ် ၃၇၃- စစ်တွေ ၊ အမှတ် ၃၇၇- ကျောက်တော်၊ အမှတ် ၃၇၈ - ဘူးသီးတောင်နှင့် အမှတ် ၃၇၅ -တောင်ကုတ်တို့ ဖြစ်သည်။
ယခင်က ရခိုင်ပြည်နယ်အတွင်း အမြှောက်တပ်ရင်းများ မရှိဘဲ ခြေလျင်နှင့် ခြေမြန် တပ်ရင်းများသာ ရှိခဲ့ပြီး ယခုအခါ အမြှောက်တပ်ရင်း ၅ ရင်းကိုပါ တိုးချဲ့ အခြေစိုက်ထားလိုက်သည်။
မျက်မြင်များ၏ အပြောအရ ဘူးသီးတောင် အခြေစိုက် အမြှောက် တပ်ရင်းတွင် တရုတ်လုပ် တင့်ကားများပါ ရောက်ရှိနေပြီး အဆိုပါ တပ်ရင်းကို လွန်ခဲ့သောနှစ်က ဘူးသီးတောင် တပ်မင်းချောင်းတွင် အခြေစိုက်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာဆက်ဆံရေးမှာ တရုတ်အစိုးရ၏ ကြားဝင် ဆောင်ရွက်ပေးမူကြောင့် ယခုအခါ အသင့်အတင့် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ရေပြင်ပိုင်နက် အငြင်းပွားမူမှာမူ ယခုအချိန်ထိ မဖြေရှင်းနိုင်ဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသေးသည်။
ဘင်္ဂလာဒေခ်ျ့်မှ အငြင်းပွားရေပြင်ပိုင်နက် အနီးတွင် ဂတ်စ် ရှာဖွေခွင့်ကို အမေရိကန် နိုင်ငံ ကုမ္ပဏီ တခုအပါအ၀င် နောက်ထပ် နိုင်ငံခြား ကုမ္ပဏီ တခုအား ဌားရမ်းခဲ့သည်။
မြန်မာအစိုးရသည် ဘူးသီးတောင်နှင့် ကျောက်တော်အကြား ကားလမ်းကြမ်းတခုအား ဖေါက်လုပ်နေပြီး စစ်တွေ-ရန်ကုန် ကားလမ်းမနှင့် ချိတ်ဆက်ရန် စီစဉ်နေသည်။
၎င်းပြင် တပ်မတော်မှ ရခိုင်ကမ်းရိုးတန်း တလျောက်ရှိ အရေးပါသော ကျွန်းများ ဖြစ်ကြသည့် ကျွန်းသာယာနှင့် နန့်သာကျွန်းများတွင်လည်း အမြောက်တပ်ဖွဲ့များကို ချထားသည်ဟု စစ်ရေးလေ့လာသူက ပြောဆိုသည်။
Narinjara
ရက်စွဲ...၃၀.၉.၂၀၁၁
တာကလူး
-----------
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့မှ ရေတပ်သင်္ဘော နှစ်စီးသည် နှစ်နိုင်ငံ နယ်စပ်ရှိ အငြင်းပွါးနေသည့် ပင်လယ်ပြင်တွင် တစ်စီးနှင့် တစ်စီး ထိပ်တိုက် ရင်ဆိုင်ကာ ကင်းလှည့် နေကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံဘက်မှ ရေတပ်စစ်သင်္ဘောတစ်စီးသည် နှစ်နိုင်ငံ နယ်စပ်အနီး ပင်လယ်ပြင်တွင် ယခုရက်ပိုင်းအတွင်းမှ စတင် ကင်းလှည့် လာခြင်းကြောင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံဘက်မှလည်း ၄င်း၏ ရေပြင်ပိုင်နက်ကို ကာကွယ်နိုင်ရန် ရေတပ် သင်္ဘောတစ်စီးကို ယမန်နေ့မှ စတင် စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေးက ပြောသည်။
နှစ်ဘက်နိုင်ငံမှ ရေတပ်သင်္ဘောနှစ်စီး နယ်စပ်ပင်လယ်ပြင်တွင် ကင်းလှည့် နေကြကြောင်းကို မြန်မာဘက်မှ ပင်လယ်ပြင် ငါးဖမ်းသမားတစ်ဦးကလည်း ယခုကဲ့သို့ အတည်ပြုပြောကြားသည်။
"သင်္ဘောနှစ်စီး ကင်းလှည့်နေကြတာက တစ်စီးနဲ့ တစ်စီး လှမ်းမြင်နိုင်တဲ့ အကွာအဝေး လောက်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ဘက်ကကိုယ် သူ့ဘက်ကသူ ကင်းလှည့်နေကြတာပဲ ဖြစ်ပါတယ်" ဟု ငါးဖမ်းသမားက ပြောသည်။
မြန်မာရေတပ်စစ်သင်္ဘော (၅၅၂)သည် ယခုအပတ် တနင်္လာနေ့မှစ၍ ဘင်္ဂလာဒေခ်ျ့ နယ်စပ်ရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူ ကျောက်တန်းအလွန် ပင်လယ်ပြင်တွင် ကင်းလှည့်နေခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေခ်ျ့ ဘက်သို့ မှောင်ခိုကုန်ကူးနေသည့် မြန်မာဘက်မှ စက်လှေများနှင့် ပိုင်နက်ကျော် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေခ်ျ့ ဘက်မှ ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာဒေခ်ျ့ စစ်သင်္ဘောမှာလည်း စိန့်မာတင် (ခေါ်) အုန်းကျွန်း၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာတွင် ကင်းလှည့်နေခြင်းကြောင့် မြန်မာစစ်သင်္ဘောနှင့် တစ်စီးနှင့် တစ်စီးလှမ်းမြင်ရသည့် အကွာအဝေးတွင်သာ ရှိကြောင်းလည်း သိရှိရသည်။
ယခုကဲ့သို့ နှစ်ဘက်နိုင်ငံမှ ရေတပ်စစ်သင်္ဘောများ နယ်စပ်ပင်လယ်ပြင်တွင် ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းမှာ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှု နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်သည်။
၂၀၀၈ ခုနှစ် တင်းမာမှုနောက်ပိုင်း ဘင်္ဂလားဒေခ်ျ့ဘက်မှ နှစ်နိုင်ငံ ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းရန် နိုင်ငံတကာ ပင်လယ်ပြင် တရားခုံရုံး (ITLOS) သို့ ၂၀၀၉ ခုတွင် တင်သွင်းခဲ့သည်။
နိုင်ငံတကာခုံရုံးမှလည်း မြန်မာနှင့် ဘင်္ဂလားဒေခ်ျ့ နှစ်နိုင်ငံ အကြားအငြင်းပွားမှုကို ယခုလ အတွင်းတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး လာမည့်နှစ် မတ်လ အတွင်းအတွင် တရားဆုံးဖြတ်ချက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နှစ်ဘက်နိုင်ငံမှ စစ်သင်္ဘောများမှာ နယ်စပ်ပင်လယ်ပြင်တွင် ၂၀၀၈ ခုနှစ်ကကဲ့သို့ ထိပ်တိုက် ရင်ဆိုင်ပြီး ကင်းလှည့်နေကြခြင်းကြောင့် ပြဿနာ ပိုမို ကြီးထွားလာမည်ကို နှစ်ဘက်နယ်စပ်နေ ပြည်သူများ အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။
narinjara မှ ကူးယူထားပါသည်။
ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း ၅ခု အခြေဆိုက်ထား
တပ်မတော်သည် ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ဘင်္ဂလာဒေခ်ျ့နှင့် ရေပြင်ပိုင်နက် အငြင်းပွားမူဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင်
အမြှောက်တပ်ရင်း (၅)ထိ တိုးချဲ့ အခြေစိုက်ထားသည်ဟု ရခိုင်ပြည်နယ် စစ်ရေး အခြေအနေကို လေ့လာသူ တဦးက ပြောသည်။
အဆိုပါ တိုးချဲ့ချထားသော အမြှောက်တပ်ရင်းများမှာ အမှတ် ၃၇၄ -အမ်း၊ အမှတ် ၃၇၃- စစ်တွေ ၊ အမှတ် ၃၇၇- ကျောက်တော်၊ အမှတ် ၃၇၈ - ဘူးသီးတောင်နှင့် အမှတ် ၃၇၅ -တောင်ကုတ်တို့ ဖြစ်သည်။
ယခင်က ရခိုင်ပြည်နယ်အတွင်း အမြှောက်တပ်ရင်းများ မရှိဘဲ ခြေလျင်နှင့် ခြေမြန် တပ်ရင်းများသာ ရှိခဲ့ပြီး ယခုအခါ အမြှောက်တပ်ရင်း ၅ ရင်းကိုပါ တိုးချဲ့ အခြေစိုက်ထားလိုက်သည်။
မျက်မြင်များ၏ အပြောအရ ဘူးသီးတောင် အခြေစိုက် အမြှောက် တပ်ရင်းတွင် တရုတ်လုပ် တင့်ကားများပါ ရောက်ရှိနေပြီး အဆိုပါ တပ်ရင်းကို လွန်ခဲ့သောနှစ်က ဘူးသီးတောင် တပ်မင်းချောင်းတွင် အခြေစိုက်ခဲ့သည်။
ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာဆက်ဆံရေးမှာ တရုတ်အစိုးရ၏ ကြားဝင် ဆောင်ရွက်ပေးမူကြောင့် ယခုအခါ အသင့်အတင့် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ရေပြင်ပိုင်နက် အငြင်းပွားမူမှာမူ ယခုအချိန်ထိ မဖြေရှင်းနိုင်ဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသေးသည်။
ဘင်္ဂလာဒေခ်ျ့်မှ အငြင်းပွားရေပြင်ပိုင်နက် အနီးတွင် ဂတ်စ် ရှာဖွေခွင့်ကို အမေရိကန် နိုင်ငံ ကုမ္ပဏီ တခုအပါအ၀င် နောက်ထပ် နိုင်ငံခြား ကုမ္ပဏီ တခုအား ဌားရမ်းခဲ့သည်။
မြန်မာအစိုးရသည် ဘူးသီးတောင်နှင့် ကျောက်တော်အကြား ကားလမ်းကြမ်းတခုအား ဖေါက်လုပ်နေပြီး စစ်တွေ-ရန်ကုန် ကားလမ်းမနှင့် ချိတ်ဆက်ရန် စီစဉ်နေသည်။
၎င်းပြင် တပ်မတော်မှ ရခိုင်ကမ်းရိုးတန်း တလျောက်ရှိ အရေးပါသော ကျွန်းများ ဖြစ်ကြသည့် ကျွန်းသာယာနှင့် နန့်သာကျွန်းများတွင်လည်း အမြောက်တပ်ဖွဲ့များကို ချထားသည်ဟု စစ်ရေးလေ့လာသူက ပြောဆိုသည်။
Narinjara
ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြေရှင်းနေချိန်တွင် အမေရိကန်နှင့် ဘင်္ဂလားဒေ့ခ်ျ စစ်ရေး လေ့ကျင့်မူ ပြုလုပ်
စက်တင်ဘာလ 19 ရက် 2011 ခုနှစ်။
ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် မြန်မာနှင့်ဘင်္ဂလာ ဒေခ်ျ့ အကြား ရေပြင်ပိုင်နက် အငြင်းပွားမူကိုဖြေ ရှင်းနေချိန်တွင် ဘင်္ဂလား ပင်လယ်အော်တွင် ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန် ရေတပ်တို့ ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ကြောင်း သတင်းရရှိ သည်။
အဆိုပါ စစ်ရေး လေ့ကျင့်မူကို ယမန်နေ့က စတင်ခဲ့ပြီး အမေရိကန် ရေတပ် သင်္ဘော (၄) စီးနှင့် အမေရိကန် တပ်သား ၅၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောများမှာ တိုက်ချင်းပစ် ဒုံးကျည်ဖျက် သင်္ဘော၊ ဖရီးဂိတ်၊ မိုင်းဖျက် သင်္ဘောနှင့်ကယ်ဆယ် ရေး သင်္ဘောများ ပါဝင်သည်ဟု သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မူကို Cooperation Afloat Readiness and Training (CARAT) Bangladesh 2011 အမည်ဖြင့် ပြုလုပ်နေပြီး ၈ ရက်ကြာမြင့်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကျေညာချက် တွင် ဖေါ်ပြသည်။
အဆိုပါ စစ်ရေး လေ့ကျင့်မူတွင် ပင်လယ်ပြင် ဆိုင်ရာ လုံခြုံရေး စွမ်းဆောင်ရည် မြင့်မားရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေး၊ ပင်လယ်ပြင် ပူးတွဲတိုက်ခိုက်ရေး၊ လှည့်လည် စစ်ဆင်ရေးနှင် အမြောက် ပတ်ခတ်နည်း၊ ၎င်းပြင် ပင်လယ်ဓါးပြနှင့် မှောင်ခို နှိမ်နှင်းရေးများကို ပူးတွဲလေ့ကျင့်သွားကြ မည်ဟု သိရသည်။
စစ်ရေး လေ့ကျင့်မူ ဖွင့်ပွဲကို ယမန်နေ့က စစ်တကောင်း ရေတပ်စခန်းရှိ BNS Issa Khan စစ်သင်္ဘောပေါ် တွင် ပြုလုပ်ခဲ့ပြီး ယခု CARAT စစ်ရေး လေ့ကျင့်မူတွင် ဘင်္ဂလားဒေခ်ျ့သည် ပထမဆုံး အကြိမ်ပါဝင် လာခြင်း ဖြစ်သည်။ အမေရိကန် ရေတပ်မှ ပြုလုပ်နေသာ CARAT စစ်ရေးလေ့ကျင့်မူမှာ ၁၇ နှစ် ကြာမြင့်နေပြီ ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မူကို နိုင်ငံပေါင်း (၇)နိုင်ငံနှင့် ပူးပေါင်း ပြုလုပ်နေခြင်း ဖြစ်သည်။
CARAT စစ်ရေး လေ့ကျင့်မူတွင်ပါဝင်သော နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဘင်္ဂလာဒေခ်ျ့တို့ ဖြစ်ကြသည်။
ယခုကဲ့သို့ ဘင်္ဂလားဒေခ်ျ့နှင့် အမေရိကန်တို့ ဘင်္ဂလာပင်လယ်အော်တွင် စစ်ရေး လေ့ကျင့်မူ ပြုလုပ် နေချိန်တွင် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့အကြား ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကို ကုလ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပင်လယ် ဥပဒေတရားရုံး (International Tribunal for the Law of the Sea- ITLOS) တွင် ဖြေရှင်းနေသည်။
ပထမအကြိမ် တရားရုံးရှေ့မှောက် ကြားနာစစ်ဆေးမှုများကို ဘင်္ဂလာဒေခ်ျ့အတွက် စက်တင်္ဘာလ ၈မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြားနာမှုများကို စတင်္ဘာလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ၁၆ -၁၉- ၂၀ ရက်နေ့ထိ ပြုလုပ်မည် ဖြစ်သည်။
ရေပြင်ပိုင်နက် အငြင်းပွာမူကို ယခုနှစ် ဧပြီလတွင် အဆုံးသတ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ် - နိရဉ္စရာ သတင်းဌာန
Monday, August 22, 2011
အမ်၁အေ၁ တင့်ကားက တကယ်ဘဲ အကောင်းဆုံးလား
အမျိုးအစား-၉၉ ပင်မတိုက်ပွဲဝင်တင့်ကား
အမျိုးအစား-၉၆ ပင်မတိုက်ပွဲဝင်တင့်ကား
အမ်၁အေ၁ ပင်မတိုက်ပွဲဝင်တင့်ကား
တီ-၉၀ ပင်မတိုက်ပွဲဝင်တင့်ကား
တီ-၇၂ ယူကရိန်းထုတ် ပင်မတိုက်ပွဲဝင်တင့်ကား
မြန်မာ့တပ်မတော်ရှိ တီ-၇၂အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား (ဗထူးလေ့ကျင့်ရေးကျောင်း)

ခေါင်းစဉ်လိုက်
သံချပ်ကာတပ်
Sunday, August 7, 2011
မြန်မာ့နိုင်ငံ၏ လက်ရှိစစ်ရေး အခြေအနေ သုံးသပ်ချက်တချို့ အပိုင်း-၂
ဆွေးနွေးလိုသောနောက်တစ်ချက်မှာယခုကြိုးစားနေတဲ့Nuclear Boomထုတ်လုပ်ရေး SRBM၊ ICBM များထုတ်လုပ်ရေးအဓိကအာရုံစိုက်နေတဲ့အိမ်မက်ဟာ ခြေလှမ်းကျဲသလိုမျိုးဖြစ်နေတယ်လို့ထင်ပါတယ်၊ ဒါတွေမထုတ်လုပ်ခင်ကျွန်တော်တို့ဟာ Conventional Warသမရိုးကျစစ်ပွဲအတွက် စစ်လက်နက်များပြည့်စုံလုံလောက်မှုရှိပါပြီလား၊ သို့မဟုတ်အတော်အသင့်ပြည့်စုံပြီလား၊အတော်အသင့်ပြည့်စုံပြီရင်တော့ အထက်ပါအရာတွေကိုထုတ်လုပ်ဖို့အဓိကအာရုံစိုက်နိင်ပါပြီ။
ကဲကြည်းတပ်ကစကြည့်ရအောင်ဗျာ။
ကြည်းတပ်မှာရှိတဲ့မဟာဗျူဟာလက်နက်ကြီးဖြစ်တဲ့ 155mm Howitzer များကိုကြည့်ရအောင်၊ တပ်မတော်ကြည်းမှာ SH-2နှင့်Nora B-52တို့သာ အလျှင်အမြန်ရွှေ့ပြောင်းနိင်တဲ့အမျိုးအစားဖြစ်ပါတယ် ဒါတောင်အတော်အဆင့်သာခေတ်မှီတဲ့စနစ်ဖြစ်ပါတယ်၊ ဒီစနစ်တွေဟာTruckကားပေါ်တင်ထားတဲ့စနစ်ဖြစ်တာကြောင့် မြေအနေအထားကန့်သတ်ချက်များ ရှိနေပြန်ပါတယ်။
Nora B-52 ၁၅၂မမ ယာဉ်တင်အမြောက်စနစ်

ကျန်တဲ့155mm Howitzer အမျိုးအစားများဟာTowedအမျိုးအစားများဖြစ်သဖြင့်ခေတ်မမှီတော့ပါ၊( Towedအမျိုးအစားများဟာရွှေ့ပြောင်းနိင်မှုနှေးကွေးသောကြောင့် ရန်သူရဲ့ကောင်တာပစ်မှုကိုခံရနိင်ပါတယ်)၊အထက်မှာ ကိုMMဖေါ်ပြထားသလိုZBDအမျိုးအစားကဲ့သို့ အမျိုးအစားတွေတပ်မတော်မှာများစွာလိုအပ်ပါတယ်။ ထို့အပြင်MLRSများလည်း အရေအတွက်များစွာလိုအပ်ပါတယ်၊ ယခုတပ်မတော်မှာရှိတဲ့155mm Howitzers and MLRSများဟာလုံလောက်မှုမရှိပါ။ ဒါတွေကိုကျွန်တော်တို့နိင်ငံမှာ ထုတ်လုပ်နိင်အောင် ဦးစားပေးကြိုးစားရပါမယ်။
SH-2 ၁၂၂မမ ယာဉ်တင်အမြောက်စနစ်

KH-179 ၁၅၂မမ ဆွဲအမြောက်

Tanks ,IFV ,PAC များဟာလဲလုံလောက်မှုမရှိသေးပါ၊ ကျွန်တော်တို့နိုင်ငံမှာ ခေတ်မှီတင့်ကားများဟာဈေးကြီးလွန်းတာကြောင့် ကြည်းတပ်မှာများစွာမရှိပါ။ ဒီအခက်အခဲကိုဖြေရှင်းရန်IFV များPACများ ပေါ်တွင်122mm Howitzersတပ်၍သော်၎င်း Direct Shoot ပစ်နိုင်သော120mm Twin Auto motors အားIFV၊ APCများပေါ်တွင်တပ်၍သော်၎င်းLight Tankများအဖြစ်ပြည်တွင်းတွင်ထုတ်လုပ်၍လိုအပ်ချက်ကိုဖြေရှင်းဖို့လိုအပ်နေပါတယ်။
Soltam M71 ၁၅၅မမ ဟောင်ဝစ်ဇာ အမြောက်

ရေတပ်
ရေတပ်အနေနဲ့ပြောရရင်ယခုအချိန်အခါတွင်လိုအပ်ချက်များစွာရှိနေပါတယ် ၊ရေတပ်စခန်းများတွင်သင်္ဘောများစနစ်တကျကပ်ရန်ဆိပ်ခံတတားများလိုအပ်နေပါတယ်၊ ထို့အပြင်Frigates, Corvettes, FAC, Mine-sweepers, Amphibious Ships များစွာလိုအပ်နေပါတယ် Destroyersဆိုလျှင် တစီးမျှပင်မရှိဘဲဖရီးဂိတ်မှာလည်း လက်ရှိတွင်တစ်စီးထဲသာ ရှိနေနိုင်ပါသေးတယ်၊ ထို့အပြင်၄၄စီးရီး ရေငုတ်သင်္ဘောတိုက်ခိုက်ရေးသင်္ဘောများမှာ ဟောင်းနွမ်းလွန်းလှပြီးကြာကြာမောင်း၍မရဘဲ မကြာခဏပျက်သောကြောင့် ဒေါက်ကင်ပေါ်တင်ထားရတာများပါတယ် ၎င်းအပြင်မကြာလှသောနှစ်တွေမှာ တပ်တော်ဝင်အဖြစ်မှအနားပေးရပါတော့မယ် ၊ယခုလက်ရှိCorvettesနှင့် FACများတွင်တပ်ထားသောSSMများ Surface Search Radar ၊ Fire Control Radar ၊ AA Gunများအားဆင့်မြှင့်ရန်၊ မရှိသေးသောသင်္ဘောများအား တပ်ရန်များစွာအရေးတကြီးလိုအပ်နေပါတယ်၊ ယခုလက်ရှိFrigatesတွင်Air Defence Missileများအဆင့်မြှင့်ရန်မရှိသေးသော Corvettes, FACမျုားတွင်Air Defence Missile System်များတပ်ရန်မဖြစ်မနေလိုအပ်နေပါတယ်။ (ယိုးဒီးယားတွင်ဖရီးဂိတ်၈စီး၊ဘင်္ဂလားတွင်ဒုံးတပ်ထားသောဖရီးဂိတ်၂စီးနှင့် ဒုံးမတပ်ထားသောအဟောင်း၃စီးအား ယခါဒုံးင-၈၀၂များတပ်တော့မည်ဟုသိရပါသည်)
လေတပ်
လေတပ်တွင်MIG-29အစီး၃၀သာရှိပြီး၎င်းတို့ဟာSMT standard or M1/M2 standardလောက်ရှိရန်ရှိရင်းစွဲ၁၂စီးနှင့် အသစ်ရောက်လာမည့်အစီး၂၀အားအဆင့်မြှင့်ရန်လိုအပ်ပါတယ်၊ လက်ရှိတိုက်လေယာဉ်အင်အား အရေအတွက်ကိုများစွာတိုးချဲ့ဖို့လိုပါတယ်။ Transport Y-8များလေးစီးသာရှိပြီး ခေတ်မှီမှုမရှိတဲ့အပြင် အမြင့်ပေ၁၀၀၀အောက်တွင် ရိက္ခာချသည့်လုပ်ငန်းမလုပ်နိင်ဘဲ ကန့်သတ်ချက်များစွာရှိပါတယ်၊F-27နှစ်စီးဟာလည်း အိုမင်းနေတဲ့အပြင် ATRနှစ်စီးဟာလည်း လူသယ်လေယာဉ်အဖြစ်သာသုံးနိင်ပါတယ်။ F-7 နှင့်A-5လေယာဉ်များအားအမျိုးအစားအသစ်များဖြင့် အစားထိုးရန်အထူးလိုအပ်နေပါတယ်။
ဒါကြောင့်ကျွန်တော်တို့ပြည်တွင်းမှာတိုက်လေယာဉ်များ ၊ခေတ်မှီရေတပ်သင်္ဘောအမျိုးမျိုးမျုား၊ 155mm Howitzer, MLRS ,Tanks, IFV, APC, AA Missiles, SSM/ASM Anti Ship Missiles များ ထုတ်လုပ်ရန်နည်းပညာများ ဝယ်ယူရန်နှင့်ထုတ်လုပ်ရန်ပိုအဓိကထားသင့်ပါတယ်။
အထက်ပါကျွန်တော်ရဲ့ဆွေးနွေးချက်တွေကို ပြန်လှန်ဝေဖန်ထောက်ပြဆွေးနွေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
၅၅၆
(အထက်ပါဆွေးနွေးမှုသည် ကိုkong၏ ကာကွယ်ရေးဆိုင်ရာဆွေးနွေးမှု ဖြစ်ပြီး မည်သူမဆိုဝင်ရောက် ဆွေးနွေးနိုင်ပါသည်။)

မြန်မာ့နိုင်ငံ၏ လက်ရှိစစ်ရေး အခြေအနေ သုံးသပ်ချက်တချို့ အပိုင်း-၁
ကျွှန်တော့်၏ဆိုက်တွင် အမြဲဆွေးနွေးပေးသော ကိုkong၏ ဆွေးနွေးမှုဖြစ်ပါသည်။မည်သူမဆို ဝင်ရောက်ဆွေးနွေးနိုင်ပါသည် ခင်ဗျာ..။ကိုkongကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..။
ကျွန်တော်တို့နိုင်ငံရဲ့အဖြစ်နိုင်ဆုံးရန်သူ(ဝါ)ကျူးကျော်နိုင်သောနိုင်ငံဟာဘယ်နိုင်ငံဖြစ်မလဲကြည့်ရအောင်ဗျာ၊အကြမ်းအား
ဖြင့်ကြည့်လျှင်အမေရိကန်၊တရုတ်၊အိန္ဒိယ၊ဘင်္ဂလား၊ယိုးဒီးယားနိုင်ငံတွေဖြစ်တာကိုတွေ့ရမှာပါ။ထိုနိုင်ငံထဲကမှဘင်္ဂလားနဲ့ယိုးဒီးယားနိုင်ငံဟာသူတို့နိုင်ငံရဲ့စီးပွါးရေးအခြေအနေ၊နည်းပညာနဲ့၊နိုင်ငံနှင့်တပ်မတော်အင်အားတွေအရကျူးကျော်စစ်ပြုနိုင်တဲ့အနေအထားမရှိပါအများဆုံးနယ်စပ်စစ်ပွဲငယ်မျှသာဖြစ်နိုင်ပါတယ်။အိန္ဒိယနိုင်ငံဟာအင်အားတောင့်တင်းပေမဲ့နည်းပညာနှင့်သူရဲ့အဓိကရန်သူများဖြစ်တဲ့တရုတ်နှင့်ပါကစ္စတန်အရေးကရှိနေပြန်ပါတယ်။ဒါဆိုအမေရိကန်နဲ့တရုတ်နိုင်ငံတို့ဘဲကျန်တော့မှာပါ၊ဒီအထဲကမှအမေရိကန်ဟာကျွန်တော်တို့နိုင်ငံနှင့်နယ်မြေဆက်စပ်မှုမရှိပါထို့အပြင်ကျွန်တော်တို့နိုင်ငံဟာသူတပါးနိုင်ငံကိုစပြီးရန်စမကျူးကျော်သရွေ့၊အစိုးရမှလည်းပြည်သူများအားအာဏာရှင်ကဲ့သို့လူမိုက်ဂုဏ်မပြဘဲတရားမျှတစွာအုပ်ချုပ်လျှင်မကျူးကျော်ပါ၊အမေရိကန်မှာကျွန်တော်တို့နိုင်ငံထက်အရေးကြီးတဲ့နိုင်ငံတွေအများကြီးပါ၊ထို့အပြင်သမိုင်းကြောင်းအရကြည့်လျှင်လည်းရန်သူမဟုတ်ဘဲမိတ်ဆွေနိုင်ငံသာဖြစ်ခဲ့ပြီးကျွန်တော်တို့တပ်မတော်ကိုအကူအညီများစွာ၊စစ်လက်နက်ပစ္စည်းများငွေကြေးမယူဘဲဖရီးပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။
ဒါဆိုနောက်ဆုံးအဖြစ်နိင်ဆုံးရန်သူဟာတရုတ်နိုင်ငံဘဲကျန်ပါတော့တယ်၊တရုတ်ဟာသမိုင်းကြောင်းအဆက်ဆက်ရန်သူဖြစ်ခဲ့ပြီးရန်လိုလောဘကြီးတဲ့နိုင်ငံလည်းဖြစ်နေပြန်ပါတယ်။နယ်မြေလည်းရှည်လျှားစွာဆက်စပ်နေတဲ့အတွက်တချိန်ချိန်မှာပြဿနာများဖြစ်နိုင်ပါတယ်၊ထို့အပြင်ကျွန်တော်တို့နိင်ငံရဲ့မဟာဗျူဟာပထဝီအနေအထားအရတရုတ်နိုင်ငံဟာအမေရိကန်နိုင်ငံနှင့်စစ်ဖြစ်ခဲ့လျှင်၎င်းအိန္ဒိယနှင့်စစ်ဖြစ်ခဲ့လျှင်သော်၎င်းသူတို့နိုင်ငံရဲ့အနောက်ဘက်ဝင်ပေါက်လုံခြုံရေးနှင့်အိန္ဒိယအားကျူးကျော်ရန်ကျွန်တော်တို့နိုင်ငံကိုတရုတ်တပ်များပို့လွှတ်ပြီးအရင်ကျူးကျော်လာမှာမလွဲမသွေဖြစ်လာမှာပါ။
အကယ်၍ကျွန်တော်တို့နိုင်ငံဟာတရုတ်နိုင်ငံ၏ကျူးကျော်မှုခံရတဲ့အခါနေပြည်တော်ရဲ့အခြေအနေနှင့်အရေးပါမှုကိုကြည့်ရအောင်ဗျာ၊စစ်ဖြစ်တဲ့အခါနေပြည်တော်ဒေသဟာလေကြောင်းမှဗုံးထူထပ်စွာကြဲခံရ၊cruise missilesများနှင့်ခေါင်းမဖေါ်နိုင်အောင်နေရာလပ်မကျန်ပစ်ခံရမှာမလွဲမသွေပါ၊ထို့အပြင်(စစ်ဦးဘီလူး)ဘီလူးဆိုင်းတီးပြီးများလှစွာသောTanks များ MLRS များဖြင့်တိုက်လာသောတရုတ်ကျူးကျော်ရေးတပ်များကိုမိမိနယ်မြေများမဆုံးရှုံးဘဲချက်ချင်းတန့်သွားအောင်ခံစစ်ပြုနိုင်ရန်မှာအလွန်ခက်ခဲပါတယ်၊မဖြစ်နိုင်ဘူးလို့တောင်ဆိုနိုင်ပါတယ်၊ကျွန်တော်တို့နိုင်ငံ၏ရှေ့ပိုင်းရှမ်းပြည်နယ်ဟာရက်ပိုင်း(သို့မဟုတ်)လပိုင်းအတွင်းရန်သူတရုတ်တို့ရဲ့လက်ထဲကျသွားနိုင်ပါတယ်၊ဒီအခြေအနေမှာရှမ်းကုန်းမြေမြင့်အစပ်၊အခြေမှာရှိတဲ့နေပြည်တော်ရဲ့လုံခြုံရေးဟာဘယ်လိုမှမကောင်းနိုင်ပါ၊နေပြည်တော်ဒေသဟာပထဝီမြေအနေအထားအရတင့်ကားများစစ်ကစားရန်သင့်တော်တဲ့မြေအနေအထားဖြစ်နေတာကလည်းလုံခြုံရေးအဓိကအားနည်းချက်ဖြစ်နေပြန်ပါတယ်၊ဗုံးများနေ့ရောညပါဗုံးမိုးရွာခြင်းခံနေရတဲ့ဒေသဟာတပ်မတော်ကိုဘယ်လိုCommand And Control လုပ်နိုင်မှာလဲဗျာအခုတူးထားတဲ့Underground Tunnel မျုားUnderground Command And Control Centerများဟာသိရသလောက်မြေအောက်ရှိအမာခံအမိုးဟာသံကူကွန်ကူရစ်တစ်ပေခွဲနှစ်ပေအထူလောက်ဘဲရှိပါတယ်(မှတ်ချက်။အီရတ်တို့ရဲ၆ပေအထူဝါဆောနည်းပညာဗုံးခိုကျင်းတွေဟာအမေရိကန်ရဲ့ငလျှင်ဗုံး၊ဘန်ကာဖျက်ဗုံးတွေအောက်မှာပြားပြားဝတ်ခဲ့ရပါတယ်)Underground Tunnel နဲ့ပတ်သက်ပြီးအဖြစ်အပျက်တစ်ခုပြောပြရလျှင်နေပြည်တော်ပတ်လည်တလျှောက်တူးထားတဲ့Tunnelများအားမြေအောက်ရထားလမ်းကြောင်းအဖြစ်အသွင်ပြောင်းရန်ဂျပန်များနှင့်ဆွေးနွေးခဲ့သော်လည်းဂျပန်များမှတူးထားပြီးသောမြေအောက်ဥမင်လိုဏ်ခေါင်းများဟာအဆင့်အတန်းမပြည့်ဝသဖြင့်အသစ်တူမည်ဆို၍ပျက်သွားပါတယ်(ယခုရုရှားနှင့်လုပ်မည်ဆိုသောမြေအောက်ရထားလမ်းမှာအသစ်တူးမည်လားဖေါက်ပြီးသားဥမင်ဘဲပြန်သုံးမလားမသိပါ)အရပ်ဘက်မှာတောင်အဆင့်မမှီတဲ့ဥမင်လိုဏ်ခေါင်းတွေဟာစစ်ရေးမှာဘယ်လောက်များအသုံးဝင်နိင်မှာပါလဲဗျာ။ထို့အပြင်ယခုခေတ်စစ်ပွဲများမှာဥမင်လိုဏ်ခေါင်းများဟာခေတ်မမှီတော့ပါ။ဥပမာအားဖြင့်Yugoslavia နိုင်ငံအားအမေရိကန်ဝင်တိုက်စဉ်ကbillionsပေါင်းများစွာအကုန်ခံပြီးတည်ဆောက်ထားသောမြေအောက် Zeljava Air Baseကြီးမှာတကယ်တမ်းစစ်ဖြစ်တဲ့အခါဘာမှအသုံးမဝင်ခဲ့ပါ။၎င်းအပြင်ဥမင်လိုဏ်ခေါင်းတို့အားထောက်လှမ်းရေးဂြိုဟ်တုများနှင့်တည်ဆောက်စဉ်ကထဲကအလွယ်တကူတောက်လှမ်းနိုင်ပါတယ်၊အခုလောက်ဆိုနိုင်ငံကြီးများနှင့်အိမ်နီးချင်းနိုင်ငံများမှကျွန်တော်တို့ရဲ့ဥမင်တွေကိုထောက်လှမ်းမှတ်ပုံတင်ပြီးဖြစ်လောက်နေပါပြီ။ထိုဥမင်များအတွက်ငွေများလည်းများစွာကုန်ခဲ့ပါပြီ။

Subscribe to:
Posts (Atom)